ချစ်သူကောင်လေးမှ သူမရဲ့အခင်ဆုံးသူငယ်ချင်းအရင်းကြီးနဲ့ ဖောက်ပြန်ကာ လက်ထပ်သွားခဲ့သည့်အတွက်ကြောင့် စိတ်နာပြီး ၄လအတွင်းဝိတ်ရအောင်ချခဲ့သည့် မိန်းကလေး

News


ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နေထိုင်သော အသက်၂၁နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အစားအသောက်မက်လွန်းကာ မလျှော့ပဲ စားခဲ့သမျှ သူမရဲ့ခန္ဓာကိုယ်မှာ တစ်နေ့တခြား ပိုပိုပြီးဝလာကာ နောက်ဆုံးအဝလွန်အဆင့်ထိ ရောက်ခဲ့သည်။

မိန်းကလေးသည် အဝလွန်သူတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ဘယ်လိုအနေအထားပဲဖြစ်နေပါစေ ဂရုစိုက်ပြီး ချစ်ပေးမယ့် ကောင်လေးကိုပိုင်ဆိုင်ထားရသည့်အတွက် ပျော်ရွှင်ခဲ့ရသော်လည်း မထင်မှတ်ထားတဲ့လုပ်ရပ်ကြောင့် သူမကိုယ့်ကိုပြုပြင်ရန် ကြိုးစားခဲ့သည်။

မိန်းကလေးသည် ချစ်သူကောင်လေးနှင့် ချစ်သူသက်တမ်း ၃နှစ်အကြာထိ တွဲလာခဲ့ပြီးမှ သူမရဲ့အခင်မင်ရင်းနှီးရဆုံးသူငယ်ချင်းတစ်ဦးနဲ့ ဖောက်ပြန်ကာ တစ်ခါတည်းလက်ထပ်သွားခဲ့ကြ၍ ရူးမတတ်ခံစားခဲ့ရသည်။

မိန်းကလေးသည် သူမရဲ့ခံစားချက်ကို နာကျင်မှုအဖြစ်ပြောင်းလဲကာ အစားအသောက်ကို အရင်လိုမစားတော့ပဲ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဝိတ်မတက်စေသည့်အစားမျိုးကိုသာ ရွေးချယ်စားသုံးလာခဲ့ပြီး လေ့ကျင့်ခန်းလေးလည်း ပုံမှန်လုပ်ပေးကာ ၄လအတွင်း ၃၀ကီလိုဂရမ်ဆုံးရှုံးခဲ့သည်။

ထို့အပြင် မိန်းကလေးသည် ဖက်ရှင်ဒီဇိုင်းနှင့်ပက်သက်ပြီး ထူးချွန်သူတစ်ယောက်ဖြစ်တာကြောင့် ဝိတ်ချပြီးနောက် အမြဲလိုလိုစမတ်ကျသည့် အဝတ်အစားများကိုသာ ဝတ်ဆင်ခဲ့ရာ ကောင်လေးအတော်များများမှ ချစ်ခွင့်လာပန်ခဲ့ကြသည်။

Hlaing (Love Feeling)

Zawgyi

ခ်စ္သူေကာင္ေလးမွ သူမရဲ႕အခင္ဆုံးသူငယ္ခ်င္းအရင္းႀကီးနဲ႔ ေဖာက္ျပန္ကာ လက္ထပ္သြားခဲ့သည့္အတြက္ေၾကာင့္ စိတ္နာၿပီး ၄လအတြင္းဝိတ္ရေအာင္ခ်ခဲ့သည့္ မိန္းကေလး

ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕တြင္ ေနထိုင္ေသာ အသက္၂၁ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ အစားအေသာက္မက္လြန္းကာ မေလွ်ာ့ပဲ စားခဲ့သမွ် သူမရဲ႕ခႏၶာကိုယ္မွာ တစ္ေန႔တျခား ပိုပိုၿပီးဝလာကာ ေနာက္ဆုံးအဝလြန္အဆင့္ထိ ေရာက္ခဲ့သည္။

မိန္းကေလးသည္ အဝလြန္သူတစ္ေယာက္ျဖစ္ေပမယ့္ သူမရဲ႕ဘယ္လိုအေနအထားပဲျဖစ္ေနပါေစ ဂ႐ုစိုက္ၿပီး ခ်စ္ေပးမယ့္ ေကာင္ေလးကိုပိုင္ဆိုင္ထားရသည့္အတြက္ ေပ်ာ္႐ႊင္ခဲ့ရေသာ္လည္း မထင္မွတ္ထားတဲ့လုပ္ရပ္ေၾကာင့္ သူမကိုယ့္ကိုျပဳျပင္ရန္ ႀကိဳးစားခဲ့သည္။

မိန္းကေလးသည္ ခ်စ္သူေကာင္ေလးႏွင့္ ခ်စ္သူသက္တမ္း ၃ႏွစ္အၾကာထိ တြဲလာခဲ့ၿပီးမွ သူမရဲ႕အခင္မင္ရင္းႏွီးရဆုံးသူငယ္ခ်င္းတစ္ဦးနဲ႔ ေဖာက္ျပန္ကာ တစ္ခါတည္းလက္ထပ္သြားခဲ့ၾက၍ ႐ူးမတတ္ခံစားခဲ့ရသည္။

မိန္းကေလးသည္ သူမရဲ႕ခံစားခ်က္ကို နာက်င္မႈအျဖစ္ေျပာင္းလဲကာ အစားအေသာက္ကို အရင္လိုမစားေတာ့ပဲ က်န္းမာေရးနဲ႔ညီၫြတ္ၿပီး ဝိတ္မတက္ေစသည့္အစားမ်ိဳးကိုသာ ေ႐ြးခ်ယ္စားသုံးလာခဲ့ၿပီး ေလ့က်င့္ခန္းေလးလည္း ပုံမွန္လုပ္ေပးကာ ၄လအတြင္း ၃၀ကီလိုဂရမ္ဆုံးရႈံးခဲ့သည္။

ထို႔အျပင္ မိန္းကေလးသည္ ဖက္ရွင္ဒီဇိုင္းႏွင့္ပက္သက္ၿပီး ထူးခြၽန္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ဝိတ္ခ်ၿပီးေနာက္ အၿမဲလိုလိုစမတ္က်သည့္ အဝတ္အစားမ်ားကိုသာ ဝတ္ဆင္ခဲ့ရာ ေကာင္ေလးအေတာ္မ်ားမ်ားမွ ခ်စ္ခြင့္လာပန္ခဲ့ၾကသည္။

Hlaing (Love Feeling)

Leave a Reply

Your email address will not be published.