အောင်လအန်ဆန်းနှင့် ဗစ်တလီ ဘစ်ဒက်ရှ်တို့ရဲ့ တတိယအကျော့ မကျေပွဲမှာ ဘယ်ဖိုက်တာက အနိုင်ရနိုင်ချေရှိသလဲ
Cele News
Zawgyi
ပရိသတ်ကြီးတို့ အားလုံးဘဲ သိကြသည့် အတိုင်း ‘ONE Championship’ ဟာ 2022 ခုနှစ်အစောပိုင်းမှာကတည်းက ပြိုင်ပွဲများကို ဆက်တိုက် ကျင်းပပြုလုပ်နေတာ ဖြစ်ပါသည်။
2022 ခုနှစ် ဇန်နဝါရီလ 14 ရက်နေ့တုန်းက ‘ONE Heavy Hitters’ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သလို ၊ လာမည့် ဖေဖော်ဝါရီလ 25 ရက်နေ့မှာလဲ ‘ONE Full Circle’ ဆိုတဲ့အမည်ဖြင့် နောက်ထပ် ပြိုင်ပွဲတစ်ပွဲကို ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါသည်။‘ONE Full Circle’ ပြိုင်ပွဲမှာတော့ ကြိုးဝိုင်းပေါ်ကနေ ပျောက်ဆုံးနေတာကြာပြီဖြစ်သည့် ဗစ်တလီ ဘစ်ဒက်ရှ်နှင့် ကချင်သားကြီး အောင်လအန်ဆန်းတို့၏ တတိယအကျော့ မကျေပွဲ တွဲဆိုင်းလည်း ပါဝင်နေခဲ့တာ ဖြစ်ပါသည်။
ဗစ်တလီ ဘစ်ဒက်ရှ်သည် ‘ONE Championship’ ရဲ့ ကြိုးဝိုင်းထဲမှာ ပျောက်ဆုံးနေခဲ့တာ 2 နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး၊ ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ 3 ရက်နေ့ကမှ ပြန်လည်ထိုးသတ်ခဲ့တာ ဖြစ်ပါသည်။ဒါ‌‌ကြောင့် ဒီတစ်ကြိမ် အောင်လနှင့် ထိုးသတ်ရမည့် ပွဲစဉ်သည် ဗစ်တလီဘစ်ဒက်ရှ်အတွက် 2 နှစ် ကြာပြီးမှ ဒုတိယအကြိမ် ပြန်လည် ထိုးသတ်ရမည့် ပွဲစဉ်လည်း ဖြစ်ပါသည်။ ဗစ်ဒက်ရှ်သည် တရုတ်ဖိုက်တာ ဖန်ဝေါင်းကို အနိုင်ရရှိခဲ့ပြီးနောက် အောင်လအန်ဆန်းကို ပြန်လည်စိန်ခေါ်ခဲ့တာ ဖြစ်ပါသည်။
ဘစ်ဒက်ရှ်သည် ‌ဖန်‌ဝေါင်းကိုအနိုင်ရရှိခဲ့သည့် တိုင်အောင် သူ၏စွမ်းဆောင်ရည်များသည် ယခင်ကလောက် မကောင်းမွန်တော့တာကို သတိပြုမိပါသည်။ အောင်လ၏ နောက်ဆုံးပြိုင်ဘက်သည် လီအန်ဒရို အန်တိုင်းဒီစ့်ဖြစ်ပြီး၊ အန်တိုင်းဒီစ့်ကို အလဲထိုးနိုင်ခဲ့ခြင်းကြောင့် အောင်လ၏ စွမ်းဆောင်ရည်သည် ကောင်းမွန်သည့် အခြေအနေမှာ ရှိနေပြီဟု မှတ်ချက်ပြုရမှာ ဖြစ်ပါသည်။
ဒါ့ကြောင့် ဒီတစ်ကြိမ် တတိယအကျော့မှာတော့ စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်နေသည့် အောင်လတစ်ယောက် ဗစ်တလီ ဘစ်ဒက်ရှ်ကို အနိုင်ယူသွားနိုင်လိမ့်မည်ဟု ခန့်မှန်းသုံးသပ်မိပါတယ်။
#crd
Leave a Reply
Your email address will not be published.