မြန်မာပြည်သူကြီးပဲ မဟုတ်ပါဘူး။ ထိုင်းလဲ​ပြေး​နေရပုန်းနေရ တယ်

News


ထိုင်းလည်းပြေးနေရ မနေ့က အခွင့်စောင့်နေတဲ့ ထိုင်းပါတီက မအလနဲ့ ပရာယွတ်ပေါင်းပီး မြန်မာပြည်သူတွေကို တိုက်နေတာလား မေးခွန်းထုတ်လိုက်တယ်

ဆိုတဲ့သဘောက မအလကျွံ့ကျလာတဲ့ သူ့နယ်မြေ စစ်ရေးကို ပရာယွတ် ထိုင်ကြည့်နေမယ် လွှတ်ပထားမယ်ဆို ထ်ုင်းပြည်သူနဲ့ တွေ့တော့မယ်

သေချာတာက ပရာယွတ် ထိုင်ခုံက လှုပ်လာတော့မယ်ဆိုတာပါပဲ ဒီကြားထဲ US ပြောဆိုထားရဲ့နဲ့ တျုတ်ဘက်ပါ မအလကို ကူညီရင် ဒုတိယ နွေဦးတော်လှန်ရေးဟာ ထ်ုင်းပဲဖြစ်လာလိမ့်မယ် ယုံ ‼️

ထိုင်းပြည်သူတွေ ပြေး ပုန်းနေရ ကျော်မလာနဲ့​နော်
.
၇ ရက်​နေ့​မြောက်ပါ၊ ​ပြေး​နေရဆဲဖြစ်ပါတယ်။ မြန်မာပြည်သူကြီးပဲ မဟုတ်ပါဘူး။ ထိုင်းလဲ​ပြေး​နေရပါတယ်။
.
​တောင်းပန်စာပို့ပြီးပြီ ပြဿနာမဟုတ်ဘူး ​​ပြောနိုင်ဦးမလား

 

ထိုင်းလည်းပြေးနေရ မနေ့က အခွင့်စောင့်နေတဲ့ ထိုင်းပါတီက မအလနဲ့ ပရာယွတ်ပေါင်းပီး မြန်မာပြည်သူတွေကို တိုက်နေတာလား မေးခွန်းထုတ်လိုက်တယ်

ဆိုတဲ့သဘောက မအလကျွံ့ကျလာတဲ့ သူ့နယ်မြေ စစ်ရေးကို ပရာယွတ် ထိုင်ကြည့်နေမယ် လွှတ်ပထားမယ်ဆို ထ်ုင်းပြည်သူနဲ့ တွေ့တော့မယ်

သေချာတာက ပရာယွတ် ထိုင်ခုံက လှုပ်လာတော့မယ်ဆိုတာပါပဲ ဒီကြားထဲ US ပြောဆိုထားရဲ့နဲ့ တျုတ်ဘက်ပါ မအလကို ကူညီရင် ဒုတိယ နွေဦးတော်လှန်ရေးဟာ ထ်ုင်းပဲဖြစ်လာလိမ့်မယ် ယုံ ‼️

ထိုင်းပြည်သူတွေ ပြေး ပုန်းနေရ ကျော်မလာနဲ့​နော်၇ ရက်​နေ့​မြောက်ပါ၊ ​ပြေး​နေရဆဲဖြစ်ပါတယ်။ မြန်မာပြည်သူကြီးပဲ မဟုတ်ပါဘူး။ ထိုင်းလဲ​ပြေး​နေရပါတယ်။
.
​တောင်းပန်စာပို့ပြီးပြီ ပြဿနာမဟုတ်ဘူး ​​ပြောနိုင်ဦးမလား

