အရေးတော်ပုံ မအောင်မချင်း အိမ်မပြန်ဘူးလို့ ဆိုလာတဲ့ ပိုင်ဖြိုးသု

Cele News

Unicode

ပရိသတ်ကြီးရေ မြန်မာ့အနုပညာလောကတွင် အောင်မြင်ကျော်ကြားပြီးတော့ ‌ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုင်ဖြိုးသု ကို အားလုံးပဲသိကြမယ်ထင်ပါတယ်။

သူမဟာဆိုရင်တော့ ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် ” သရဲမ၊ဘီလူးမ နှင့် မိန်းမပျို ” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလဲ ဖြစ်ပါတယ်။

သူမဟာ အပြုံးချိုချိုလေးနဲ့ ဆွဲဆောင်မှုရှိပြီး ပရိတ်သတ်များရဲ့ ချစ်ခင်အားပေးမှု ကို အခိုင်အမာရရှိထားသော မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ “၃၂ နှစ်ပြည့်သွားပြီ…..မြန်မာအယူနဲ့ဆိုရင် “၃၃”ထဲ‌ဝင်သွားပြီပေါ့….

အပူးဂဏန်းတွေမှာ ကံအရမ်းဆိုးတတ်တယ် ဆိုတဲ့အစွဲလမ်းတစ်ခုသုသုမှာရှိတယ်….သုသု၂၁နှစ်ပြည့်ပြီး၂၂နှစ်ထဲမှာ သုသုအစ်မကြီးဆုံးသွားတဲ့အချိန်ကစလို့ပေါ့….အခု၃၃နှစ်ထဲမှာ ဘာတွေဆက်ဖြစ်ဦးမလဲတော့မသိဘူး

ဘာတွေဘယ်လိုဖြစ်ဖြစ် “ဝရမ်းပြေး” တံဆိပ်ကပ်ခံထားရတဲ့အချိန်မှာတောင် ချစ်ပေးခင်ပေးကြတဲ့သူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်…သေချာတာကတော့ အရေးတော်ပုံမအောင်မချင်းသုသုအိမ်ပြန်ဖြစ်တော့မှာမဟုတ်ဘူး…

ကိုယ့်မိသားစု ကိုယ်မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်းတွေ့ခွင့်ရတော့မှာမဟုတ်ဘူး….အားလုံးကိုသတိရပါတယ်…. အိမ်လွမ်းပြီး အိမ်ပြန်ချင်တဲ့စိတ်နဲ့ပဲ မွေးနေ့ကိုဖြတ်သန်းရတာနှစ်နှစ်ရှိသွားပြီ….တစ်ချိန်ချိန်တော့ ကိုယ့်အိမ် ကိုယ့်မိသားစု ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေနဲ့

မွေးနေ့ကိုဖြတ်သန်းခွင့်ပြန်ရချင်ပါတယ်…..”လို့ ရေးသားထားပါတယ်။ ပရိသတ်ကြီးရေ ပိုင်ဖြိုးသု ဟာ အရေးတော်ပုံမအောင်မချင်း အိမ်ပြန်ဖြစ်တော့မှာမဟုတ်ဘူးလို့ မွေးနေ့မှာကတိပြုလိုက်ပါတယ်။ သက်ရှည်ကျန်းမာပြီး ဘေးကင်းပါစေ သုသုရေ

Zawgyi








Leave a Reply

Your email address will not be published.