လေလံပွဲတုန်းက ပါဝင်ခဲ့တဲ့ ပြည်သူတွေရဲ့ စေတနာတွေ၊ စိတ်ခံစားချက်တွေကို အလေးထားဖို့ အဆိုတော်ကျားပေါက် တိုက်တွန်

News

<

လေလံပွဲတုန်းက ပါဝင်ခဲ့တဲ့ ပြည်သူတွေရဲ့ စေတနာတွေ၊ စိတ်ခံစားချက်တွေကို အလေးထားဖို့ အဆိုတော်ကျားပေါက် တိုက်တွန်း
ဇွန်(၂၄)ရက် ||| နွေဦးအသံ |||

ပြီးခဲ့သည့်နှစ်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေအတွက် လေလံတင်ရောင်းချခဲ့တဲ့ အဆိုတော် ဟန်ထူးလွင်(ခ)ကျားပေါက်က Doodle Art ရေးဆွဲထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Ukulele ကို ပုံစံတူ အတုပြုလုပ်ပြီး Grace’s Mart page တခုကနေ ရောင်းချနေတယ်လို့ သိရပါတယ်။

“နဂိုဆွဲထားတဲ့ အနုပညာပစ္စည်းရဲ့ ၊ဒီ.. ပဂတိတန်ဖိုးပေါ့နော်၊ အဲဒီတန်ဖိုးကို မတွက်ရင်တောင် ၊ဆွဲထားတုန်းကရော၊ နောက် ဒီ auction မှာ ဖြစ်ခဲ့တဲ့ လူတွေရဲ့ စေတနာတွေ ၊ စိတ်တွေ ၊ ဒီ.. Vibes တွေ၊ အဲဒါတွေကိုတော့ respect ထားသင့်တယ်လို့ ထင်တယ်”
လို့ အဆိုတော် ကျားပေါက်က နွေဦးအသံကို ပြောပါတယ်။

Grace’s Mart page က အဆိုတော် ကျားပေါက်ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Ukulele ကို ပုံစံတူ အတုလုပ်ကာ ငွေကျပ် (၅)သောင်းနဲ့ ရောင်းချနေတာဖြစ်ပြီး အဆိုတော်ကျားပေါက် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။

“ပစ္စည်းရဲ့ တန်ဖိုးကို respect မထားရင်တောင်ပေါ့နော်၊ ကျနော့် အနုပညာကို တန်ဖိုးထားတာတို့၊ ဘာတို့ကို ပြောနေတာ မဟုတ်ဘူး။ ဒါက ကျနော် တယောက်ထဲ ပစ္စည်းရောင်းလိုက်၊ ပစ္စည်းဝယ်လိုက်တဲ့ ကိစ္စတခု မဟုတ်ခဲ့ဘူးလေနော်။

အဲဒါမျိုးဆိုရင်တော့ ပိုပြီးတော့ ဆင်ခြင်သင့်တယ်လို့ ထင်တယ်။ နောက် ကျနော်တို့ ပြောင်းလဲမယ်ဆိုရင်လည်း ဒီလိုမျိုး behaviour လေးတွေကနေစပြီး ပြောင်းလဲရမယ်လို့ ထင်ပါတယ်”

ဆိုပြီး အဆိုတော် ကျားပေါက်က နွေဦးအသံ ကို ဆက်ပြောပါတယ်။
အဆိုတော်ကျားပေါက်ရဲ့ Ukulele လေလံပွဲကို ၂၀၂၁ ခုနှစ် ၊အောက်တိုဘာလ၊ ၁၆ ရက် နဲ့ ၁၇ ရက် ၂ ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး ကြမ်းခင်းဈေး အမေရိကန် ဒေါ်လာ ၁,၀၀၀ နဲ့ လေလံဈေး စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

လေလံတင် ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ အမြင့်ဆုံး လေလံအောင်သွားခဲ့ပြီး လေလံပွဲ ရောင်းချငွေ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ အဆိုတော်ကျားပေါက်က လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
©ကျော်ဇေယျ

Leave a Reply

Your email address will not be published.