ပတ်ဝန်းကျင်ရှိကလေးများစာဖတ်နိုင်ရန် လမ်းဘေးစာကြည့်တိုက်အသေးလေးတစ်ခုကို ကိုယ်တိုင်တည်ဆောက်ပေးခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်လေး

News

ပတ်ဝန်းကျင်ရှိကလေးများစာဖတ်နိုင်ရန် လမ်းဘေးစာကြည့်တိုက်အသေးလေးတစ်ခုကို ကိုယ်တိုင်တည်ဆောက်ပေးခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်လေး

ဖိလစ်ပိုင်နိုင်ငံ Davao မြို့မှ အသက် ၁၅ နှစ်အရွယ် Lorenzo အမည်ရှိကောင်လေးတစ်ဦးဟာ စာဖတ်ခြင်းက ပျော်စရာကောင်းတယ်လို့ ထင်မြင်ထားတာကြောင့် သူ့အိမ်ပတ်ဝန်းကျင်မှ စာဖတ်ဝါသနာပါတဲ့မည်သူမဆိုစာဖတ်နိုင်မဲ့ လမ်းဘေး mini စာကြည့်တိုက်တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။ Lib of Positivity လို့ခေါ်တဲ့ ထိုစာကြည့်တိုက်ကို တည်ဆောက်ရတဲ့ပထမဆုံးရည်ရွယ်ချက်က သူနဲ့ရွယ်တူများကလေ့လာသင်ယူနိုင်ဖို့ကူညီတဲ့နေရာတစ်ခုဖြစ်စေရန် ရည်ရွယ်ခဲ့ပေမဲ့လည်း ထိုနေရာက အလျင်အမြန် စာဖတ်ဝါသနာပါသူများရဲ့အကြိုက်ဖြစ်လာခဲ့လိမ့်မယ်လို့ သူ ဘယ်သောအခါမှမမျှော်လင့်ခဲ့ဖူးကြောင်းဆိုခဲ့ပါတယ်။

အခြားစာကြည့်တိုက်များနှင့်မတူဘဲ ၎င်းလမ်းဘေးစာကြည့်တိုက်ကိုရိုးရိုးအမိုးဖြင့်သာပြုလုပ်ထားပြီး စာအုပ်ဖတ်လိုသူများအတွက် လမ်းဘေးစာကြည့်တိုက်ဘေးမှာ ကုလားထိုင်နှင့်စားပွဲတစ်ခုကိုလည်း ပြုလုပ်ပေးထားပါတယ်။

၎င်း Lib of Positivity ရှိစာအုပ်များဖြစ်တဲ့ သင်္ချာ၊ သိပ္ပံ၊ အင်္ဂလိပ်၊ ရုပ်ပိုင်းပညာရေး၊ သိပ္ပံနှင့်စာပေမှဖတ်စာအုပ်များအားလုံးကို ၂၄ နာရီလုံးလုံး မည်သူမဆိုလာအောင်ယူဖတ်နိုင်ပါတယ်။၎င်းလမ်းဘေးစာကြည့်တိုက်က ရပ်ကွက်အတွင်းရှိကလေးများအတွက် သာမက အင်တာနက်ပေါ်၌ပါ ပျံ့နှံ့သွားတဲ့အခါ Lorenzo ဟာ အံ့ဩသွားခဲ့ရပြီး သူတည်ဆောက်ဖြစ်ခဲ့တာကို အရမ်းဝမ်းမြောက်မိတယ်လို့လည်း ဆိုခဲ့ပါတယ်။

“ ကျွန်တော် အိပ်ရာနိုးတာနဲ့ အပြင်ထွက်ကြည့်တဲ့အခါ ကလေးတွေအားလုံးက ကျွန်တော့်စာအုပ်တွေကိုဖတ်နေတာကိုတွေ့ရတာ အရမ်းပျော်ဖို့ကောင်းတယ်၊ သူတို့ရဲ့မျက်နှာပေါ်ကအပြုံးကိုလည်း မြင်ခဲ့ရတယ်၊ အဲဒါက ကျွန်တော့်ရဲ့တစ်နေ့တာကို ခွန်အားဖြစ်စေတယ် ” လို့ Lorenzo က ပြောခဲ့ပါတယ်။

Lorenzo က သူ့ရဲ့လမ်းဘေးစာကြည့်တိုက်ဟာ ပတ်ဝန်းကျင်မှာ ကြီးမားတဲ့ရိုက်ခတ်မှုတစ်ခုဖြစ်တယ်လို့မြင်လျှင် အခြားသူများကိုလည်း ၎င်းနည်းတူ ကိုယ်ပိုင် mini စာကြည့်တိုက်များကိုဆောက်လုပ်ကြရန် လှုံဆော်ကာ “ မင်းရဲ့ကိုယ်ပိုင်ဒေသမှာ ကိုယ်ပိုင်စာကြည့်တိုက်ငယ်လေးတွေဖွင့်နိုင်ခဲ့ရင် ပိုပြီးအံ့ဩစရာကောင်းလိမ့်ပါမယ် ” လို့လည်း ရေးသားခဲ့ပါသေးတယ်။

ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ Lorenzo လိုကောင်လေးရှိနေခြင်းဟာ သင့်ကိုအများကြီးအကျိုးရှိနေမှာအမှန်ပါဘဲဗျာ။

Zawgyi

Leave a Reply

Your email address will not be published.