အိုလာရင္သား သမီးေတြပယ္တာ ခံရတာပါပဲဆိုတဲ့ ဆိုက္ကားဆရာ အဘိုးအိုရဲ႕ သံေဝဂရစရာအျဖစ္

News

က်ေနာ္ကားေပၚက ဆင္းဆင္းခ်င္ပဲဆိုက္ကား ဆရာတခ်ိဳ႕ေရာက္လာတယ္သန္ျမန္ တဲ့လူေတြမို႔အတင္တိုးေဝွ႔ၿပီးသူ႔ထက္ငါဦး ေအာင္ေမးၾကတယ္အကိုဘယ္သြား မွာလဲဘယ္ပို႔ေပးရမလဲေပါ့

က်ေနာ့္မွာလဲပစၥည္းကမ်ားမ်ားစားစားသယ္စရာပါမလာေတာ့ က်ေနာ္ဆိုက္ကားမငွားေတာ့ဘူး အကိုတို႔လို႔ေျပာလိုက္တယ္

ကိုလဲၿမိဳ႕သားမဟုတ္ ေတာ့ေတာ္ယုံ အ ထုပ္ နဲ႔ေတာ္ယုံခရီဆို ကိုယ္တိုင္ထမ္းၿပီး လမ္းေလ်ာက္ေလ့ရွိတယ္

အဲ့လိုနဲ႔ဆိုက္ကားဆရာေတြလူစုခြဲေနာက္ဆုတ္သြားမွ ေနာက္ကအဖိုးအိုတေယာက္ကိုျမင္လိုက္ရတယ္ ငါ့တူေလးဘယ္ကိုသြားမွာလဲဦး ေလးဆိုက္ကနဲ႔ လိုက္ပို႔ပါရေစတဲ့

ေမးလိုက္တဲ့ပုံကလဲ တျခားဆိုက္ကားဆရာေတြနဲ႔ မတူဘူးဗ် တျခားဆိုက္ကား ဆရာေတြဆို ဆိုက္ကားေခၚမလား ဘာညာေမးတယ္ အခု အဖိုးအိုကေတာ့ ဦး ေလးဆိုက္ကားနဲ႔ လိုက္ပို႔ပါရေစတဲ့

က်ေနာ္လဲဘာမွ စဥ္းစားမေနေတာ့ဘူး ဟုတ္ကဲ့လိုက္ပို႔ပါ ဥိးေလးဆိုၿပီး ေျပာလိုက္တယ္ တျခား ဆိုက္ကားဆရာေတြ ကေတာင္ ေနာက္ကတီးတိုး ေဝဖန္သၾကားလိုက္ မိပါတယ္

ဒီေကာင္အ႐ူး စိတ္မမွန္ဘူးဆိုပဲ အဲ့လိုနဲ႔ က်ေနာ္တို႔ ဆိုက္ကားနဲ႔ ထြက္လာၾကရင္း က်ေနာ္က နဲနဲစပ္စုၾကည့္တယ္ ဦးေလး ဦးေလးမွ ာသားသမီးမရွိဘူးလားဆိုေတာ့ ရွိတာေပါ့ ငါ့တူရယ္

အႀကီးေကာင္ကရဲထဲမွာ ဒုရဲအုပ္ အလတ္မက ေက်ာင္းအုပ္ဆရာမ အငယ္ဆုံးသား ကေတာ့ မွန္ လုံ ကားေမာင္းတယ္ တဲ့ဦးေလးနဲ႔ အတူေနၾကတာလား ဆိုေတာ့

မဟုတ္ပါဘူး သူတို႔အိမ္ေထာင္ေတြနဲ႔ပါ သူတို႔ကတာဝန္က်ရာ နယ္ေတြမွာပါ တဲ့ ဒါဆိုဦးေလးတို႔အဖိုအဖြားေယာက္ထဲ ေနတာေပါ့ေနာ္ ဆိုေတာ့မ ဟုတ္ပါဘူးဦး ေလး တ ေယာက္ထဲ ေနတာပါ ဦးေလးမိန္းမက ဆုံးသြားၿပီ တဲ့

