စစ်ကောင်စီ၏ ကျောင်းတက်ရေးစီမံချက်အောက် တက္ကသိုလ်ကျောင်း/ကျောင်းသူများနှင့်ပတ်သက်၍ စုံစမ်းမှုပြုနေ
—————
စစ်ကောင်စီ၏ ကျောင်းတက်သူများရေးစီမံချက်အောက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ တက္ကသိုလ် ကောလိပ်များရှိ ကျောင်းသား/ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များနှင့်တကွ ကျောင်းအပ်စာရင်းကို သက်ဆိုင်ရာမြို့နယ်အာဏာပိုင်များသို့ ပေးအပ်မှုနှင့်တကွ နေအိမ်များတွင်လိုက်လံစုံစမ်းရန်စီစဉ်လျှက်ရှိသည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။
မဇ္ဈိမက လက်ခံရရှိထားသော မကြာသေးခင်က ဌာနတွင်းထုတ်ပြန်ချက်တစ်ခုအရ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်တို့တွင် ” ကျောင်းအပ်နှံရန်ကျန်ရှိသည့် ကျောင်းသား/ကျောင်းသူများ ပညာရေးထိခိုက်မှုမရှိစေရေးအတွက် ကျောင်းတက်ရန်ကျန်ရှိနေသော ကျောင်းသား/ကျောင်းသူများ ကျောင်းတက်စေရေး” ဆိုကာ မြို့နယ်အလိုက်ကွင်းဆင်းစည်းရုံးကြီးကြပ်မှုအဖွဲ့အစည်းများ ဖွဲ့စည်းရန် ညွှန်ကြားချက်ပါရှိသည်။
အဆိုပါမြို့နယ်ကြီးကြပ်မှုအဖွဲ့များတွင် မြို့နယ်ပညာရေးမှူး၊ နယ်ထိန်းရဲ၊ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများပါဝင်ကာ လွန်ခဲ့သည့်လကဖွင့်လှစ်ခဲ့သည့် တက္ကသိုလ်များတွင် ကျောင်းအပ်နှံမှုမရှိသည့်သူများကို ” ကျိုးကြောင်းခိုင်လုံစွာရှင်းပြပြီး ကျောင်းပြန်လည်တက်ရေးအတွက် ကွင်းဆင်း၍ စည်းရုံးဆောင်ရွက်” ရန်ဟုလည်းမှာကြားထားသည်။
သို့သော် မြေပြင်အကောင်အထည်ဖော်မှုတွင် ကျောင်းသား/ကျောင်းသူများ မည်သည့်နေရာတွင်ရောက်ရှိနေခြင်းနှင့် အလုပ်အကိုင်ကို စုံစမ်းမေးမြန်းမှုပြုနေကြောင်း သိရသည်။
“အဓိကကတော့ ကျွန်တော်တို့ကိုခေါ်အဖွဲ့ထဲထည့်ပြီး အစည်းအဝေးမှာသူတို့ပြောတာက အဲဒီကျောင်းသားတွေအိမ်မှာ နေ မနေ၊ သူတို့ဘယ်ရောက်နေလဲ အဓိကသိချင်တယ်လို့ပြောတာ။ ကျောင်းတက်ဖို့မတက်ဖို့ထက် ကျောင်းသားတွေ လက်နက်ကိုင် မကိုင် ပိုသိချင်ပုံရတယ် ” ဟု ကြီးကြပ်ရေးအဖွဲ့တစ်ခုတွင်ပါသော ရပ်မိရပ်ဖတစ်ဦးက မဇ္ဈိမသို့ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ တက္ကသိုလ်တက်ရောက်နေသည့်ကျောင်းသားကျောင်းသူများ၏စာရင်းကို သက်ဆိုင်ရာတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့များမှ အထွေထွေအုပ်ချုပ်ရေးရုံးများထံပေးပို့ထားကြောင်းလည်း သိရသည်။Mizzima