အကြောင်းကြားထားခြင်းမရှိပဲ စာသင်ကျောင်းတစ်ကျောင်းသို့ စစ်ဆေးရေးဆရာ ဆရာမများ ရောက်ရှိလာကြသည်။ စာသင်ခန်းသို့ဝင်ဝင်ချင်း စစ်ဆေးရေးဆရာမဖြစ်သူမှ ရှေ့ဆုံးတန်းမှကောင်လေးကို စတင် မေးလိုက်သည်။




“ကနောင်မင်းသားကို ဘယ်သူ လုပ်ကြံတာလဲ ” ကျောင်းသားဖြစ်သူက… ” ကျနော် မလုပ်ကြံပါဘူးဆရာမ” ဆရာမဒေါသထွက်သွားသည် ။ “ကနောင်မင်းသားကို ဘယ်သူ လုပ်ကြံတာလဲ ” ဟု… ခပ်ကျယ်ကျယ်လေး တစ်တန်းလုံးကို အော်မေးလိုက်သည်။




တစ်တန်းလုံးက ကလေးများက တညီတညာထဲပင်… ” ကျနော်တို့ မလုပ်ကြံပါဘူး ” ဆရာမ တဲ့… နောက်က ကျောင်းအုပ်ဆရာကြီးမှာ မျက်စိ မျက်နှာပျက်နှင့် ဝင်ပြောလိုက်သည် ။ ” ဟုတ်ပါတယ်ဆရာမရယ် ဒီကလေးက ရိုးသားပါတယ် သူ မလုပ်ကြံလောက်ပါဘူး”
စစ်ဆေးရေး ဆရာမမှာ ကျောင်းအုပ်ကြီး အပြောကြောင့် ပိုဒေါသထွက်သွားကာ ချက်ချင်းပင် အခန်းထဲမှာလှည့်ထွက်၍ တိုင်စာရေးပြီး မြို့နယ်ပညာရေးမှူးထံသို့ ပို့လိုက်လေသည်။




သုံးရက်လောက်ကြာသောအခါ … ပညာရေးမှူးထံမှ စာကျလာသည်မှာ ကနောင်မင်းသား ဆုံးသွားသည်မှာ ကြာပြီဖြစ်သဖြင့် မစုံစမ်းပါနှင့်…တဲ့…
ဆရာမ တောက်ခေါက်ကာ ဘယ်လိုပညာရေးမှူးလဲ ဆိုကာ မကျေနပ်၍ ပညာရေးဝန်ကြီးထံ တိုင်စာထပ်ပို့လေသည်။ လေးရက်လောက်ကြာသော်… ဆရာမကို ရာထူးက ရပ်နားသောစာရောက်လာသည်။ ဆရာမမှာ အူကြောင်ကြောင်ဖြစ်ပြီး ပညာရေးမှူးကို အကျိုးအကြောင်း လှမ်းမေးလိုက်သည်။
ပညာရေးမှူးက … “အထက်က စာရောက်လာတယ် ဆရာမ ဆရာမက… ဆရာမအလုပ်… ဆရာမ မလုပ်ဘဲ ထောက်လှမ်းရေးလုပ်နေလို့ရာထူးကရပ်ဆိုင်းတာပါ ” (အောင်လွင်အောင် ဂီတ စာပေ)
Unicode
<