အဝေးထိန်းစနစ်ဖြင့် မို-င်းများစမ်းသပ်ဖော က်ခွဲမှုအောင်မြင်ကြောင်း ဗိုလ်ဂဠုန်ယင်းမာပင် PDF ပြော

News

အဝေးထိန်းစနစ်ဖြင့် မိုင်းများစမ်းသပ်ဖောက်ခွဲမှုအောင်မြင်ကြောင်း ဗိုလ်ဂဠုန်ယင်းမာပင် PDF ပြော
==================

အဝေးထိန်းစနစ်ဖြင့် မိုင်းများ စမ်းသပ်ဖောက်ခွဲမှုအောင်မြင်ကြောင်း စစ်ကိုင်းတိုင်း ယင်းမာပင်အခြေစိုက် ဗိုလ်ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ပြောသည်။

အဝေးထိန်းစနစ်ဖြင့် နှစ်မိုင်ခန့်အကွာမှမိုင်းများကို တစ်လုံးခြင်း(သို့မဟုတ်)အတွဲလိုက်ကြိုက်သည့် အချိန် တွင် ဖောက်ခွဲနိုင်သည့်နည်းစနစ်ဖြစ်ပြီး Jammer (တယ်လီဖုန်းလှိုင်းနှောက်စက်) ကျော်နည်းပါသည့် အတွက် စစ်ကောင်စီတပ်၏ Jammer တပ်ဆင်ထားသည့်ကားများကိုပါ ဖောက်ခွဲတိုက်ခိုက်နိုင်သည်ဟု ဗိုလ်ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်မှပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့ ဖိုက်ဘာမိုင်းဆိုရင်ဖြင့် အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတာပါဗျ။ သူက ဖိုင်ဘာမိုင်းတွေဆင် ပြီး အဝေးမှာ အထိုင်ခွက်ကိုချထားတယ်။ စက်ကတော့ အခြားတနေရာကိုယူသွားပြီး ဖောက်ခွဲတာပေါ့ နော်။ လူအတွက်လည်း အန္တရာယ်ကင်းတယ်။ ဒီနည်းပညာကို ကျွန်တော်တို့တပ်ရင်းအနေနဲ့ မနှစ်က ၁၀ လပိုင်းကတည်းက ရခဲ့တာပါ” ဟု ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကို ပြောသည်။

လက်ရှိအချိန်တွင် အဝေးထိန်းစနစ်ဖြင့် ဖိုက်ဘာမိုင်းများဖောက်ခွဲတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် အတွင်းစတင်အသုံးပြုနေပြီး စစ်ကောင်စီတပ်များကို အထိနာစေခဲ့သည်ဟုသိရသည်။ ထိုသို့ တိုက်ခိုက်မှု များ အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်ရန်အတွက် အဝေးထိန်းစက်များလိုအပ်နေသည်ဟုလည်း ဆိုသည်။

“အဝေးထိန်းစက်က အတော်အရေးတကြီး လိုအပ်နေပါတယ်။ အခုလက်ရှိ တပ်ရင်းမှာ စက်တစ်လုံးပဲရှိ တာပါ။ လိုတာက ၁၅ လုံးလောက်လိုတာပါ။ ကျွန်တော်တို့တပ်ရင်းအနေနဲ့ ပြည်တွင်းပြည်ပ ထောက်ပံ့မှု ကလည်း အရမ်းနည်းအားနေပါတယ်။ ဒါကြောင့် ပြည်တွင်းမှာရှိကြတဲ့အလှူရှင်များနဲ့ ပြည်ပမှာရောက်ရှိ နေတဲ့ပြည်သူတွေအနေနဲ့ ထောက်ပံ့မှုအကူညီများပြုလုပ်ပေးကြဖို့ ဗိုလ်ဂဠုန်တပ်ရင်းမှပြည်သူလူထု အားမေတ္တာရပ်ခံပါရစေ” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ အဝေးထိန်းစနစ်ဖြင့် ဖိုက်ဘာမိုင်းများဖောက်ခွဲတိုက်ခိုက်မှုနည်းပညာသည် ကုန်ကျစရိတ်ကြီးမား သည့်အတွက် ပြီးခဲ့သည့်နှစ်အတွင်းက ရပ်နားထားခြင်းဖြစ်ပြီး ယခုမှသာ ကိုယ်ထူကိုယ်ထလုပ်ဆောင် နေခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်မာပင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန် နေပြီး ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။Mizzima

Leave a Reply

Your email address will not be published.