မင်္ဂလာပွဲတစ်ခုမှ သတိုးသမီး၏ဖခင်ဖြစ်သူ ပြုလုပ်ခဲ့သည့် အမူအရာလေးဟာ မိဘတို့၏ ချစ်ခြင်းမေတ္တာကို များစွာပေါ်လွန်နေခဲ့ပါတယ်။မိဘတို့သည် သားသမီးတို့၏ဘဝလေးအဆင်ပြေနေသည်ကိုသာ မြင်တွေ့လိုကြပြီး သားသမီးတို့က မည်မျှပင် အသက်ကြီးသွားပါစေ မိဘတို့၏စိတ်ထဲတွင် ကလေးဟုသာထင်ပြီး စိတ်မချဖြစ်နေတတ်ကြသည်။
ယခုတွင်လည်း သမီးဖြစ်သူဟာ အရွယ်ရောက်လို့ လက်ထပ်ခဲ့ပြီး သတိုးသား၏နေအိမ်သို့ လိုက်သွားရတော့မှာဖြစ်ပါတယ်။ထိုအခါ ဖခင်ကသမီးလေးကို စိတ်ပူနေခဲ့ပြီး မိဘတို့နှင့်ခွဲခွာသွားတော့မည်ဖြစ်သဖြင့် ဝမ်းနည်းစွာငိုကြွေးနေခဲ့သည်။
ထို့နောက်တွင် သတိုးသားကို သမီးလေးအား သေချာစွာစောင့်ရှောက်ပေးဖို့ရန် အလေးပြုပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
မင်္ဂလာပွဲအပြီး၌ သမီးဖြစ်သူကို သတိုးသားလက်ထဲထည့်လိုက်ရတော့မည်ဖြစ်သဖြင့် သမီးဖြစ်သူကို သေချာစွာစောင့်ရှောက်ပေးဖို့ ငိုယိုကာအလေးပြုပြီး သတိုးသားကိုတောင်းဆိုခဲ့သည့်ဖခင်
Shoon (Cele Daily)