ရဟန်း(၃)ပါးရဲ့မယ်တော်ဆိုတာ အမေသိပါတယ် သား ဒါပေမယ့် ဒီအဖြစ်ပျက်ဆိုးကြီးကို ……

International News























အမေ့သားတော်ရေ?????


ခရက်ဒစ်

Unicode

ရဟနျး(၃)ပါးရဲ့ မယျတောျဆိုတာအမေ သိပါတယျ သားဒါပမေဲ့ ဒီအဖွဈပကြျဆိုးကွီးကို …

ရဟန်း(၃)ပါးရဲ့ မယ်တော်ဆိုတာ အမေ သိပါတယ် သားဒါပေမဲ့ ဒီအဖြစ်ပျက်ဆိုးကြီးကို

အမေ ဘယ်လိုမှ လက်မခံနိုင် မဖြေနိုင်ဘူး သားသမီးငယ်နဲ့ ငါ့သား ချဉ်ဆီ တူတယ် လို့


သတင်းကြားတော့ အမေဖြစ် ဝမ်းသာလိုက် တာခေတ်မှီဆေးဝါးဓာတ်စာတွေနဲ့ ကုသလို့ ပျောက်ကင်းကျမ္မာပြီး

အမေ့ဆီကို ပြုံးပြုံးကြီးနဲ့ လေယာဉ်ကြီးစီး လို့ပြန်လာတော့ မှာပဲလို့ တွေးပြီးပျော် လိုက်တာဖြစ် မပြောပါနဲ့ သား

ငါ့သားက ပြန်လာပါတယ် ဒါပေမဲ့ ငါ့သား ပြန်လာတာက အမေတို့ဆီကို ဘယ်တော့မှ ပြန်မလာခြင်းမျို့နဲ့ ပြန်လာ တာလေ


ဖြစ်နိုင်ရင် လောကကြီးကို အမေ တရားစွဲ ချင်တယ် သားဖြစ်ခဲ့ သမျှ တနေ့ပျက် ရမယ်ဆိုတာ

ငါ့သားတို့ ဟောပြဆုံးမ ထားလို့ အမေ ကောင်းကောင်းကြီး သဘောပေါက် နားလည်ခဲ့ပါတယ်

သားဒါပေမဲ့ အကြွေစောခဲ့ တယ်လို့ တွေးလိုက်တိုင်း အမေ ဘယ်လိုမှ မဖြေဆည်းနိုင်ဘူး

သားပွင့်ချပ်တဝေဝေ ဝတ်ဆံတသင်းသင်းနဲ့ လောကအလယ်မှာ လှပနေတဲ့ငါ့သားကိုမှ သေမင်းက ခူးဆွတ်လို့ အသုံးတော် ခံချင်သလားကွယ်


မတရားလိုက်တာဖြစ်နိုင်ရင် ငါ့သားနဲ့ အမေ နေရာချင် လဲလိုက်ချင်တာ

အို…မရဏသေမင်း သင့် မျက်စိတွေ မှုန်နေသလား ဝါးနေသလားပါဝါလေးတပ်ပြီးသေချာကြည့်ပါဦး

အခု သင်ခေါ်လိုက်တဲ့ သူကသာသနာရဲ့ ပိဋကပ်တိုက်ကြီး လောကကြီးရဲ့ လမင်းကြီးမိသားစုနဲ့တစ်နိုင်ငံလုံးရဲ့ သည်းဦးညှာခိုင်ကြီးဆိုတာ


သင် မသိရော့လေသလားမတတ်နိုင် သည်းဆိုင် နွှမ်းလျှပေါ့

သောကလှိုင်းဒဏ်ကို အမေခံစားရင်းလက်မှိုင်ချကာ နှုတ်ဆက်လိုက်မယ်

သွားနှင့်ပေတော့ အမေ့ သားတော်ဆုတောင်းကာ ပေးလိုက်မယ်ကွယ်

နောက်ဝယ်ဘဝ ရှိပါကဒီလိုရောဂါဝေဒနာဆိုးမျိုးနဲ့ မကြုံတွေ့ပါစေနဲ့


အမေ့သားတော်ရေ?????

ခရက်ဒစ်

Leave a Reply

Your email address will not be published.