><
ဥကရစ်ထတိုက်ပွဲအတွက် NUG PAY စမ်းသပ်အသုံးပြုမှု (၁၂) နာရီအတွင်း (၈) သိန်းကျော်ရ
ဝေါလေ၊ ဇူလိုင် (၁)
လူငယ့်ခေတ်
NUG PAY ကို စမ်းသပ်သည့်အနေဖြင့် ဥကရစ်ထအောင်ပွဲအတွက် ထောက်ပံ့ငွေလက်ခံခဲ့ရာ (၁၂) နာရီအတွင်း ငွေကျပ် (၈) သိန်းကျော် (DMMK – ၈ သိန်း)လက်ခံရရှိခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦမင်းဇေယျာဦးက ထုတ်ပြန်ကြေညာလိုက်သည်။
ဒုတိယဝန်ကြီး ဦမင်းဇေယျာဦးသည် NUG PAY မှတစ်ဆင့် ထောက်ပံ့ငွေပေးအပ်နိုင်ရန် လူမှုကွန်ရက်စာမျက်နှာ၌ QR ကုဒ်တစ်ခုကို ဇွန်လ (၃၀) ရက် ညပိုင်းက တင်ဆက်ပေးခဲ့သည်။
စစ်ကောင်စီ၏ ဥကရစ်ထမဆုတ်တမ်းအခြေကုတ်စစ်စခန်းကို သိမ်းပိုက်ရန်တိုက်ခိုက်နေသည့် တော်လှန်ရေးသမားများအတွက် NUG PAY မှ တစ်ဆင့် ထောက်ပံ့ငွေ စမ်းသပ်လက်ခံခြင်းကို အချိန် (၄၈) နာရီ သတ်မှတ်ထားသည်ဟု ဦးမင်းဇေယျာဦးက ပြောသည်။
NUG PAY ကွန်ရက်သည် လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် အေးဂျင့် (၄) ဦး ၊ စင်ကာပူနိုင်ငံတွင် အေးဂျင့် (၁၂) ဦးနှင့် ထိုင်းနိုင်ငံတွင် အေးဂျင့် (၅) ဦးကို ကနဦးအဆင့်အနေဖြင့် ခန့်အပ်ထားပြီး အဆိုပါအေးဂျင့်တိုင်းသည် လက်ရှိအချိန်၌ Wallet အကောင့် (၁၀) ခုကိုသာ ထပ်ဖွင့်လှစ်ပေးပိုင်ခွင့်ရှိသည်။
NUG PAY ၏ သက်မှတ်ချက်အရ DMMK (ဒီဂျစ်တယ်ငွေကြေး) တစ်ယူနစ်ကို မြန်မာငွေ တစ်ကျပ်တ်မှတ်ထားပြီး စမ်းသပ်ကာလ၌ တစ်ဒေါ်လာငွေလဲနှုန်းကို (၂၀၄၀) ကျပ်အဖြစ် သတ်မှတ်ထားသည်။
ဥကရစ်ထစခန်းကို သိမ်းပိုက်နိုင်ရန် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးသမားများအတွက် ထောက်ပံ့ကြေးရှာဖွေပေးရာတွင် Click 2 Donate ကွန်ရက်ကလည်း သိန်း (၆၀၀) ရှာဖွေပေးမည်ဟု ထုတ်ပြန်ထားသည်။