တစ်သက်လုံးအသက်ဝဝမရှုရဘဲ အသက်ရှုကြပ်နေခဲ့ရပြီး နှစ်ပေါင်း၃၇နှစ်ကြာမှ နှာခေါင်းထဲတွင် ပလပ်စတစ်အပိုင်းလေးတစ်ခုခံနေကြောင်းသိခဲ့ရသည့်အမျိုးသမီး

News

လူသားတို့၏အသက်ရှင်သန်ရေအတွက် အောက်စီဂျင်သည် မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်ပါတယ်။အသက်ရှုကြပ်သည့်အခြေအနေတွေကို လူတိုင်းကြုံတွေ့ဖူးကြပြီး အသက်ရှုကြပ်လျှင် မွန်းကြပ်လှပြီး နေရခက်ပါတယ်။

ယခုတွင်တော့ Ms McCarthyဆိုသည့် အသက်၄၅နှစ်အရွယ်အမျိုးသမီးဟာ အသက်ရှုကြပ်ပြီး တစ်သက်လုံးနေလာရတာဖြစ်ပါတယ်။ဆရာဝန်နှင့်ပြသရာတွင်လည်း နှာခေါင်းကြွက်သားရောဂါဟုသာ ပြောဆိုနေကြပြီး ရောဂါကိုပျောက်ကင်းအောင်မကုနိုင်သည့်အတွက် ဘဝတစ်လျှောက်လုံးကို ပင်ပန်းခက်ခဲနေခဲ့ရပါတယ်။

တစ်နေ့တွင်တော့ ကလေးဘဝက ပလပ်တစ်အပိုင်းအစများဖြင့် ဆော့ကစားခဲ့တာကို သတိရသွားပြီး စစ်ဆေးကြည့်ရာမှ နှာခေါင်းထဲတွင်ပိတ်နေသော ပလပ်စတစ်အပိုင်းစလေးတစ်ခုကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Leave a Reply

Your email address will not be published.