စကားပြောနေရင်းရုတ်တရက်အားပြတ်သွားလို့မျက်နှာလက်နဲ့အုပ်ပြီးစားပွဲပေါ်မှောက်သွားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံလွှာ ပန်းချီကား.see more..

News


<

စကားပြောနေရင်းရုတ်တရက်အားပြတ်သွားလို့မျက်နှာလက်နဲ့အုပ်ပြီးစားပွဲပေါ်မှောက်သွားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံလွှာ ပန်းချီကား.see more..



စကားပြောနေရင်းရုတ်တရက်အားပြတ်သွားလို့
မျက်နှာလက်နဲ့အုပ်ပြီးစားပွဲပေါ်မှောက်သွားတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံလွှာ ပန်းချီကားတချပ်အလွန်ထင်ရှား


အတွင်းရေးမှူးဒေါက်တာတင်မာအောင် ရင်ခွင်ထဲမှာမှေးပြီး
တစ်ရှုးစက္ကုစနဲ့ပါးစပ်ကို သုတ်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဓါတ်ပုံကမ္ဘာကျော်ခဲ့ပါတယ်၊



ဒီဓါတ်ပုံကို တရုတ်ပန်းချီဆရာ
တယောက်က ပန်းချီပြန်ဆွဲခဲ့ပြီး ဦးဆွေးဆံမြှေ့ လို့
ပန်းချီကားနာမည်ပေးခဲ့ပါတယ်၊


အနားမရပဲခရီးဆက်တိုက်ထွက်နေရလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကို စိတ်ပူမိတယ်ဒေါက်တာပြုံးမိုအိကပြောတယ်၊
(ဒေါက်တာပြုံးမိုးအိကဒေါ်အောင်ဆန်း စုကြည်ရဲ့ပုဂ္ဂိုလ်ရေး
ဆရာဝန်ဒေါက်တာ တင်မျိုးဝင်းရဲ့ဇနီးပါ)


၂၀၁၂ ဒေါ်အောင်ဆန်းစုကြည်နိုဘဲလ်ဆုရွေးချယ်ခံရခြင်းနဲ့
ပတ်သက်ပြီးသွားခဲ့တဲ့ ဥရောပခရီးစဉ်မှာအော့အန်အားပြတ်ခွေလဲ
ခဲ့တာပါ၊


၂၀၁၂ခုနှစ်ကအသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်
ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့သတင်းစာရှင်းလင်းပွဲတခုတက်
ရောက်နေတုံးအားပြတ်ပြီးပျို့အန်ခဲ့ပါတယ်၊


ဆွစ်ဇာလန်ခရီးစဉ်မတိုင်မှီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ
မြန်မာနိုင်ငံအထက်အောက်အစုန်အဆန်မဲဆွယ်ခရီးစဉ်တွေကြောင့်ဒေါ်အောင်ဆန်းစုကြည်အားပြတ်ပြီး ပျော့ခွေခဲ့ပါသေးတယ်၊
အသေးစားဖျားနာမှု ဖြစ်ခဲ့ပါတယ်၊


ဒေါ်အောင်ဆန်းစုကြည်ဟာမြိတ်ကျွန်းစု မဲဆွယ်ခရီးစဉ်အတွင်း
အားပြတ်ပြီးအော့အန်ခဲ့ပါသေးတယ်၊ဒါပေမယ့်အကြောဆေးသွင်း
ပြီးမဲဆွယ် ခရီးစဉ်ကိုဒေါ်အောင်ဆန်းစုကြည်က အစီအစဉ်အတိုင်း
ဆောင်ရွက်နိုင်ခဲ့ပါတယ်၊


ဒေါ်အောင်ဆန်းစုကြည်မှာကျမ်းမာရေး ပြဿနာထူးထူးခြားခြားမရှိပါဘူး..ဒါပေမယ့်သူက ၁၀၆ ပေါင်ပဲရှိလို့သွေးအား
နည်းတတ်ပြီးတခါတလေအားပျော့နူံးခွေ သလိုဖြစ်တတ်ပါတယ်

