အချို့သောသူများသည် ရှားပါးသောမျိုးရိုးဗီဇအခြေအနေကြောင့် အယောက်၁၀၀လောက်မှာ တစ်ယောက်သာဖြစ်သော ထူးဆန်းသည့်ရောဂါများကို ခံစားနေရကာ ကုသမယ့်ဆေးကလည်းမရှိဖြစ်ကြရသည်။
ယခုတွင်လည်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာရှိ ၃နှစ်အရွယ် ကလေးငယ်တစ်ဦးသည် Uncombable Hair Syndromeဟုခေါ်သော ရှားပါးရောဂါကြောင့် မွေးကတည်းက သူ့ရဲ့ခေါင်းတစ်ခုလုံးဖြူဖွေးနေပြီး ငွေရောင်ဆံပင်များကို ပိုင်ဆိုင်ထားလျက်ရှိသည်။
မိဘနှစ်ပါးသည် သားလေးရဲ့ကျန်းမာရေးကို စိုးရိမ်ပြီး အရေပြားဆရာဝန်တွေနဲ့ ပြသခဲ့ပေမယ့် ဆံပင်အရောင်ပြောင်းတာကလွဲပြီး ကလေးရဲ့ဖွံ့ဖြိုးမှုနှုန်းနဲ့ ကျန်းမာရေးအားလုံးက ကောင်းမွန်လျက်ရှိတာကြောင့် စိုးရိမ်စရာမရှိကြောင်း ဆိုခဲ့သည်။
ကောင်လေးရဲ့ဆံပင်ထူးခြားမှုကြောင့် အပြင်သွားချိန်တိုင်း လူအများရဲ့အာရုံစိုက်မှု အကြည့်တွေကိုခံရကာ အချို့သောသူများက အမှတ်တရ ဓာတ်ပုံတွဲရိုက်ကြရင်းနဲ့ နာမည်ကြီးလာခဲ့သည်။
Rain (For Ialinks)
Zawgyi
မျိုးရိုးဗီဇကြောင့် မွေးကတည်းက ငွေရောင်ဆံပင်လေးကို ပိုင်ဆိုင်ထားပြီး တမူထူးခြားနေ၍ နာမည်ကြီးလာခဲ့သော ကောင်လေး
Rain (For Ialinks)