အစာစားချင်စိတ်ကိုပါ ထိန်းချုပ်ပြီး အဓမ္မကို တော်လှန်နေတဲ့ မင်းသား ဟိန်းထက်
Cele News
ကိုရင်မောင်ရယ်လို့ ဂျီဟောသူရုပ်သံဇာတ်လမ်းတွဲမှာလည်း မိန်းကလေးပရိတ်သတ်တွေ အင်မတန်နှစ်သက်အားပေးခဲ့ကြတဲ့ မင်းသားချောတစ်လက်ဆိုရင်လည်း မမှားပါဘူး။
လက်ရှိအချိန်မှာတေ့ာ မင်းသားချော ဟိန်းထက် ဟာမိသားစုကိုတောင် အသိမပေးပဲ လွတ်မြောက်နယ်မြေမှာ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ မင်းသား ဟိန်းထက် ဟာ ပရိသတ်တွေနဲ့အတူ
ပြုလုပ်နေတဲ့ အရာလေးတစ်ခုရှိပါတယ်။ မင်းသား ဟိန်းထက် ဟာ စားသောက်ချင်တဲ့စိတ် လောဘကိုထိန်းချုပ်သည်းခံပြီး အဓမ္မကိုတွန်းလှန်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် အစားမစား ရေမသောက်ဘဲ
စားချင်စိတ်ကို ထိန်းနေတာ ၁၇ ရက်တိတိရှိခဲ့ပါပြီ။ “အကျွန်ုပ်သည် ​​​နေ့လည် ၁၂နာရီမှ ည ၇နာရီထိ အစာမစား ရေမသောက်ပဲ စားသောက်ချင်စိတ်လောဘ ကို ၇နာရီတိတိ ထိန်းချုပ်သည်းခံ၍ သတိနဲ့နေခဲ့ပါတယ်။
ဒါန၊သီလ၊ဘာဝနာ ၃မျိုးလုံးကျင့်ကြံအားထုတ်ခဲ့ပါသည်။ ဤမှန်ကန်သောသစ္စာစကားကြောင့် ဓမ္မမြတ်နိုးသူတွေ အောင်မြင်ပါစေ။ အဓမ္မမြတ်နိုးသူတွေ ဓမ္မမြတ်နိုးပါစေ။ သတ္တဝါအားလုံးအေးချမ်းပါစေ။
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။ကပ်​ဘေးအ​ပေါင်းမှကင်း​​ဝေးကြပါ​စေ” လို့ ဟိန်းထက် ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ဓမ္မတရားနိုင်စေဖို့အတွက် ပြုလုပ်နေတဲ့ မင်းသား ဟိန်းထက် ရဲ့
စိတ်ဓာတ်ဟာ အရမ်းကိုလေးစားစရာ ကောင်းပါတယ်နော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Zawgyi
<
Leave a Reply
Your email address will not be published.