Credit
UNICODE
တော်လှန်ရေးသမားတိုင်းရဲ့ နှလုံးသားပိုင်ရှင်အစစ်ကို ပြောပြလိုက်တဲ့ ပြည်သူ့အချစ်တော် မင်းသား ဒေါင်း
ပရိသတ်ကြီးရေ… မင်းသား ဒေါင်း ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပြီးတော့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အပြင် ယောက်ကျားပီသတဲ့ ရုပ်ရည်သွင်ပြင်ရှိတာကြောင့် ပျိုမေတို့ချစ်ခင်အားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ဒေါင်း ကတော့ ပရိသတ်ကြီးနဲ့အတူတူ အမှန်တရားဘက်က အမြဲတမ်းရပ်တည်နေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။
သူဟာပြည်သူတွေနဲ့ဘက်နဲ့ရပ်တည်ခဲ့တာကြောင့် လက်ရှိမှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရပါတယ်။ မင်းသား ဒေါင်း ဟာ တော်လှန်ရေးသမားတိုင်းရဲ့ နှလုံးသားပိုင်ရှင်အစစ်တွေကို ပြောပြလိုက်ပါတယ်။ မင်းသား ဒေါင်းဟာ တော်လှန်ရေးသမားတွေရဲ့ နှလုံးသားပိုင်ရှင်အစစ်တွေကတော့ ပြည်သူတွေပါပဲလို့ ပြတ်ပြတ်သားသားပြောလိုက်ပါတယ်။ လက်တလောမှာတော့ အနုပညာလောကထဲက အဆိုတော်တစ်ဦးဖြစ်ခဲ့တဲ့ ဇေယျာသော် ထိန်းသိမ်းခံရတာကြောင့် အနုပညာရှင်တွေအားလုံးဟာ စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ” မင်းတို့ဖာသာ ဒူးထောက်ခိုင်းခိုင်း လက်မြောက်ခိုင်းခိုင်း တော်လှန်ရေးသမားတိုင်းရဲ့ နှလုံးသားဟာ ပြည်သူ့နှလုံးသားပဲ ” လို့ မင်းသားချော ဒေါင်း ဟာသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ဇေယျာသော် ရဲ့ဓာတ်ပုံလေးနဲ့အတူ စာသားအချို့ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
ပြည်သူ့အချစ်တော် မင်းသား ဒေါင်း ပြောတဲ့ အမှန်တရားဘက်တော်သားတွေရဲ့ နှလုံးသားပိုင်ရှင်အစစ်ကို ပရိသတ်ကြီးလဲသိလောက်ပြီထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။
Credit