ဘာလို႔သားသမီးေတြနဲ႔လိုက္မေနတာလဲဦးေလး လို႔က်ေနာ္ထပ္ေမးလိုက္တယ္ ေနခ်င္တာေပါ့ငါ့တူရယ္ေနလဲ ေနၿပီးပါၿပီ မိဘေတြ အို လာရင္သားသမီးေတြက ပယ္ထားၾကတာ တစ္ကယ္ေတာ့မိဘဆိုတာ အိုပယ္ေတြပါ တဲ့

က်ေနာ္အရမ္းစိတ္ မ ေကာင္း ျဖစ္သြားတယ္ရင္ထဲမွာ ဆို႔တက္လာလို႔ ဘာမွဆက္မေမးႏိုင္ေတာ့ဘူး က်ေနာ္သြားမဲ့လမ္းဆုံေရာက္ေတာ့မွမနဲ အသံထြက္ေမးလိုက္ရတယ္

ဦးေလးဘယ္ေလာက္က်လဲဗ် ဆိုေတာ့၅၀၀ ပါငါ့တူတဲ့ က်ေနာ္အိပ္ထဲက ၁၀၀၀၀ တန္၂႐ြက္ထုပ္ေပးလိုက္တယ္ မယုံႏိုင္သလိုအံ့ၾသတဲ့ အၾကည့္ ေတြနဲ႔က်ေနာ္ကို ေျပာ တယ္ ၅၀၀ ပဲက်တာေလငါ့တူတံ့ ဟုတ္ပါတယ္

က်န္တဲ့ပိုက္ဆံက ဦးေလးကိုက်ေနာ္ကန္ေတာ့တာပါ ဆိုေတာ့ တုင္တုန္ယင္ယင္လက္ ေတြနဲ႔လွမ္းယူ လိုက္တယ္ ဆုေတြလဲ မဆုံးႏိုင္ ေအာင္ေပး ေနပါေတာ့တယ္

ေနာက္ထပ္ ၅ လေလာက္ရွိလို႔က်ေနာ္အဲ့ဒီဆိုက္ကားဂိတ္ကို ျပန္ေရာက္ေတာ့ ဒီဂိတ္ကဆိုက္ကားဆရာ ဦးေလးႀကီးေရာလို႔ အနား ကကြမ္းယာဆိုင္ကို ေမးၾကည့္တဲ့ အခါ

အခုေဆာင္းအဝင္ လြန္ခဲ့တဲ့တလကပဲ သူ႔ရဲ႕တဲအိမ္ေလးထဲမွာ တေယာက္ထဲဆုံးသြားၿပီး ၃ရက္ေလာက္ေနမွ ရပ္ကြက္က သိတယ္တဲ့

ေနာင္ဘဝေတြမွာအ ခုလိုအ ျဖစ္ မ်ိဳးနဲ႔မႀကဳံပါေစနဲ႔ ဦးေလးရယ္လို႔ ဆုေတာင္းေပး႐ုံက လြဲၿပီးက်ေနာ္ဘာမ်ား တတ္ႏိုင္ေတာ့မွာလဲဗ်ာ

ဘယ္သူ႔ကိုမွအျပစ္မတင္လိုပါ ဘဝကံေႂကြးကို ခု႐ြယ္ထိေပးဆပ္ေနရတဲ့ အသက္ ၇၇ ႏွစ္အ႐ြယ္ရွိၿပီ ျဖစ္တဲ့ အဖိုးအို တေယာက္ ဝမ္းစာေရးကို ပင္ပမ္းႀကီး စြာလုပ္ကိုင္ ေနရတာေတြ႕လို႔တတ္ႏိုင္သေလာက္ ေလးအကူညီေပးခဲ့မိပါတယ္

သံေဝဂ ရစရာပါ မိဘတေယာက္ဟာ သားသမီးမ်ားစြာကို ျပဳစုလုပ္ေႂကြးႏိုင္ေပမဲ့ သားသမီးတစုဟာ အတုံ႔အလွည့္မျပန္ႏိုင္ၾကတာက အင္မတန္ကိုဘဲ ဝမ္းနည္း စရာတခုပါ သူ႔ကံနဲ႔ သူေတာ့မွန္ပါတယ္

