သမီးဖြစ်သူရဲ့ပထမဆုံးပွဲအခမ်းအနားနေ့ကို အမှတ်တရဖြစ်နေစေဖို့ သမီးဖြစ်သူရဲ့ဆံပင်ပုံစံအတိုင်း နှစ်နှစ်အကြာထိဆံပင်ရှည်ထားခဲ့တဲ့ ဖခင်တစ်ဦး

News

သမီးဖြစ်သူရဲ့ပထမဆုံးပွဲအခမ်းအနားနေ့ကို အမှတ်တရဖြစ်နေစေဖို့ သမီးဖြစ်သူရဲ့ဆံပင်ပုံစံအတိုင်း နှစ်နှစ်အကြာထိဆံပင်ရှည်ထားခဲ့တဲ့ ဖခင်တစ်ဦး

မိဘနှင့်သားသမီးတို့အကြားရှိဆက်ဆံရေးဟာ အရမ်းကို တန်ဖိုးရှိလှပါတယ်။ ပိုထူးခြားစေတဲ့အရာက အဖေနှင့်သမီးတို့ကြားက သံယောဇဉ်နှောင်ကြိုးဘဲဖြစ်ပါတယ်။ သမီးတွေကို ယေဘုယျအားဖြင့် ၎င်းတို့ရဲ့မိခင်များနှင့် နှိုင်းယှဉ်တာက ပိုများပေမဲ့လည်း နှောင်ကြိုးခွဲလို့မရတဲ့အဖေများကလည်း သမီးတို့ရဲ့ပထမဆုံးသူရဲကောင်းတစ်ဦးဘဲဖြစ်ကြပါတယ်။ ဂျပန်နိုင်ငံရှိ Yuma Kumata အမည်ရှိအမျိုးသားဟာ သမီးဖြစ်သူနှင့် တူညီတဲ့ဆံပင်ပုံစံရအောင် သူ့ဆံပင်ကို နှစ်နှစ်ကြာ အရှည်ထားခဲ့ပါတယ်။

ချစ်တတ်လွန်းတဲ့ဖခင်တစ်ဦးရဲ့သမီးအပေါ်ထားရှိတဲ့အပြုအမူက ဘယ်လောက်ချစ်စရာကောင်းလိုက်လဲဗျ။ အဆိုပါဂျပန်လူမျိုးဖခင်ဖြစ်သူဟာ ဓာတ်ပုံပညာရှင်နှင့်ဗီဒီယိုရိုက်ကူးသူတစ်ဦး ဖြစ်ပါတယ်။

သုံးနှစ်ကနေ ငါးနှစ်အရွယ်ရှိတဲ့မိန်းကလေးများနှင့် ခုနစ်နှစ်အရွယ်ယောက်ျားလေးများအတွက် Shichi-Go-San ပွဲတော်ကို ကျင်းပပေးခြင်းက ဂျပန်တို့ရဲ့ရိုးရာတစ်ခုဘဲဖြစ်ပါတယ်။ထို့ကြောင့် သမီးလေးရဲ့အဆိုပါပထမဆုံးရိုးရာပွဲအခမ်းအနားကို အမှတ်တရဖြစ်သွားစေဖို့အတွက် ဖခင်ဖြစ်သူဟာ သူစီစဉ်ထားခဲ့တဲ့အထူးဓာတ်ပုံရိုက်ကူးမှုအတွက် လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကပင် သူ့ဆံပင်ကို အရှည်ထားစေခဲ့ပါတယ်။

အဆိုပါပွဲနေ့မှာတော့ ဖခင်ဖြစ်သူဟာ သမီးလေးရဲ့ဆံပင်ပုံစံတူထားကာ မိသားစုအားလုံးဖြင့် ဓာတ်ပုံတူတူရိုက်ခဲ့ပါတော့တယ်။ ဖခင် Kumata က သူ့ရဲ့ Twitter acc မှာ ထိုဓာတ်ပုံများကိုဝေမျှခဲ့ပြီးနောက် netizen များစွာက ၎င်းတို့သားအဖရဲ့ချစ်စရာကောင်းပုံတို့ကိုကြည့်ရင်း ကြည်နူးခဲ့ကြပါတယ်။

ဆံပင်ကလည်း အလှဆင်ပစ္စည်းများနှင့်ပြည့်စုံနေသလို pearly white-flashing အပြုံးလေးပြုံးထားရင်း ချစ်စရာကောင်းတဲ့ဆံထုံးနှင့်အတူ ရိုးရာဝတ်စုံများကိုဝတ်ဆင်ထားတဲ့အဖေနှင့်သမီးတို့ရဲ့ဓာတ်ပုံများဟာ retweetပေါင်း ၁၄,၀၀၀ နှင့် likeပေါင်း ၇၃,၀၀၀ ကျော်အထိ ရရှိခဲ့ပါတယ်။ ထိုဓာတ်ပုံများက အဖေနှင့်သမီးဟာ အရပ်အမြင့်သာမကွဲပြားခဲ့ရင် ၎င်းတို့ဟာ အမွှာနီးပါးဆင်တူနေခဲ့ကြပါတယ်။

ထို့နောက် ဖခင် Kumata က နှစ်စဉ်ကျင်းပလေ့ရှိတဲ့အဆိုပါအထူးနေ့လေးမှာ သမီးဖြစ်သူက အလွန်ပင် ပျော်ရွှင်နေခဲ့ကြောင်းလည်း ပြန်လည်မျှဝေပြောကြားခဲ့ပါတယ်။ အဖေနှင့်သမီးတို့ရဲ့တူညီတဲ့နှောင်ကြိုးကိုမြင်ရသည်မှာ အလွန်ပင် စိတ်ကြည်နူးစရာကောင်းလှပါတယ်ဗျာ။ တစ်ကယ် အဖေနှင့်သမီးတို့အကြားဆက်ဆံရေးဟာ တစ်မူထူးခြားနေတတ်တာတော့ အမှန်ပါဘဲ။

Zawgyi

Leave a Reply

Your email address will not be published.