ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ဆိုသူတွေ ချိတ်အဆင်နဲ့ ဒေါက်မြင့် ပုံတော် ဝတ်ရမယ်လို့ မင်းအောင်လှိုင် အမိန့်ထုတ်

News

ပြည်ထောင်စုနေ့မှာ ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ဆိုသူတွေ ချိတ်အဆင်နဲ့ ဒေါက်မြင့် ပုံတော် ဝတ်ရမယ်လို့ မင်းအောင်လှိုင် အမိန့်ထုတ်၊ ယခင်စစ်ခေါင်းဆောင်တွေရဲ့ ယတြာ ပြန်သုံးဟုဆို၊ သင်္ဂဟဟိုတယ်မှာ အကုန်ရောက်ကြပြီ

လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကျရောက်တဲ့ စိန်ရတု ပြည်ထောင်စုနေ့ တက်မယ့် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်ဆိုသူတွေကို ချိတ်အဆင်နဲ့ ဒေါက်မြင့်ပုံတော်ဖိနပ် ဝတ်ရမယ့် မင်းအောင်လှိုင်က အမိန့်ထုတ်ပါတယ်။

စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အတွက် ခေါင်းပေါင်း၊ ရင်ဖုံးတိုက်ပုံ(အဖြူ)၊ ချိတ်အဆင်ပုဆိုးနဲ့ ပုံတော် ဖိနပ်ကို မပျက်မကွက် ဝတ်ဆင်တက်ရောက်ရမှာဖြစ်ပြီး ညပိုင်း ဂုဏ်ပြု ညစာစားပွဲကိုတော့ ခေါင်းပေါင်း၊ ရင်ဖုံးတိုက်ပုံ(အနက်)၊ ချိတ်အဆင်ပုဆိုးနဲ့ ပုံတော် ဖိနပ် မပျက်မကွက် ဝတ်ဆင် တက်ရမယ်လို့ မင်းအောင်လှိုင်ကညွှန်ကြားတာလို့ ဆိုပါတယ်။

အဲဒီလို ချိတ်အဆင်နဲ့ ဒေါက်မြင့် ပုံတော်ဖိနပ်တွေကို စစ်ခေါင်းဆောင် သန်းရွှေနဲ့ သမ္မတ သိန်းစိန်လက် ထက်မှာ ဝတ်ဆင်ခိုင်းခဲ့ဖူးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖိနှိပ်တဲ့ ယတြာအဖြစ် တစ်လျှောက် ယူဆ သုံး သပ်မှုတွေ ရှိခဲ့ကြတာလည်းဖြစ်ပါတယ်။

“အခုက မအလက ဦးသန်းရွှေခေတ် ယတြာ ပြန်သုံးတာပဲ။ မအလက ဦးသန်းရွှေကို အတော်အားကျခဲ့တယ်ပုံပဲ။ ဝန်ထမ်းတွေလည်း သူတို့လိုတာလိုက်လုပ်ပေးရတာ အရူးလိုပဲဗျ။

 

ဒီနေ့ ပြည်နယ်၊တိုင်း ဝန်ကြီးချုပ်တွေ သင်္ဂဟ ဟိုတယ်မှာ ရောက်နေကြပြီ။ အခမ်းအနားတက်ဖို့ ” လို့ နေပြည်တော် ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
#crd

Leave a Reply

Your email address will not be published.