
Cele News




Credit

UNICODE
ပရိတ်သတ်တွေနဲ့ဝေးကွာနေတဲ့ ကာလအတွင်းမှာလုံးဝမမှတ်မိနိုင်လောက်အောင်ကိုပြောင်းလည်းသွားတဲ့ သူ့ရဲ့လက်ရှိပုံကိုပြသလာတဲ့ ထွန်းကိုကို

FACE of MYANMAR 2013 ရဲ့ 1st Runner Up ဆုရှင်တစ်ယောက်ဖြစ်တဲ့ ထွန်းကိုကိုကတော့ အလှမောင်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ထွန်းကိုကိုက ပရဟိတအလုပ်တွေကိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်တတ်သူဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်နေတဲ့ ထွန်းကိုကိုဟာ ဒီကနေ့မှာတော့ သူ့ရဲ့ လက်ရှိပုံလေးကို ပြသလာပါတယ်။ ထွန်းကိုကိုက မတွေ့ရတဲ့ကာလအတွင်းမှာပဲ နှုတ်ခမ်းမွှေ၊ မုတ်ဆိတ်မွှေးတွေနဲ့ ဆံပင်တွေပါရှည်လာခဲ့ပြီး နောက်လူတစ်ယောက်အဖြစ် ရုပ်ပြောင်းသွားခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ထွန်းကိုကိုကတော့ အနုပညာအလုပ်တွေရပ်နားထားတာကြာခဲ့ပြီဖြစ်သလို ပရဟိတအလုပ်တွေကိုလည်း မလုပ်ကိုင်တော့တာကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တော်တော်လေးပြောင်းလဲသွားခဲ့တဲ့ ထွန်းကိုကိုကိုကြည့်ပြီး အံ့သြနေကြမယ်ထင်ပါတယ်နော်။
Credit

Leave a Reply

Your email address will not be published.