အလိမ်ခံလိုက်ရတဲ့ ပိုက်ဆံသိန်း(၇၀၀)ကျော်ကို ကားရောင်းပြီး ကူဆပ်ပေးခဲ့တဲ့ ချစ်ခင်ပွန်းရဲ့အနစ်နာခံမှုတွေကို ရင်ဖွင့်လာတဲ့ ရဲနောင်ရဲ့ဇနီး

News

Myanmar Idol ပြိုင်ပွဲလေးကနေပရိသတ်တွေချစ်နေရသူကတောရဲနောင်ပဲဖြစ်ပါတယ်

အစပိုင်းမှာတော့ပရိသတ်တွေရဲ့ဝေဖန်မှုတွေခံခဲ့ရသူတစ်ယောက်ပါ။

နောက်ပိုင်းသူ့ရဲ့ရိုးသားမှုတွေကြောင့်ပရိသတ်တွေလက်ခံလာကာအောင်မြင်ခဲ့တာပါ။

 

အခုမှာတော့သူဟာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားတာပါ။

မကြာခင်မှာလည်း မိသားစုဝင်တစ်ယောက်တိုးလာတော့မှာဖြစ်ပါတယ်

သူ့ရဲ့ဇနီး​လေးဟာ သူတို့ရဲ့ရင်သွေးလေးကိုလွယ်ထားရတာလည်းဖြစ်ပါတယ်။

 

 

 

ဒါကြောင့်သမီးလေးအတွက်အလုပ်တွေလည်းကြိုးစားနေတာပါ။

 

အခုမှာလည်း ဝေဖန်တိုက်ခိုက်သူတွေကို ရဲနောင်ရဲ့ဇနီးကခုလိုပဲပြောပြခဲ့တာပါ။

 

ထီရောင်းတာ လက်မှတ်မပေးပါဘူးလို့ကြိုပြောပြီးရောင်းပါတယ်… ယုံကြည်မှ ထိုးပါ …လူအမျိုးမျိုးစိတ်အထွေထွေမို့ လက်မှတ်မရလို့ ကျွန်မကို မယုံကြည်တဲ့သူဆို အစတည်းကလာ မထိုးပါနဲ့ စိတ်မဆိုးပါဘူး… ထိုးပြီးမှ လက်မှတ်မရလို့ ငွေပြန်အမ်းခိုင်းတာကတော့ တကယ်စိတ်မကောင်းဖြစ်တယ်..
ဘဝမှာလေ အသက် 20လောက်ကနေ ခုအသက်အရွယ်ထိငွေကြေးလိမ်လည်မှုတွေကြုံခဲ့ရတယ်… ဘယ်လောက် တာဝန်ခံစိုက်ပေးခဲ့လဲ့ စိုက်ရလွန်းလို့ လက်ထဲငွေမရှိတော့လို့ ယောကျာ်းကားရောင်းပေးခဲ့တဲ့အထိ စိုက်ပေးခဲ့တာ .. ခုထိ ကိုယ်စိုက်ပေးခဲ့တဲ့သူတွေကိုယ်Accထဲရှိတုန်း… ပြောစရာမလို ချပြစရာမလိုလို ချမပြခဲ့ဘူး … ဒီအသက်အရွယ် 25 နှစ်မှာ ငွေကြေးလိမ်လည်မှု တိတိကျကျတွက်မယ်ဆို သိန်း700ပတ်ချာလည်မှာပါ … ကိုယ်ကြားကအာမခံလုပ်ခဲ့တာမို့ လိမ်လည်ခံရတဲ့ငွေ အားလုံးစိုက်ပေးခဲ့ပြီး တပြားတချပ်မှ စိုက်စရာမရှိတော့ပါဘူး …ကိုယ်ကဘဲရစရာ ရှိပါတယ်…
ငွေကြေးသောင်းချီနေပါဦး ဘယ်တော့မှ ကျွန်မနာမည်နဲ့မလဲဘူး … အသက်ရှိနေသေးသ၍ ငွေဆိုတာ ရှာသလောက်ဝင်ပါတယ် … ခုပိုဆိုးတယ် ကျွန်မမှာ သမီးလေးနဲ့ပါ … ကျွန်မ သမီး အရှက်ရစေမဲ့ အလုပ်မျိုး ကျွန်မသေရမယ်ဆိုရင်တောင် မလုပ်ဘူး … ခု ထီရောင်းတယ် (1)စောင်တည်းဆိုဘတ် (၆)သန်း/၂စောင်တွဲဘတ်(၁၂)သန်း ကျွန်မဆီက ပေါက်သွားရင်ရော ကျွန်မက မလျော်ဘဲ ကလိမ်ကကျစ်ယူထားမယ်ထင်လား ….ငွေကြေးအမောက်များပေးမဲ့ အဲ့ငွေကြေးထပ်မက ကျွန်မရှာနိုင်သေးတဲ့ အရွယ်ပါ … မိဘပိုက်ဆံတောင် ကိုယ်ပိုက်ဆံလို့သဘောမထားလို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတာ … ဘယ်တော့မှ သူများပိုက်ဆံလိမ်လည်ယူဖို့မပြောနဲ့ ပေးရင်တောင်မယူဘူးဆိုပြီးပြောပြလိုက်တာဖြစ်ပါတယ်။

 

 

 


 


 



 


 


 


 


 


Leave a Reply

Your email address will not be published.