ကိုချစ် ဇွဲကပင်​မြေ #July022022
Copy crd

“မြန်မာနိုင်ငံနဲ့ ဆွေးနွေးတဲ့အခါမှာ သူတို့ဘက်က ကျူးလွန်ကြောင်း ဝန်ခံပါတယ်။ သူတို့ဘက်က တောင်းပန်တယ်။ ပြဿနာတက်ဖို့ မရည်ရွယ်ကြောင်း ပြောပါတယ်။ တိုက်လေယာဉ်က စက်ဝိုင်းကို လှည့်ရတာမို့ ထိုင်းဘက်ကို နည်းနည်း ဝင်မိတယ်။ ဒါက ပြဿနာကြီးကြီးမား မဟုတ်ပါဘူး” ဟု ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ပြောဆိုကြောင်း သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်၏ ပြောဆိုချက်သည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လေပိုင်နက်ကို မကာကွယ်နိုင်သော လုပ်ရပ်၊ ဦးနှောက်မရှိသော လုပ်ရပ် ၊ မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ထိုင်းပြည်သူတစ်ဦး၏ ကားနှင့် ကြောက်လန့်နေရသော ထိုင်း ပြည်သူများနှင့် ကလေးငယ်များအတွက် အားနည်း တာဝန်မယူသော လုပ်ရပ်အဖြစ် ထိုင်းပြည်သူများက ၀ိုင်းဝန်း လှောင်ပြောင်မှုများ လူမှုကွန်ရက်တွင် ပြောဆိုနေကြသည်။

ထိုင်းပြည်သူများက “ငှက်ပျောသီးခေါင်းနဲ့ လူ” ၊ “ကျွဲ ဦးနှောက်” ဟု ထိုင်းဝန်ကြီး ချုပ်ကို လှောင် ပြောင်ပြီး အခြားထိုင်းပြည်သူများကလည်း အချုပ် အခြာအာဏာကို ကာကွယ်ရန် အားနည်းမှုအဖြစ် ဝေဖန်မှုများ လူမှုကွန်ရက်တွင် တရှိန်ထိုးမြင့်တက် လာလျက်ရှိနေသည်။

ထိုင်းပိုင်နက်ကို ကျူးကျော်မှုအပေါ် ပြဿနာမဟုတ်ဟု ထိုင်းဝန်ကြီးချုပ်၏ ပြောဆိုချက်ကို ထိုင်းပြည်သူအများစုက နားမလည်နိုင်အောင် ဖြစ်ရကြောင်း လူမှုကွန်ရက်တွင် မှတ်ချက်များ ရေးသားနေကြသည်။

ထိုင်းဝန်ကြီးချုပ်၏ မှတ်ချက် သတင်းဖော်ပြသော သတင်းဌာနများ၏ သတင်းများအောက်တွင် ထိုင်းပြည်သူများက ဟဟများ ပေးခြင်း စိတ်ဆိုးသည့် အမူ အရာများဖော်ပြခြင်း၊ လှောင်ပြောင်သော မှတ်ချက်များ ရေးသားခြင်းများ လုပ်ဆောင်နေကြကြောင်း သိရှိရသည်။

ထိုင်းသတင်းဌာနဖြစ်သော Thairath သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ထိုင်းဝန်ကြီးချုပ်၏ ပြောဆိုချက်သတင်းကို ဖော်ပြပြီး နာရီဝက်အတွင်း ထိုင်းပြည်သူ ၂၅၀၀ ကျော်က ထိုင်းဝန်ကြီးချုပ်ကို မေးခွန်းထုတ်သော မှတ် ချက်များ ရေးသားဝေဖန်မှုများ ပြင်းထန်လျက်ရှိနေသည်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ်သည် ထိုင်းစစ်တပ်၏ ဗိုလ်ချုပ်ကြီးဘ၀ဖြင့် ထိုင်းနိုင်ငံတွင် အာဏာသိမ်းယူခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ဝန်ကြီးချုပ်ဖြစ်ပြီး ထိုင်စစ်တပ် စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေဖြင့် ရွေးကောက်ပွဲကျင်းပကာ ဝန်ကြီးချုပ် အဖြစ် ဆက်လက် အုပ်ချုပ်နေသူလည်းဖြစ်သည်။

Leave a Reply

Your email address will not be published.