အမေစုဝတ်စုံအင်္ကျီနဲ့ ရိုးရာလုံချည်အတွက် မဲလက်မှတ်များ စတင်ရောင်းချနေ
ဇွန် ၂၃ ၊ ၂၀၂၂
အမေစု ဝတ်စုံအင်္ကျီ နဲ့ ရိုးရာ လုံချည် အတွက် မဲလက်မှတ်များကို စတင် ရောင်းချပေးနေပြီဖြစ်တယ်လို့ တော်လှန်ရေး အတွက် ရန်ပုံငွေရှာဖွေတဲ့အဖွဲ့ဖြစ်တဲ့ Dawn Of Revo page က ဖော်ပြထားပါတယ်။
မဲလက်မှတ်ဝယ်ဖို့အတွက် နိုင်ငံအလိုက် သက်ဆိုင်ရာ ကိုယ်စားလှယ်တွေဆီမှတဆင့် ဝယ်ယူနိုင်သလို Dawn Of Revo page မှလည်း တိုက်ရိုက် ဆက်သွယ် ဝယ်ယူ နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ရရှိလာတဲ့ ရန်ပုံငွေရဲ့ ၅၀ ရာခိုင်နှုန်းကို MOD အတွက် လွှဲပြောင်းပေးမှာဖြစ်ပီး ၂၅ ရာခိုင်နှုန်း ကို Local PDF တွေအတွက် ထောက်ကူ ပေးမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ၂၅% ကိုတော့ တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာရရှိကြတဲ့ PDF ကလေးတွေအတွက် ပံ့ပိုးသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ဒေါ်လာ တသန်း ရန်ပုံငွေ ဖြစ်လို့ တတပ်တအား ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးကြဖို့အတွက်လည်း တိုက်တွန်းထားတာ တွေ့ ရပါတယ်။
နိုင်ငံအလိုက် လက်မှတ် ဈေးနှုန်းတွေက USD 20$ (အမေရိကန် ၂၀ ဒေါ်လာ) ၊ UK 20£ (စတာလင် ၂၀ပေါင်) ၊ Singapore / Brunei 30$ (စင်္ကာပူငွေ ၃၀ ဒေါ်လာ) ၊ Euro /Netherland, Finland 20€ (ယူရိုငွေ ၂၀ ယူရို) ၊ Australia 30$ (အော်စီငွေ ၃၀ ဒေါ်လာ) ၊
NZD 30$ (နယူးဇီလန်ငွေ ၃၀ ဒေါ်ငွေ) ၊ Japan 3000 ¥ (ဂျပန်ငွေ ယန်း ၃၀၀၀) ၊ Thai 700 B
(ထိုင်းငွေ ၇၀၀ ဘတ်)၊ Korean 30000 W (ကိုးရီးယားငွေ ၀မ် ၃၀၀၀၀) ၊ Taiwan 600 $ (ထိုင်၀မ်ငွေ ၆၀၀ ဒေါ်လာ) ၊ Norway 2000 kr (နော်ဝေးငွေ ၂၀၀၀ ခရိုနာ) ၊ Myanmar 40000 Kyats (မြန်မာငွေ ၄၀၀၀၀ ကျပ်) လို့ သတ်မှတ်ထားပါ တယ်။
လက်မှတ်ဝယ်ယူမယ်သူတွေအနေနဲ့ https://www.facebook.com/100709779191402/posts/157224936873219/ ပေ့ချ်ကိုဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်။PVTV