လုံလောက်တဲ့အနားယူမှုမရှိပဲသူ့အသက် သူ့အရွယ်နဲ့ဒီလောက်များ ပြားတဲ့ပြည်တွင်း ပြည်ပခရီးစဉ်တွေနဲ့ ကမ္ဘာ့အချိန်ခြားနားမှုတွေ
ကြောင့်အားပြတ်သလိုဖြစ်ရတာပါ အရမ်းစိတ်ပူစရာကောင်းပါတယ် လို့ ဒေါက်တာပြုံးမိုးအိကပြောခဲ့ပါတယ်၊

၂၀၁၂ ဥရောပခရီးစဉ်မှာဒေါ်အောင်ဆန်းစုကြည်ဟာနော်ဝေ၊
အိုင်ယာလန်၊ အင်္ဂလန်နဲ့ပြင်သစ်ဆက်တိုက်သွားခဲ့ရပါတယ်၊


ပထမနေ့မှာဆွစ်ဇာလန်နိုင်ငံအခမ်းအနားမှာ စကားပြောရတာ
ဧည့်ခံပွဲတွေသတင်းစာ ရှင်းလင်းပွဲတွေဆက်တိုက်တက်ခဲ့ရပါတယ်၊

သတင်းစာရှင်းလင်းပွဲမှာဒေါ်အောင်ဆန်း စုကြည့်ပုံဟာနွမ်းလျှပြီးအားပြတ်သလိုဖြစ်နေ ခဲ့ပါတယ်၊သူဟာစကားပြောနေတုံး
အော့အန်ချင်သလိုဖြစ်လာလို့ပါးစပ်ကို လက်နဲ့ဖိပြီးဘေးလူ
အကူအညီရှာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကိုတီဗွီမှာ
မြင်နေရပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်ဟာသူ့အနားမှာရှိတဲ့ကိုယ်ရေးအတွင်းရေမှူးဒေါက်တာတင်မာအောင် ကိုယ်ပေါ်မှေးချလိုက်ပြီးတစ်ရှုးနဲ့
ပါးစပ်ကိုသုတ်လိုက်ပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်ဟာ နည်းနည်းအဖျားဝင်နေလို့သတင်းစာ
ရှင်းလင်းပွဲကနေဟိုတယ်ကိုကျမ်းမာရေး အစောင့်အရှောက်နဲ
့ပြန်သွားရပါတယ်၊

အဲ့ဒီနေ့ညနေပိုင်းစီစဉ်ထားတဲ့ထမင်းစားပွဲ ဖျက်သိမ်းလိုက်ပေမယ့်
နောက်တနေ့မှာ ဆွစ်ဇာလန်ပါလီမန်ကိုအစီအစဉ်အတိုင်း
ဒေါ်အောင်ဆန်းစုကြည်အလည်အပတ် သွားခဲ့ပါသေးတယ်၊

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချူပ်က
လွတ်ပြီး တတိုင်းပြည်လုံးကပြည်သူလူထုနဲ့ထိတွေ့နိုင်ဖို့
လေယာဉ်၊ကား၊မော်တော်ဘုတ်ရရာစီးပြီး
ခရီးစဉ်မိုင်ပေါင်ထောင်ချီသွားရောက်ခဲ့ပါတယ်၊

ဒီနေ့အထိလည်းပြည်တွင်းပြည်ပခရီးစဉ်တွေကို
အသက်အရွယ်နဲ့မလိုက်အောင်လုံလောက်တဲ့
နားချိန်မရှိပဲဆက်တိုက်သွားလာနေပါတယ်၊

အမိမြန်မာနိုင်ငံအကျိုးအတွက်
ဦးဆွေးဆံမြေ့ အမှုတော်ထမ်းရွက်နေတဲ့
ဒေါ်အောင်ဆန်းစုကြည်ကိုမြန်မာပြည်သူ
တရပ်လုံးအရင်ထက်ပိုပြီးတန်ဘိုးထား
ချစ်ခင်ကြမယ်မျော်လင့်ပါတယ်။
Credit #HanZinAung??????
#ဉာဏ်လှိုင်
#Credit

Leave a Reply

Your email address will not be published.