ခိုင်နှင်းဝေကတော့ ဒီလို ကျပ်တည်းနေတဲ့ ကာလမှာ ခက်ခဲနေတဲ့ပြည်သူတွေကို နေ့တိုင်း ပံ့ပိုးကူညီပေးနေပြီး စားသောက်ကုန်တွေကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။
ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။
လတ်တလောမှာတော့ ရာသီ အပြောင်းအလဲကြောင့် နေမကောင်းဖြစ်နေကြတဲ့ ဂေဟာကကလေးတွေရဲ့ အခြေအနေလေးကို ” ရာသီကြောင့် ကလေးတွေ နေမကောင်းဖြစ်ကြလို့ အခန်းတွေ သီးသန့် ခွဲထားရပါတယ်..ဆေးရုံတက်ရတဲ့ ကလေးတွေလဲ နေကောင်းလာကြပါပြီ..ကျန်တဲ့ ကလေးတွေလဲ အဖျားတွေ ပျောက်လို့ သက်သာလာကြပါပြီ..အားလုံးပဲ ကျန်းမာရေးတွေလဲ ဂရုစိုက်ကြပါရှင်..❤️❤️❤️ ” ခုလို ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
CRD – Cele Zone