“ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေဖြင့် ဇွန်လအတွင်းတွင် စစ်ကောင်စီနှင့် အကြီးအသေး ထိတွေ့မှုပေါင်း ၄ ကြိမ်ရှိခဲ့ကြောင်း ထုတ်ပြန်”

News

“ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေဖြင့် ဇွန်လအတွင်းတွင် စစ်ကောင်စီနှင့် အကြီးအသေး ထိတွေ့မှုပေါင်း ၄ ကြိမ်ရှိခဲ့ကြောင်း ထုတ်ပြန်”

၁။ တိုက်ပွဲအမှတ်(၀၁၆/၂၀၂၂)
၂၀၂၂ ခုနှစ်၊မေလ ၃၀ ရက်နေ့ နံနက် ၃:၁၅ အချိန်ခန့်တွင် ပုလဲမြို့နယ်၊ နဂါးမတောင်အနောက်ဘက်အနီးတွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) မှ စကစယာဥ်တန်းကို မိုင်း၊ ပစ္စည်းအကြီးအငယ်များသုံး၍ ဖြတ်တောက်မှု စကစ တပ်သား ၄၀ ခန့်ကျဆုံး။

၂။ တိုက်ပွဲအမှတ်(၀၁၇/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက် နံနက် ၈:၃၀ အချိန်ခန့်တွင် M.R.D.A(ဆားလင်းကြီး) မှဒေါင်းမျိုးဆက် PDF တော်လှန်ရေးတပ်ပေါင်းစုနှင့်ပူးပေါင်း၍ ချင်းတွင်းမြစ်​အတွင်းရှိ စစ်ကြောင်းကို ကာကွယ်ရန် ကနီမြို့နယ်၊ အိုင်တောင်ကျေးရွာမှ ထွက်ခွာလာသော ခန့်မှန်းအင်အား ၈၀ ခန့်ပါ ခြေလျင်စစ်ကြောင်းကို သပြေတောရွာ မရောက်ခင်အနောက်ဘက်နားတွင် မိုင်းဆွဲဖြတ်တောက်မှု အနည်းဆုံး စကစတပ်သား ၁၅ ယောက် ခန့်ကျဆုံး။

၃။တိုက်ပွဲအမှတ်(၀၁၈/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက် မွန်းတည့် ၁၂:၀၀ အချိန့်ခန့်တွင် ယောဘက်မှ ဆင်းလာသော စစ်ကောင်စီယာဥ်တန်းကို ပုလဲမြို့နယ်၊ကျောက်စလင်းတောင်အနီးတွင် ဗိုလ်ခင်ကြီးဦးဆောင်သော M.R.D.A တပ်ခွဲမှ မိုင်းဆွဲဖြတ်တောက်ခဲ့ရာ စကစတပ်သား( ၃ )ယောက်ခန့်၊ နေ့ခင်း ၁:၀၀ အချိန်ခန့်တွင် ကိုဂျွန်လွင်ဦးဆောင်သော M.R.D.A တပ်ခွဲမှ ၅၂ မိုင်အနီးတွင် ထပ်မံမိုင်းဆွဲရာ စကစတပ်သား ၄ ယောက်ခန့်၊

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ညတွင် လယ်ဓမ္မကျေးရွာ ညအိပ်တပ်စွဲပြီးထွက်လာသော ယင်းစစ်ကြောင်းကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၉:၃၀ ချိန်ခန့်တွင် ဗိုလ်နေဦးဆောင်သော M.R.D.A တပ်ခွဲမှ နဂါးမတောင်မရောက်မီတွင် မိုင်းဆွဲမှုတွင် စကစတပ်သား ၁ ယောက်၊ ထို့ကြောင့် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တွင် စကစတပ်သား ၈ ယောက်ခန့်ကျဆုံး။

၄။ တိုက်ပွဲအမှတ် (၀၁၉/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက် နေ့ခင်း ၁:၀၀ အချိန်ခန့်တွင်ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော်မှ မင်းတိုင်ပင်ကျေးရွာနှင့် လက်ပုကန်ကျေးရွာအကြားတွင် ပထမတစ်ကြိမ်၊

ဇွန်လ ၁၃ ရက် နေ့ခင်း ၁:၀၀ အချိန်ခန့်တွင် လက်ပုကန်ကျေးရွာ အရှေ့ဘက်နားတွင် ဒုတိယတစ်ကြိမ် စုစုပေါင်း ၂ ကြိမ် မိုင်းဖြင့်ဖြတ်တောက်ခဲ့ရာ စကစ တပ်သား ၇ ယောက်ခန့်ကျဆုံး။

ဇွန်လအတွင်းတွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)အနေဖြင့် စကစတပ်သား ၇၀ ခန့်ကို အင်အားလျှော့ချနိုင်ခဲ့ပြီး တော်လှန်ရေးအရှိန်အဟုန်မြှင့် ကြိုးစားလျက်ရှိပါသည်။

၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင်ဖြစ်ပွားသော ထိတွေ့မှုကို မေလထိတွေ့မှုစာရင်းချုပ်ပြီးသွားသောကြောင့် ဇွန်လစာရင်းတွင်သာ ထည့်တွက်ထားပါသည်။

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)အ​နေဖြင့် ပုလဲမြို့နယ်အခြေပြုထားပြီး ထိစပ်လျက်ရှိသော ကနီမြို့နယ်၊ဘုတလင်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ဆားလင်းကြီးမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်များအထိ စစ်ရေးလှုပ်ရှားလျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအင်အားစုများအားကောင်းပြီး ပထဝီအနေထားအရလည်း အ ရေးပါသောစစ်ဒေသတစ်ခုဖြစ်သောကြောင့် တော်လှန်ရေးအားစိုက်သည့် မိဘပြည်သူများအနေဖြင့် ဆက်လက်အားထည့်ပေးကြဖို့ မေတ္တာ ရပ်ခံလိုကြောင်း ရေးသားဖော်ပြထားပါတယ်။

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)အနေဖြင့် ယခင်ထက် တော်လှန် ရေးအရှိန်အဟုန် မြှင့်တင်နိုင်ရန် မိဘပြည်သူများ ၏ ယုံကြည်မှု၊ ကူညီမှုများဖြင့် အစဥ်ကြိုးစားလျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာထားပါတယ်။ credit

Leave a Reply

Your email address will not be published.