သ႐ုပ္ေဆာင္ အကယ္ဒမီေဖြးေဖြးကေတာ့ ၿပီးခဲ့တဲ့ေႏြဦးေတာ္လွန္ေရးမွာ ေကာက္ရိုးမီးမဟုတ္ပဲ အဆုံးထိတိုင္ ရပ္တည္ခ်က္ခိုင္မာခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ေဖြးေဖြးက နိုင္ငံေရးမွာ ပါဝင္လႈပ္ရွားခဲ့တာေၾကာင့္ စကစရဲ့ ဝရမ္းထုတ္ခံခဲ့ရၿပီး သူမတိမ္းေရွာင္ေနတဲ့ကာလအတြင္းမွာပဲ သူမရဲ့ဖခင္ႀကီးဟာ ကြယ္လြန္သြားခဲ့ တာပဲျဖစ္ပါတယ္။ ေဖြးေဖြးကေတာ့ သူမဖခင္ရဲ့ေနာက္ဆုံးအခ်ိန္ကိုေတာင္ ေတြ႕ခြင့္မရလိုက္ပဲ ဒီေန႔ဒီအခ်ိန္ထိ ဖခင္ႀကီးကို တမ္းတသတိရေနဆဲပဲျဖစ္ပါတယ္။
ဒီကေန႔မွာလည္း ေဖြးေဖြးက သူမရဲ့ ပရိသတ္ေတြနဲ႔ ဆက္သြယ္ဖို႔ ဖြင့္လွစ္အသုံးျပဳထားတဲ့ ေဖ့စ္ဘုတ္ေပ့ခ်္မွာ သူမတို႔မိသားစုရဲ့ ငယ္ဘဝ အမွတ္တရဓာတ္ပုံေလးကို ေျပာင္းလဲအသုံးျပဳခဲ့တာပဲျဖစ္ပါတယ္။ ေဖြးေဖြးကေတာ့ ေဖ့စ္ဘုတ္ေပ့ခ်္မွာ အခုလိုမိသားစုဓာတ္ပုံေလးကို ေျပာင္းလဲအသုံးျပဳခဲ့တဲ့အတြက္ သူမရဲ့ ေဖေဖကို ဘယ္ေလာက္ေတာင္ေအာက္ေမ့ သတိရေနမလဲဆိုတာကို သိနိုင္ပါတယ္။
ေဖြးေဖြးကေတာ့ သြားေလသူဖခင္ႀကီးအတြက္ လစဥ္လတိုင္း ကုသိုလ္ေတြျပဳေပးရင္း သတိရေအာက္ေမ့ေနတာပဲျဖစ္ပါတယ္။ ေဖြးေဖြးရဲ့ေဖေဖလည္း သမီးေလးျပဳေပးသမၽွ ကုသိုလ္ေတြကို ေကာင္းရာဘုံဘဝကေန သာဓုေခၚေပးေနမယ္ဆိုတာ ေသခ်ာပါတယ္ေနာ္။
Source: Phway Phway’s fb
Credit ; Cele Active World
သရုပ်ဆောင် အကယ်ဒမီဖွေးဖွေးကတော့ ပြီးခဲ့တဲ့နွေဦးတော်လှန်ရေးမှာ ကောက်ရိုးမီးမဟုတ်ပဲ အဆုံးထိတိုင် ရပ်တည်ချက်ခိုင်မာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဖွေးဖွေးက နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် စကစရဲ့ ဝရမ်းထုတ်ခံခဲ့ရပြီး သူမတိမ်းရှောင်နေတဲ့ကာလအတွင်းမှာပဲ သူမရဲ့ဖခင်ကြီးဟာ ကွယ်လွန်သွားခဲ့ တာပဲဖြစ်ပါတယ်။ ဖွေးဖွေးကတော့ သူမဖခင်ရဲ့နောက်ဆုံးအချိန်ကိုတောင် တွေ့ခွင့်မရလိုက်ပဲ ဒီနေ့ဒီအချိန်ထိ ဖခင်ကြီးကို တမ်းတသတိရနေဆဲပဲဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ဖွေးဖွေးက သူမရဲ့ ပရိသတ်တွေနဲ့ ဆက်သွယ်ဖို့ ဖွင့်လှစ်အသုံးပြုထားတဲ့ ဖေ့စ်ဘုတ်ပေ့ချ်မှာ သူမတို့မိသားစုရဲ့ ငယ်ဘဝ အမှတ်တရဓာတ်ပုံလေးကို ပြောင်းလဲအသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ဖေ့စ်ဘုတ်ပေ့ချ်မှာ အခုလိုမိသားစုဓာတ်ပုံလေးကို ပြောင်းလဲအသုံးပြုခဲ့တဲ့အတွက် သူမရဲ့ ဖေဖေကို ဘယ်လောက်တောင်အောက်မေ့ သတိရနေမလဲဆိုတာကို သိနိုင်ပါတယ်။
ဖွေးဖွေးကတော့ သွားလေသူဖခင်ကြီးအတွက် လစဉ်လတိုင်း ကုသိုလ်တွေပြုပေးရင်း သတိရအောက်မေ့နေတာပဲဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ဖေဖေလည်း သမီးလေးပြုပေးသမျှ ကုသိုလ်တွေကို ကောင်းရာဘုံဘဝကနေ သာဓုခေါ်ပေးနေမယ်ဆိုတာ သေချာပါတယ်နော်။
Source: Phway Phway’s fb
Credit ; Cele Active World