ခရိုင်အဆင့် ပညာရေးဆိုင်ရာ သင်္ချာဘာသာရပ်တွင် ပထမဆုဆွတ်ခူးရရှိခဲ့၍ ရဟတ်ယာဉ်စီးကာ အလည်အပတ်ထွက်ခွင့်ရခဲ့သော ကျောင်းသူလေး

News

ခရိုင်အဆင့် ပညာရေးဆိုင်ရာ သင်္ချာဘာသာရပ်တွင် ပထမဆုဆွတ်ခူးရရှိခဲ့၍ ရဟတ်ယာဉ်စီးကာ အလည်အပတ်ထွက်ခွင့်ရခဲ့သော ကျောင်းသူလေး

စာသင်ကျောင်းတိုင်းရှိ ပညာရေးတွင် ထူးချွန်သော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြု ဆုများ ချီးမြှင့်ကြတာ အစဥ်အလာတစ်ခုပါ။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Ly Thi Ninh အမည်ရှိသော ၈တန်းကျောင်းသူလေးသည် ပညာရေးတွင် ထူးချွန်သူတစ်ဦးဖြစ်ပြီး အခြားသော ကျောင်းများတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ခရိုင်အဆင့်ထိကို သင်္ချာဘာသာရပ်တွင် ပထမဆုကို ဆွတ်ခူးရရှိခဲ့၍ ကျောင်းဧ။် ပထမဆုံးဂုဏ်ဆောင်သူဖြစ်ခဲ့သည်။

ထို့ကြောင့် ကျောင်းသူလေးအား Mu Cang Chai ခရိုင်ရှိ နာမည်ကြီး လှေကားထစ် စိုက်ခင်းဧ။် ရှုခင်းသာယာမှု အလှတရားကို ရဟတ်ယာဉ်ပေါ်ကနေ အပြည့်အဝ ကြည့်ရှုခံစားနိုင်မည့် ခရီးစဥ်ကို ဆုအဖြစ် ချီးမြှင့်ပေးခဲ့သည်။

ထိုလှေကားထစ်စိုက်ခင်းကြီးမှာ ဗီယက်နမ်နိုင်ငံဧ။် ကျေးလက်ဒေသ ရှုခင်းအလှထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ကုန်းပြင်မြင့်များနှင့်အတူ စိတ်အပန်းဖြေရာအကောင်းဆုံးနှင့် အလွန်အေးမြသောအရပ်ဒေသတစ်ခုလည်းဖြစ်သည်။

ကျောင်းသူလေးမှာ သူမဧ။် ကြိုးစားသည့် လုပ်ရပ်ကြောင့် လူမှုကွန်ယက်မှာလည်း ပျံ့နှံ့ခဲ့ပြီး တော်ရုံလည်ပတ်ဖို့ မဖြစ်နိုင်သည့် အရပ်ဒေသသို့ သွားရောက်လည်ပတ်ခဲ့ရသည့်အတွက် ဝမ်းသာမဆုံးဖြစ်နေရပြီး ချီးမွမ်းမှုများစွာကိုလည်း ခံခဲ့ရသည်။

Leave a Reply

Your email address will not be published.