တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိတဲ့ သောကကင်းစင်ငွေဝင်ငွေပွားအစီရင်

Knowledge
















Unicode

တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိတဲ့ သောကကင်းစင်ငွေဝင်ငွေပွားအစီရင်

သောက ကင်းစင်ငွေဝင် အစီရင် ယုံကြည်စွာ လုပ်ဆောင် ပါက အကျိုးထူး များသည်


သောက ကင်းစင်ငွေ ဝင်ငွေပွား အစီရင် ယုံကြည်စွာ လုပ်ဆောင်ပါက အကျိုးထူးများသည် မိတ်ဆွေများ မင်္ဂလာပါ ခင်ဗျားယခု ဆရာတင်ပေးမည့် အစီရင်လေးက

မိမိရည်မှန်း စီမံထားသည့် အလုပ်ကိစ္စများ လုပ်ချင်တိုင်း မလုပ်နိုင် ဖြစ်ချင်တာ မဖြစ်နိုင်ဖြစ်နေ တာတွေက တစ်မျိုး လုပ်ချင်နေတာတွေက တစ်မျိုး အလွဲ့လွဲ့အချော်ချော်ဖြစ်နေကြ သည့်ကာလအတောအတွင်းမှာ

စိတ်ရှုပ် စိတ်နှောက်ယှက်ဖြစ်နေခြင်းငွေကြေး ပူပင်သော ကဖြစ်နေခြင်း ဟူသမျှ ကာကွယ် ကင်းစင်စေဖို့ရန်နှင့် ငွေဝင်ငွေပွားစေ မည့် ရိုးရှင်းလွယ်ကူသော အစီရင်လေးကို ဒါနပြုပါတယ်


၇ရက်သားသမီး မည်သူမဆို လုပ်နိုင် ပါတယ် ခင်ဗျားပန်းကန်ပြားမှာ ပိုက်ဆံ ၁၁၀၀ကျပ်တင်ပါပိုက်ဆံပေါ်မှာ သံပုရာသီးစစ်စစ်၂ လုံး နှင့် ရေဖြည့်ထားသော ဖန်ခွက်တင်ထားပါ

အိမ်ဘုရားမှာ တနင်္လာနေ့ တစ်ညထားပြီးလျှင် နောက်နေ့ အင်္ဂါနေ့ နံက်( ၇ )နာရီမှ ( ၇ )နာရီခွဲအတွင်းသံပုရာသီးတစ်လုံးကို ၄စိပ်စိပ်ပြီး အိမ်ခြံ တိုက်ခန်း ထောင့် ၄ထောင့်မှာ တစ်စိပ်စီ ချထားပါ

ကျန်တစ်လုံးကို ၂စိပ်စိပ်ပြီး ဖန်ခွက်ရေထဲညှစ်ထည့်၍ အိမ်ခြံဝင်းပတ်ပတ်လည်မှာ ဖြန်းထားပေးပါပိုက်ဆံ ၁၁၀၀ ကျပ်ကို မိမိ ပိုက်ဆံအိတ်ထဲ အမြဲဆောင်ထားပေးပါ


(ဤအစီရင်ကို တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိသည်)ဤနည်းအတိုင်းလုပ်ထားလျှင် မိတ်ဆွေများ စိတ်ကြည်လင်လန်းဆန်း၍ လာဘ်ပွင့်ပြီး လိုအင်ဆန္ဒများပြည့်လာပါလိမ့်မည်

ဆရာတင်ထူးဗေဒင်နှင့်ယတြာအစီရင်

Leave a Reply

Your email address will not be published.