ခေတ်မီလာသည်နှင့်အမျှ အချို့သောသူများသည် ငွေကြေးများစွာ အကုန်ကျခံပြီး ခွဲစိတ်ပြုပြင်တာမျိုးတွေ ပြုလုပ်လာကြပြီး အချို့ကျတော့လည်း သေချာမစုံစမ်းပဲ လှချင်လွန်း၍ သွားပြင်ခါမှ ရုပ်ပျက်ဆင်းပျက်ဖြစ်ကုန်တာမျိုးလည်း ကြုံရတတ်သည်။
ယခုတွင်လည်း ယူကေနိုင်ငံမှ အသက်၂၄နှစ်အရွယ် မိန်းကလေးတစ်ဦးသည် စိုပြည်သော နှုတ်ခမ်းဖောင်းဖောင်းလေး ရချင်လို့ဆိုပြီး ရပ်ကွက်ထဲရှိ အလှပြင်ဆိုင်နားကနေ နှုတ်ခမ်းဖြည့်စွက်ဆေးများ ထိုးသွင်းခဲ့သည်။
မိန်းကလေးသည် လှချင်တာပဲ သိပြီး ဆိုင်ရဲ့လုပ်ဆောင်ချက် အရည်အချင်း ကောင်းမကောင်းကို သေချာမစုံစမ်းခဲ့သည့်အတွက်ကြောင့် မထင်မှတ်ထားတာတွေဖြစ်လာပြီး ဆေးရုံရောက်ခဲ့ရသည်။
ဆိုင်ဝန်ထမ်းများဧ။် ပြောကြားချက်အရ နှုတ်ခမ်းအား ဆေးထိုးပြီး ၁နာရီအကြာတွင် သူမလိုချင်သော စိုစိုပြည်ပြည်နှုတ်ခမ်းမျိုး ဖြစ်သွားလိမ့်မည်ဟု ဆိုထားသော်လည်း တကယ်တမ်း လက်တွေ့မှာတော့ သူမရဲ့နှုတ်ခမ်းမှာ အလွန်နာကျင်လာပြီး ရောင်ရမ်းလာတာကြောင့် မခံစားနိုင်တော့သည့်အဆုံး ဆေးရုံသို့ အပြေးလွှား သွားပြခဲ့ရသည်။
မိန်းကလေးသည် သူမရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် နဂိုအလှပါ ပျောက်ဆုံးသွားပြီး နှုတ်ခမ်းထော်ထော်ကြီးဖြစ်နေကာ နောင်တရနေပြီး အခြားသူများလည်း သူမလိုအဖြစ်မျိုးနဲ့ မကြုံတွေ့စေရန် သတိပေး မျှဝေခဲ့သည်။
Rain (For Ialinks)
Zawgyi
နှုတ်ခမ်းစိုစိုပြည်ပြည်လေး လိုချင်လို့ဆိုပြီး အလှပြင်ဆိုင်ဆီကနေ ဖြည့်စွက်ဆေးထိုးခဲ့ရာမှ နာကျင်ပြီး ရောင်ရမ်းလာတာကြောင့် ဆရာဝန်ဆီ သွားပြခဲ့ရသည့် မိန်းကလေး
Rain (For Ialinks)