>
များသောအားဖြင့် လူသားတို့သည် ကိုယ့်မှာ အားနည်းချက်ရှိလာသည့်ခါ လူကြားထဲ မတိုးဝံ့ပဲ အိမ်တွင်းပုန်းသာ လုပ်တတ်ကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Ben Treပြည်နယ်တွင် နေထိုင်သော Thi Cam Nhungအမည်ရှိသော အသက် ၁၈နှစ်




အရွယ် မိန်းကလေးသည် ငယ်စဥ်က ကစားရင်းခြေထောက်အား ထိခိုက်မိခဲ့ရာ အကြောင်းမလှစွာဖြင့် ဖြတ်ထုတ်ပစ်လိုက်ရသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။
မိန်းကလေးသည် ထိုအချိန်မှစ၍ ချိုင်းထောက်ကြီးကိုသာ အားကိုးပြီး နေထိုင်လာခဲ့ရာ မိဘနှစ်ပါးမှ သမီးလေး ခက်ခဲ




နေမည်စိုး၍ ကျောင်းမတက်ပဲ အိမ်မှာနေရန် ပြောဆိုသောအခါ ငြင်းဆိုခဲ့ပြီး ခြေထောက်တစ်ဖက်တည်းနှင့် ကျောင်းကို ရအောင်တက်ခဲ့သည်။




နောက်ဆုံး မိန်းကလေးသည် စက်မှုတက္ကသိုလ်ထိကို ရောက်ရှိခဲ့ပြီး သူငယ်ချင်းများလည်း ပေါများလာကာ သူမအား ကူညီမည့်သူလည်း များပြားကာ မသန်စွမ်းဖြစ်သော်လည်း
စိတ်အားမငယ်ပဲ ကြိုးစားရုန်းကန်ခြင်းအပြင် ချောမောလှပကာ ချစ်စရာကောင်းနေခြင်းကြောင့် ကျောင်းတွင်အတော်လေး ရေပန်းစားခဲ့သည်။




Hlaing (Love Feeling)
Zawgyi
ခြေထောက်တစ်ဖက်တည်းသာ ရှိသော်လည်း ဘဝကို အရှုံးမပေးပဲ ချိုင်းထောက်ကြီးနှင့်အတူ ကျောင်းတက်ခဲ့သော မိန်းကလေး




















Hlaing (Love Feeling)
Crd
<