အကြမ်းဖက်စစ်သား ၁၅ ဦး‌ေ.သဆုံးသော မြင်းမူမြို့ မဟာမိတ်တပ်ပေါင်းစုမှ စစ်တပ်၏ ၁၂ ဘီးကား မိုင်းခွဲခံရမှု (ရုပ်/သံ)

News


အကြမ်းဖက်စစ်သား ၁၅ ဦး‌ေ.သဆုံးသော မြင်းမူမြို့နယ်၊မဟာမိတ်တပ်ပေါင်းစုမှ စစ်တပ်၏ ၁၂ ဘီးကား မိုင်းခွဲခံရမှု (ရုပ်/သံ)

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တော နှင့် ဘိုးမင်းကြီးအကြားတွင် စစ်သား ၅၀ခန့် လိုက်ပါလာသော ၁၂ ဘီးကားကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်မှ စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကားကို မြင်းမူမြို့ပြ- တော်လှန်ရေးအဖွဲ့-CRF၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM၊ CDSOM ၏ တူမီးဖိုက်တာအဖွဲ့၊CDSOM ၏ မြောက်ပိုင်း ၀၀၇ အဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း၁ တပ်ခွဲ ၂မှ တပ်ခွဲ၃-MUA၊Black Eagle မြင်းမူ လင်းယုန်နက်အဖွဲ့၊CRA ချောင်းဦး တော်လှန်ရေးတပ်နှင့် MPTF မုံရွာ ကာကွယ်ရေး အဖွဲ့တို့က တစ်ဖက်ပွင့်မိုင်း ၂ လုံး၊ ရှော့ဂန်းသုံးချက်ဖြင့် ပစ်ခတ်ခဲ့ပြီး မိုင်း ၁၀ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် နောက်မှဘလိုက်ပါလာသည့် စစ်ကားများသည် သေဆုံး စစ်သား အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို ကားပေါ်သို့ ပစ်တင်ပြီး မြင်းမူဘက်သို့ မောင်းနှင်းသွားကာ ကာကွယ်ရေး ရဲဘော်များက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


ရန်ကုန်၊ ဇူလိုင် ၁




အကြမ်းဖက်စစ်သား ၁၅ ဦး‌ေ.သဆုံးသော မြင်းမူမှ စစ်တပ်၏ ၁၂ ဘီးကား မိုင်းခွဲခံရမှု (ရုပ်/သံ)

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တော နှင့် ဘိုးမင်းကြီးအကြားတွင် စစ်သား ၅ဝခန့် လိုက်ပါလာသော ၁၂ ဘီးကားကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်မှ စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကားကို မြင်းမူမြို့ပြ- တော်လှန်ရေးအဖွဲ့-CRF၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM၊ CDSOM ၏ တူမီးဖိုက်တာအဖွဲ့၊CDSOM ၏ မြောက်ပိုင်း ၀၀၇ အဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း၁ တပ်ခွဲ ၂မှ တပ်ခွဲ၃-MUA၊Black Eagle မြင်းမူ လင်းယုန်နက်အဖွဲ့၊CRA ချောင်းဦး တော်လှန်ရေးတပ်နှင့် MPTF မုံရွာ ကာကွယ်ရေး အဖွဲ့တို့က တစ်ဖက်ပွင့်မိုင်း ၂ လုံး၊ ရှော့ဂန်းသုံးချက်ဖြင့် ပစ်ခတ်ခဲ့ပြီး မိုင်း ၁၀ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် နောက်မှဘလိုက်ပါလာသည့် စစ်ကားများသည် သေဆုံး စစ်သား အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို ကားပေါ်သို့ ပစ်တင်ပြီး မြင်းမူဘက်သို့ မောင်းနှင်းသွားကာ ကာကွယ်ရေး ရဲဘော်များက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.