ရုပ်ရည်အဆင်းသဏ္ဍာန်ကိုမကြည့်ဘဲ ခင်ပွန်းဖြစ်သူကို လူအများရှေ့မှာ ချစ်ကြောင်း ဂုဏ်ယူစွာ ထုတ်ပြခဲ့တဲ့ အမျိုးသမီးတစ်ဦး

News


တစ်ခါတလေ လူတစ်ယောက်ရဲ့ ဘဝမှာ လှပဖို့၊ ချောမောဖို့ မလိုအပ်ပါဘူး။ အကြောင်းက လူတစ်ယောက်ရဲ့ အသွင်အပြင်ကို မကြည့်တဲ့သူတွေရှိတာကြောင့်ဖြစ်သလို ၎င်းတို့ဟာ လူတစ်ယောက်ရဲ့ ဖြူစင်တဲ့ စိတ်ဆန္ဒကိုသာ ကြည့်တတ်ကြပါတယ်။ ဒါ့ကြောင့် ဒီမိသားစုဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာဖြစ်ပြီး အရမ်းပျော်ပြီး ကျေနပ်နေတဲ့ ဒီမိသားစုရဲ့ ဓာတ်ပုံတချို့ကို သင်တွေ့မြင်ရမှာဘဲဖြစ်ပါတယ်။ အမျိုးသားရဲ့ ပုံသဏ္ဍာန်မည်သို့ပင်ရှိစေကာမူ ဒီအမျိုးသမီးက လက်ခံပြီး သူမတို့ရဲ့ကလေးသုံးယောက်နှင့် ပျော်ရွှင်နေသည်ကို ထင်ရှားစွာတွေ့နိုင်ပါတယ်။ ဤအမျိုးသမီးဟာ အပြင်ပန်းအသွင်အပြင်ကိုမကြည့်ဘဲ သူမရွေးချယ်လိုက်တဲ့အမျိုးသားရဲ့စိတ်နေစိတ်ထားကိုသာကြည့်ခဲ့ကြောင်းကိုလည်း သက်သေပြနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ သူမခင်ပွန်းရဲ့အသွင်အပြင်ကို လျစ်လျစ်ရှုကာ သူ့အား ချစ်နေဆဲဖြစ်သလို ခင်ပွန်းရဲ့ကြင်နာမှုကို မငြင်းနိုင်တာကြောင့် ဤအမျိုးသမီးကို လူအများက သဘောကျနေခဲ့ကြပါတယ်။

ထို့ပြင် အလွန်ချစ်ဖို့ကောင်းတဲ့ ၎င်းတို့ရဲ့ တတိယမြောက်ရင်သွေးလေးရဲ့ မွေးကင်းစဓာတ်ပုံကိုလည်း ဓာတ်ပုံတစ်ပုံမှာ မြင်တွေ့နိုင်ပါတယ်။ ဒီပျော်ရွှင်စရာကောင်းတဲ့ မိသားစုဓာတ်ပုံလေးက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ပုံပန်းသဏ္ဍာန်ပေါ်အခြေခံတာမဟုတ်ဘူးဆိုတာ သက်သေပြနိုင်တာကြောင့် သင်လည်း သင့်မှာရှိတာကိုသာလက်ခံလိုက်ရင်တော့ အခုလို ပြီးပြည့်စုံပြီး ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်နိုင်မှာပါဘဲ။ ရလဒ်အနေနဲ့ အင်တာနက်အသုံးပြုသူအများအပြားက ၎င်းမိသားစုအကြောင်းကို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကို ဖော်ပြခဲ့ကြပါတယ်။ “ကျွန်တော်တို့အားလုံးက ကျွန်တော်တို့၏ဘုရားသခင်ရှေ့တော်၌ လှပချောမောကြတယ်၊ ကိုယ်တော်ဘုရားက ကျွန်တော်တို့ကို သူ့ရဲ့ပုံသဏ္ဌာန်နှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ထားပေးတာကြောင့် ၊

ကျွန်တော်တို့အတွက် ခြွင်းချက်မရှိချစ်ပေးမဲ့သူတစ်ဦးရဲ့ချစ်ခြင်းမေတ္တာကို ခံထိုက်ပါတယ်၊ ကျွန်တော်တို့က ဘယ်သူ၊ဘယ်လိုဘဲဖြစ်နေပါစေပေါ့လေ ၊ ဒီလှပတဲ့မိသားစုကို ဘုရားသခင်ကောင်းချီးပေးပါစေကွယ် ” ဟု အင်တာနက်သုံးစွဲသူတစ်ဦးက ရေးသားခဲ့ပါတယ်။ ထို့ပြင်အင်တာနက်အသုံးပြုသူတစ်ဦးရဲ့ ပြောကြားချက်အရ အမျိုးသမီးအများစုဟာ ၎င်းတို့ရဲ့ အမျိုးသားများ ချောမောကြည့်ကောင်းကြတာကိုဘဲ ရွေးချယ်တတ်ကြတာကြောင့် ရုပ်ရည်ကောင်းတာထက် စိတ်နှလုံးကောင်းရှိသူကို အရင်ဆုံး ရွေးချယ်သင့်ကြောင်းလည်း မှတ်ချက်ပေးထားခဲ့ပါသေးတယ်။

သို့ပေမဲ့ ဒီချောမောလှပတဲ့အမျိုးသမီးက ဒီအမျိုးသားနှင့် တကယ်ချစ်ကျွမ်းဝင်နေတယ်ဆိုတာကို ယုံရခက်နေခဲ့ကြတဲ့ လူများစွာလည်း ရှိနေခဲ့ပါတယ်။ ဒါပေမယ့် တခြားသူတွေ ဘာပြောပြော အရေးမကြီးပါဘူး၊ ဘာကြောင့်လဲဆိုတော့ အရေးကြီးတာက ၎င်းတို့နှစ်ဦးအတွက် ၎င်းဇနီးမောင်နှံတို့နှစ်ဦးသား အတူတူ ပျော်ရွှင်နေပြီး အချင်းချင်း ချစ်နေကြဖို့ပါပဲ။ သေချာတာတစ်ခုကတော့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင် ဒီပုံပန်းသဏ္ဍာန်ဟာ အခြေအမြစ်မရှိဘူးဆိုတာ ထင်ရှားနေပါတယ်။ အရေးကြီးဆုံးအချက်က သင့်နှလုံးသားရဲ့ လက်တွဲဖော်ဖြစ်တဲ့ သင် မြတ်နိုး ၊ ဂုဏ်ယူပြီး ချစ်ကျွမ်းဝင်နေတဲ့ တစ်စုံတစ်ယောက်က သင့်မှာရှိရှိသမျှကိုတောင် လက်ခံရန် အဆင်သင့်ဖြစ်နေဖို့ဘဲ လိုအပ်တာပါဗျာ။

Mia (Mckzone daily)

Reference : everytruenews24

Leave a Reply

Your email address will not be published.