တန္ဖိုးလလြန္ႀကီးမားတဲ့ မိဘႏွစ္ပါးကိုေတာ့ မေသခင္တတ္ႏိုင္သေလာက္ ကိုယ္အငါတ္ခံၿပီးျပဳစု လုပ္ေႂကြးကာ မိဘေက်းဇူးတရားေတြကို ဆပ္ေပးၾကပါလို႔ လူငယ္ မ်ား စြာကိုတိုက္တြန္းလိုက္ပါရေစခင္ဗ်ာ…

ကျနော်ကားပေါ်က ဆင်းဆင်းချင်ပဲဆိုက်ကား ဆရာတချို့ရောက်လာတယ်သန်မြန် တဲ့လူတွေမို့အတင်တိုးဝှေ့ပြီးသူ့ထက်ငါဦး အောင်မေးကြတယ်အကိုဘယ်သွား မှာလဲဘယ်ပို့ပေးရမလဲပေါ့

ကျနော့်မှာလဲပစ္စည်းကများများစားစားသယ်စရာပါမလာတော့ ကျနော်ဆိုက်ကားမငှားတော့ဘူး အကိုတို့လို့ပြောလိုက်တယ်

ကိုလဲမြို့သားမဟုတ် တော့တော်ယုံ အ ထုပ် နဲ့တော်ယုံခရီဆို ကိုယ်တိုင်ထမ်းပြီး လမ်းလျောက်လေ့ရှိတယ်

အဲ့လိုနဲ့ဆိုက်ကားဆရာတွေလူစုခွဲနောက်ဆုတ်သွားမှ နောက်ကအဖိုးအိုတယောက်ကိုမြင်လိုက်ရတယ် ငါ့တူလေးဘယ်ကိုသွားမှာလဲဦး လေးဆိုက်ကနဲ့ လိုက်ပို့ပါရစေတဲ့

မေးလိုက်တဲ့ပုံကလဲ တခြားဆိုက်ကားဆရာတွေနဲ့ မတူဘူးဗျ တခြားဆိုက်ကား ဆရာတွေဆို ဆိုက်ကားခေါ်မလား ဘာညာမေးတယ် အခု အဖိုးအိုကတော့ ဦး လေးဆိုက်ကားနဲ့ လိုက်ပို့ပါရစေတဲ့

ကျနော်လဲဘာမှ စဉ်းစားမနေတော့ဘူး ဟုတ်ကဲ့လိုက်ပို့ပါ ဥိးလေးဆိုပြီး ပြောလိုက်တယ် တခြား ဆိုက်ကားဆရာတွေ ကတောင် နောက်ကတီးတိုး ဝေဖန်သကြားလိုက် မိပါတယ်

ဒီကောင်အရူး စိတ်မမှန်ဘူးဆိုပဲ အဲ့လိုနဲ့ ကျနော်တို့ ဆိုက်ကားနဲ့ ထွက်လာကြရင်း ကျနော်က နဲနဲစပ်စုကြည့်တယ် ဦးလေး ဦးလေးမှ ာသားသမီးမရှိဘူးလားဆိုတော့ ရှိတာပေါ့ ငါ့တူရယ်

အကြီးကောင်ကရဲထဲမှာ ဒုရဲအုပ် အလတ်မက ကျောင်းအုပ်ဆရာမ အငယ်ဆုံးသား ကတော့ မှန် လုံ ကားမောင်းတယ် တဲ့ဦးလေးနဲ့ အတူနေကြတာလား ဆိုတော့

မဟုတ်ပါဘူး သူတို့အိမ်ထောင်တွေနဲ့ပါ သူတို့ကတာဝန်ကျရာ နယ်တွေမှာပါ တဲ့ ဒါဆိုဦးလေးတို့အဖိုအဖွားယောက်ထဲ နေတာပေါ့နော် ဆိုတော့မ ဟုတ်ပါဘူးဦး လေး တ ယောက်ထဲ နေတာပါ ဦးလေးမိန်းမက ဆုံးသွားပြီ တဲ့

