ဗီလိန်ဇာတ်ရုပ်တွေကို သရုပ်ဆောင်ရတာ ပျော်နေဆဲပဲဆိုတဲ့ သရုပ်ဆောင် စိုင်းအောင်တင့်

Cele News

UNICODE VERSION

ပရိသတ်ကြီးရေ ၁၉၆၉ ခုနှစ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ ကို မှတ်မိကြသေးလား။ မပြီး အမျိုးသမီးကြီး များကတော့ အမြင်ကတ်ကြပါတယ်။ ယောကျာ်းလေးများ အချင်းချင်းတောင် သူနဲ့ခိုင်းနှိုင်း စနောက်ကြပါက ခါးခါးသီးသီး စိတ်ဆိုးတတ်ကြပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ အဆီတဝင်းဝင်း မျက်နှာထားနဲ့ ဗီလိန်အိုက်တင်၊မုဒိန်းကောင်အိုက်တင်တွေကိုအများဆုံးသရုပ်ဆောင်ရတာကြောင့်ပဲ ဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်ကြီး ဦးစိုင်းအောင့်တင့် ဟာ ပရိသတ်တွေက နှာဘူးကြီး၊ကြာကူလီကြီးလို့ ခေါ်နေကြပေမယ့် ဗီလိန်သရုပ်ဆောင်အဖြစ် သရုပ်ဆောင်ရတာ ပျော်နေဆဲပါပဲတဲ့။

ဦးစိုင်းကို မိန်းကလေးပရိသတ်တွေက နာမည်အရင်းတောင်မသိတော့ပဲ “နှာဘူးကြီး” “ကြာကူလီ” လို့ပဲ ခေါ်ကြတော့တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောပြထားပါတယ်။ အချို့နယ်က မိန်းကလေးပရိသတ်တွေဆို အနားတောင်မကပ်ရဲကြဖူးလို့ ဆိုပါတယ်။ ပရိသတ်တွေကမြင်တာနဲ့ ရွှံမုန်းတဲ့ မျက်လုံးတွေနဲ့ အကြည့်ခံရတာကြောင့် ရင်ထဲမှာ ခံစားရဖူးပေမယ့် သရုပ်ဆောင်ချက် ပီပြင်တဲ့အတွက် ဒီလိုအထင်ခံရတာ ကျေနပ်ပါတယ်လို့ ဆိုပါတယ်။ ဦးစိုင်းအောင်တင့် ဟာ ဒီလိုဇာတ်ရုပ်တွေကို သရုပ်ဆောင်ရတဲ့အတွက် သားသမီးတွေအပေါ်မှာလဲ “မင်းအဖေက ကြာကူလီကြီးပါကွာ” လို့အပြောခံရဖူးတဲ့အထိ သက်ရောက်မူ့ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဦးစိုင်းအောင်တင့် ဟာ အနုပညာအလုပ်တွေကို နားထားတာ ၂ နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ အားကိုးရတဲ့ သားသုံးယောက်ရှိပြီး ဒီသားတွေကပဲ အလုပ်မရှိတဲ့အချိန်မှာ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးနေပါတယ်။ သားတွေက အနုပညာအလုပ်ကို အသက်ကြီးလာလို့ နားခိုင်းပေမယ့် အနုပညာကို လုပ်နေရရင်ပျော်နေတတ်သူဖြစ်ပြီး ဇာတ်ပို့ဇာတ်ရန်အလွှာက မိတ်ဆွေတွေကို မတွေ့ရရင် မနေနိုင်သူပါဖြစ်တာကြောင့် ဇာတ်ကားတွေပြန်ရိုက်ချင်ပါတယ်တဲ့။ ၂၀၁၅ တုန်းက ဆီးချိုရောဂါဖြစ်ခဲ့ဖူးပြီး ညာဘက်မျက်လုံးထိခိုက်ခဲ့ပေမဘ့် ကံကောင်းလို့မျက်စိမကွယ်ခဲ့တာပါ။ ဦးစိုင်းအောင်တင့် ဟာ လက်ရှိမှာတော့ ကျန်းမာရေးကောင်းအောင်လို့ပဲ အမြဲဆုတောင်းနေပါတယ်တဲ့။

Leave a Reply

Your email address will not be published.