ပရိသတ်ကြီးရေ စည်ဖြိုးကတော့ အဆိုတော် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။




မိသားစုလိုက်ကို အလှူအတန်းရက်ရောစွာလှူဒါန်းတတ်တဲ့ အကျင့်ကြောင့် ပရိသတ်တွေက စည်ဖြိုးကိုသာမက စည်ဖြိုးတို့ မိသားစုဝင်တွေကိုပါအချစ်ပိုနေခဲ့ကြရတာပဲဖြစ်ပါတယ်။
အလှူအတန်းရက်ရောလှတဲ့ စည်ဖြိုးတို့ မိသားစုကတော့ လစဉ်လတိုင်းဆွမ်းခက်ခဲနေတဲ့ကျောင်းတွေကိုဆွမ်းပုံမှန်လှူဒါန်းနေခဲ့ပြီး




အခုလို ဝါတွင်းကာလမှာလည်း ဝါဆိုရန်ခက်ခဲနေတဲ့ကျောင်းတွေအတွက် ဝါဆိုနိုင်ရန်အလှူငွေတွေမတည်လှူဒါန်းပေးခဲ့ပါတယ်။
“ဝါဆိုရန်ခက်ခဲ့နေသောကျောင်းများအတွက်ဦးထွန်းအောင်ဒေါ်သီသီဝင်း မှ မတည်အလူငွေ(၄၀)သိန်းလှူဒါန်းခြင်း။




စည်ဖြိုးရဲ့ ညီဖြစ်သူ မွေးနေရှင်သာငယ်ဖိုးပြည့်နှင့်ဇနီးမှ(၁၀)သိန်း ညီမဒေါ်ကြင်ကြင်သောင်းမှ(၁၀)သိန်း” ကိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ စည်ဖြိုးတို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ အလှူကိုပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
MyanmarCelebrity
<