အင်္ဂလန်က ကမ္ဘာ့အကြီးဆုံး ဂီတနဲ့ အနုပညာပွဲတော်မှာ မြန်မာ လဘက်ရည်ဆိုင်နဲ့ နွေဦးရန်ပုံငွေပြခန်း ဖွင့်လှစ်
ဇွန် ၂၂
Glastonbury Festival ဂလက်စတန်ဘူရီ ပွဲ လို့ လူသိများတဲ့ အင်္ဂလန် တောင်ပိုင်း Pilton ရွာအနီး နှစ်စဥ်ကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံး ဂီတ
နဲ့ အနုပညာပွဲတော်ကြီးမှာ မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေက လက်ဘက်ရည်ဆိုင်နဲ့ နွေဦးတော်လှန်ရေး အတွက် ရန်ပုံငွေ အရောင်း
ပြခန်း သွားရောက်ဖွင့်လှစ်ခဲ့ပါတယ်။
ကိုဗစ်ကြောင့် ၂ နှစ်ကြာ ရပ်နားထားတဲ့ ဒီ ပွဲတော်ကြီးကို အခု ၂၀၂၂ မှာ ဇွန် ၂၂ ရက်ကနေ ၂၆ ရက်နေ့ အထိ ၅ ရက်တာ ကျင်းပမှာ ဖြစ်ပြီး
ကမ္ဘာအရပ်ရပ်က နာမည်ကျော် အဆိုတော်တွေ အနုပညာရှင်တွေ လာရောက် ဖျော်ဖြေကြတဲ့ ကမ္ဘာ့ စတိတ်ရှိုးပွဲကြီး လည်း ဖြစ်ပါတယ်။
အင်္ဂလန်က အသက် ၈၀ အရွယ် နာမည်ကျော် အဆိုတော်ကြီး ဆြာ ပေါမက်ကနေ လည်း လာရောက် ဖျော်ဖြေ မှာ ဖြစ်သလို မကြာသေး
ခင်က ယူရိုဗီရှင်း ဥရောပ အဆိုပြိုင်ပွဲမှာ ပထမ ရသွားတဲ့ ယူကရိန်းက ဂီတအဖွဲ့လည်း လာရောက်ဖျော်ဖြေမယ်လို့ လို့လည်း သိရပါတယ်။
ဒီပွဲဟာ ဧက ရာချီတဲ့ ကွင်းပြင်ကြီးမှာ စတိတ်စင်ပေါင်း များစွာနဲ့ အနုပညာ လက်ရာများစွာကို ယာယီ တဲကြီးတွေ ထိုးပြီး ဖျော်ဖြေ ပြသ
တာ ဖြစ်ပါတယ်။
ဒီကွင်းကြီးထဲ လာရောက် ကြည့်ရှုမယ့် ပရိသတ်တွေဟာလည်း ကွင်းကြီးထဲ ဝင်ဖို့ လက်မှတ် တင်ကြို ဝယ်ယူရတာ ဖြစ်ပြီး၊ ကိုယ့်ဘာသာ
camping ယာယီတဲ ထိုးကာ အထဲမှာ နေထိုင်ပြီး ပွဲတွေကို လှည့်ပတ် ကြည့်ရှု ကြရတာ ဖြစ်ပါတယ်။
ဓါတ်ပုံ – Zine Khine
THN f j
အင်္ဂလန်က ကမ္ဘာ့အကြီးဆုံး ဂီတနဲ့ အနုပညာပွဲတော်မှာ မြန်မာ လဘက်ရည်ဆိုင်နဲ့ နွေဦးရန်ပုံငွေပြခန်း ဖွင့်လှစ်
ဇွန် ၂၂
Glastonbury Festival ဂလက်စတန်ဘူရီ ပွဲ လို့ လူသိများတဲ့ အင်္ဂလန် တောင်ပိုင်း Pilton ရွာအနီး နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့အကြီး
ဆုံး ဂီတနဲ့ အနုပညာပွဲတော်ကြီးမှာ မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေက လက်ဘက်ရည်ဆိုင်နဲ့ နွေဦးတော်လှန်ရေး အတွက်
ရန်ပုံငွေ အရောင်းပြခန်း သွားရောက်ဖွင့်လှစ်ခဲ့ပါတယ်။
ကိုဗစ်ကြောင့် ၂ နှစ်ကြာ ရပ်နားထားတဲ့ ဒီ ပွဲတော်ကြီးကို အခု ၂၀၂၂ မှာ ဇွန် ၂၂ ရက်ကနေ ၂၆ ရက်နေ့ အထိ ၅ ရက်တာ ကျင်း
ပမှာ ဖြစ်ပြီး ကမ္ဘာအရပ်ရပ်က နာမည်ကျော် အဆိုတော်တွေ အနုပညာရှင်တွေ လာရောက် ဖျော်ဖြေကြတဲ့ က
မ္ဘာ့ စတိတ်ရှိုးပွဲကြီး လည်း ဖြစ်ပါတယ်။
အင်္ဂလန်က အသက် ၈၀ အရွယ် နာမည်ကျော် အဆိုတော်ကြီး ဆြာ ပေါမက်ကနေ လည်း လာရောက် ဖျော်ဖြေ မှာ ဖြစ်
သလို မကြာသေးခင်က ယူရိုဗီရှင်း ဥရောပ အဆိုပြိုင်ပွဲမှာ ပထမ ရသွားတဲ့ ယူကရိန်းက ဂီတအဖွဲ့လည်း လာရောက်ဖျော်ဖြေ
မယ်လို့ လို့လည်း သိရပါတယ်။
ဒီပွဲဟာ ဧက ရာချီတဲ့ ကွင်းပြင်ကြီးမှာ စတိတ်စင်ပေါင်း များစွာနဲ့ အနုပညာ လက်ရာများစွာကို ယာယီ တဲကြီးတွေ ထိုးပြီး ေ
ဖျာ်ဖြေ ပြသတာ ဖြစ်ပါတယ်။
ဒီကွင်းကြီးထဲ လာရောက် ကြည့်ရှုမယ့် ပရိသတ်တွေဟာလည်း ကွင်းကြီးထဲ ဝင်ဖို့ လက်မှတ် တင်ကြို ဝယ်ယူရတာ ဖြ
စ်ပြီး၊ ကိုယ့်ဘာသာ camping ယာယီတဲ ထိုးကာ အထဲမှာ နေထိုင်ပြီး ပွဲတွေကို လှည့်ပတ် ကြည့်ရှု ကြရတာ ဖြစ်ပါတယ်။
ဓါတ္ပုံ – Zine Khine
THN f j