?ဒီနေ့ခေတ်မှာဆိုရင် ရွှေဆိုတာ အလှအပရေးရာအတွက် အသုံးပြုဝတ်ဆင်ရတဲ့ လက်ဝတ်ရတနာတစ်ခုတင်မဟုတ်တော့ပါဘူး…..




?စားလို့ပါရနေပါပြီ……
မှားဖတ်မိတယ်ထင်ပြီး ပြန်ဖတ်မနေပါနဲ့နော်၊ မှားဖတ်တာ မဟုတ်ပါဘူးရှင်။ တကယ်စားလို့ရနေတာပါ။




?♀️ကမ္ဘာအနှံ့အပြားမှာ ရွှေနဲ့ ပြုလုပ်တဲ့ အစားအသောက်တွေများစွာ ရှိနေပြီး၊ ဒီအစားအစာတွေအားလုံးကလည်း ကမ္ဘာ့ထိပ်တန်းဝင် စျေးအကြီးဆုံး စားစရာတွေထဲမှာ ပါဝင်နေပါတယ်။




ကမ္ဘာတစ်ဝှမ်းမှာ ဘယ်အစားအစာတွေကို ရွှေနဲ့စားသုံးနေတာလဲဆိုတော့
?ရွှေနဲ့ ပြုလုပ်ထားတဲ့ Caviar ငါးဥဆားနယ်
?ရွှေလက်ဖက်ခြောက်
?ရွှေဆူရှီ
?ရွှေမှုန်Cappuccino
?ရွှေပီဇာ
?ရွှေLollipop
?ရွှေရေခဲမုန့်
?ရွှေဆေးလိပ် စတဲ့ရွှေနဲ့ပြုလုပ်ထားတဲ့ အမျိုးမျိုးသော အစားအစာတွေပါ။




?ဒါဆိုရင် ရွှေက စားစရာမှမဟုတ်တာ၊ စားရင်ရောဂါရနိုင်လားလို့တော့ မေးစရာရှိပါတယ်။ တကယ်တော့ ရွှေတိုင်းက စားလို့မရသလို၊ စားသုံးမယ်ဆိုရင်လဲ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။




☺အစားအစာအဖြစ်စားလို့ရတဲ့ ရွှေကတော့ 23K,24K ရှိပြီး၊ သန့်စင်တဲ့ရွှေစစ်စစ်ဖြစ်တဲ့ Edible Gold လို့ခေါ်တဲ့ ရွှေအမျိုးအစားတစ်ခုတည်းသာ စားလို့ရတာပါရှင်…..
ဒီရွှေအမျိုးအစားက ဘုရားမှာ ရွှေသင်္ကန်းကပ်တဲ့ရွှေအမျိုးအစားနဲ့ အတူတူပါဘဲ။




?ရွှေကို ဘာလို့စားကြတာလဲဆိုတော့ တစ်ချို့က ရွှေကို စားသုံးရင် ၉၆ ပါး ရောဂါ ကို ကာကွယ်နိုင်ပြီး အရွယ်တင်နုပျိုစေတယ်လို့ ယုံကြည်ကြသလို၊ လူချမ်းသာအများစုကလည်း ကိုယ်ရဲ့ ကြွယ်ဝချမ်းသာမှုကို ပြသလိုတဲ့အတွက်ကြောင့် ရွှေနဲ့ ပြုလုပ်တဲ့ အစားအစာတွေကို စားကြပါတယ်။
ရွှေကိုစားသုံးမယ်ဆိုရင် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့
?အဆစ်မြစ်ရောင်ရောဂါဖြစ်ခြင်းမှကာကွယ်ပေးခြင်း
?ဦးနှောက်စွမ်းဆောင်မှုကိုတိုးမြှင့်ပေးခြင်း
?Brain Tumour ဖြစ်ခြင်းမှကာကွယ်ပေးခြင်း
?ကိုယ်ခံအားစနစ်အားကောင်းစေခြင်း
?နှလုံးကျန်းမာရေးကိုကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်ခြင်း
?အသားအရေလှပစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်ရှင်…




အမျိုးသမီးတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေ ပိုရရှိနိုင်ပါတယ်။
?ဒီနေ့အတွက် စားသုံးလို့ရတဲ့ရွှေရှိတယ်ဆိုတာရယ်၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတာတွေကို သိသွားပြီဖြစ်လို့ ကျေနပ်လောက်ပြီထင်ပါတယ်နော်။
?ကျွန်မတို့ စိမ်းရွှေဝါ Page လေးက ရွှေနဲ့ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာလေးတွေကို ဆက်လက်တင်ပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော်….




#crd