ဘာလို့သားသမီးတွေနဲ့လိုက်မနေတာလဲဦးလေး လို့ကျနော်ထပ်မေးလိုက်တယ် နေချင်တာပေါ့ငါ့တူရယ်နေလဲ နေပြီးပါပြီ မိဘတွေ အို လာရင်သားသမီးတွေက ပယ်ထားကြတာ တစ်ကယ်တော့မိဘဆိုတာ အိုပယ်တွေပါ တဲ့

ကျနော်အရမ်းစိတ် မ ကောင်း ဖြစ်သွားတယ်ရင်ထဲမှာ ဆို့တက်လာလို့ ဘာမှဆက်မမေးနိုင်တော့ဘူး ကျနော်သွားမဲ့လမ်းဆုံရောက်တော့မှမနဲ အသံထွက်မေးလိုက်ရတယ်

ဦးလေးဘယ်လောက်ကျလဲဗျ ဆိုတော့၅၀၀ ပါငါ့တူတဲ့ ကျနော်အိပ်ထဲက ၁၀၀၀၀ တန်၂ရွက်ထုပ်ပေးလိုက်တယ် မယုံနိုင်သလိုအံ့သြတဲ့ အကြည့် တွေနဲ့ကျနော်ကို ပြော တယ် ၅၀၀ ပဲကျတာလေငါ့တူတံ့ ဟုတ်ပါတယ်

ကျန်တဲ့ပိုက်ဆံက ဦးလေးကိုကျနော်ကန်တော့တာပါ ဆိုတော့ တုင်တုန်ယင်ယင်လက် တွေနဲ့လှမ်းယူ လိုက်တယ် ဆုတွေလဲ မဆုံးနိုင် အောင်ပေး နေပါတော့တယ်

နောက်ထပ် ၅ လလောက်ရှိလို့ကျနော်အဲ့ဒီဆိုက်ကားဂိတ်ကို ပြန်ရောက်တော့ ဒီဂိတ်ကဆိုက်ကားဆရာ ဦးလေးကြီးရောလို့ အနား ကကွမ်းယာဆိုင်ကို မေးကြည့်တဲ့ အခါ

အခုဆောင်းအဝင် လွန်ခဲ့တဲ့တလကပဲ သူ့ရဲ့တဲအိမ်လေးထဲမှာ တယောက်ထဲဆုံးသွားပြီး ၃ရက်လောက်နေမှ ရပ်ကွက်က သိတယ်တဲ့

နောင်ဘဝတွေမှာအ ခုလိုအ ဖြစ် မျိုးနဲ့မကြုံပါစေနဲ့ ဦးလေးရယ်လို့ ဆုတောင်းပေးရုံက လွဲပြီးကျနော်ဘာများ တတ်နိုင်တော့မှာလဲဗျာ

ဘယ်သူ့ကိုမှအပြစ်မတင်လိုပါ ဘဝကံကြွေးကို ခုရွယ်ထိပေးဆပ်နေရတဲ့ အသက် ၇၇ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ အဖိုးအို တယောက် ဝမ်းစာရေးကို ပင်ပမ်းကြီး စွာလုပ်ကိုင် နေရတာတွေ့လို့တတ်နိုင်သလောက် လေးအကူညီပေးခဲ့မိပါတယ်

သံဝေဂ ရစရာပါ မိဘတယောက်ဟာ သားသမီးများစွာကို ပြုစုလုပ်ကြွေးနိုင်ပေမဲ့ သားသမီးတစုဟာ အတုံ့အလှည့်မပြန်နိုင်ကြတာက အင်မတန်ကိုဘဲ ဝမ်းနည်း စရာတခုပါ သူ့ကံနဲ့ သူတော့မှန်ပါတယ်

တန်ဖိုးလလွန်ကြီးမားတဲ့ မိဘနှစ်ပါးကိုတော့ မသေခင်တတ်နိုင်သလောက် ကိုယ်အငါတ်ခံပြီးပြုစု လုပ်ကြွေးကာ မိဘကျေးဇူးတရားတွေကို ဆပ်ပေးကြပါလို့ လူငယ် များ စွာကိုတိုက်တွန်းလိုက်ပါရစေခင်ဗျာ…

Leave a Reply

Your email address will not be published.