ကိုယ်တိုင်ကျ လမ်းဘေးရှိပိုက်လိုင်းထဲတွင် အဆင်ပြေသလို နေခဲ့ပြီး အလုပ်မျိုးစုံလုပ်ကာ သားသမီး ၄ယောက်လုံးကို ပညာတတ်ကြီးဖြစ်အောင် ထောက်ပံ့ပေးခဲ့သော ဖခင်
မိဘတိုင်းက သူတို့ဧ။် သားသမီးလေးတွေကို ပညာတတ်ကြီး ဖြစ်စေချင်ကြပြီး ကိုယ်တိုင်ကျ မည်မျှခက်ခဲနေပါစေ လုံးဝစွန့်လွှတ် အနစ်နာခံပြီး သားသမီးကောင်းစားရေးကိုသာ ဦးစားပေးတတ်ကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Huu Dinhအမည်ရှိသော အသက် ၅၀ကျော်အရွယ် ဖခင်တစ်ဦးသည် သားသမီး ၄ယောက်ရှိကာ အကုန်လုံးကို ပညာတတ်ကြီး ဖြစ်စေချင်သည့်အတွက် လမ်းဘေး ရှိ ပိုက်လိုင်းထဲတွင် ၁၀နှစ်ကြာ နေထိုင်ခဲ့ရသည်။
ဖခင်ဖြစ်သူသည် ပိုက်လိုင်းထဲတွင် အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့်အတူ နေပူမရှောင် မိုးရွာမရှောင် ဆိုင်ကယ်ပြင်ခြင်း ဓာတ်ဆီလိုက်ရောင်းခြင်းနှင့် ဆိုင်ကယ်ရေဆေး စသဖြင့် အလုပ်မျိုးစုံလုပ်ကာ ငွေရှာခဲ့သည်။
အလုပ်ကြိုးစားပြီး ရသမျှငွေကြေးနှင့် သားသမီး ၄ယောက်ဧ။် နေစရိတ် စားစရိတ်နှင့် ကျောင်းစရိတ်တို့ကိုပါ အလုံအလောက်ထောက်ပံ့ပေးခဲ့ပြီး ကိုယ်တိုင်ကျ စျေးပေါသည့် ခေါက်ဆွဲခြောက်ထုပ်ပြုတ်ကိုသာ စားခဲ့သည်။
သားသမီး ၄ယောက်မှာ အကြီးဆုံးတစ်ယောက်က လူမှုသိပ္ပံတက္ကသိုလ် အလတ်မှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးတက္ကသိုလ် နှင့် အငယ်နှစ်ယောက်လုံးက အမှတ်ကောင်း၍ ဆေးတက္ကသိုလ်သို့ တက်ရောက်နေခြင်းဖြင့် ဖခင်ဖြစ်သူမှာ အလွန်အမင်း ရုန်းကန်နေရခြင်းဖြစ်သည်။
Zawgyi