ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိသော နေပြည်တော်အချုပ်ထောင်အတွင်းက တကိုယ်တည်းနေရတဲ့ အိမ်

News

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိသော နေပြည်တော်အချုပ်ထောင်အတွင်းက အဆောက်အအုံ

မဇၩိမ

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်အတွင်း ထားရှိသော အဆောက်အအုံဟုဆိုသောဓာတ်ပုံကို မဇ္ဈိမက လက်ခံရရှိထားခဲ့သည်။

ဇွန်လ ၂၂ရက်နေ့လယ်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ စစ်ကောင်စီတပ်ထိန်းချုပ်ရာလျို့ဝှက်နေရာမှသည် အချုပ်ထောင်အတွင်း သီးသန့်အဆောက်အအုံသို့ လုံခြုံရေးထူထပ်စွာဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

 

စစ်ကောင်စီက အဆိုပါအဆောက်အအုံကို လွန်ခဲ့သောလအနည်းငယ်ကစ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားရာနေနှင့်ပတ်သက်၍ ရွှေ့ပြောင်းမှုတွင် ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်သည်။

ရွေးကောက်ခံအစိုးရခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အာဏာသိမ်းစစ်ကောင်စီဘက်က အမှု ၁၉ မှုစွဲဆိုထားပြီး လက်ရှိတွင် ခြောက်မှုအတွက် အသားတင်ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပြီးဖြစ်ကာ ကျန်ရှိသောအမှုများအတွက် ထောင်တွင်းတရားရုံးတွင်ပင် ရင်ဆိုင်ရတော့မှာဖြစ်သည်။

Crd- Mizzama

 

Zawgyi

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိသော နေပြည်တော်အချုပ်ထောင်အတွင်းက အဆောက်အအုံ

မဇ္ဈိမ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်အတွင်း ထားရှိသော အဆောက်အအုံဟုဆိုသောဓာတ်ပုံကို မဇ္ဈိမက လက်ခံရရှိထားခဲ့သည်။

 

ဇွန်လ ၂၂ရက်နေ့လယ်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ စစ်ကောင်စီတပ်ထိန်းချုပ်ရာလျို့ဝှက်နေရာမှသည် အချုပ်ထောင်အတွင်း သီးသန့်အဆောက်အအုံသို့ လုံခြုံရေးထူထပ်စွာဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက အဆိုပါအဆောက်အအုံကို လွန်ခဲ့သောလအနည်းငယ်ကစ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း အသက် ၇၇ နှစ်အရွယ် ​ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားရာနေနှင့်ပတ်သက်၍ ရွှေ့ပြောင်းမှုတွင် ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်သည်။

 

ရွေးကောက်ခံအစိုးရခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အာဏာသိမ်းစစ်ကောင်စီဘက်က အမှု ၁၉ မှုစွဲဆိုထားပြီး လက်ရှိတွင် ခြောက်မှုအတွက် အသားတင်ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပြီးဖြစ်ကာ ကျန်ရှိသောအမှုများအတွက် ထောင်တွင်းတရားရုံးတွင်ပင် ရင်ဆိုင်ရတော့မှာဖြစ်သည်။

Crd- Mizzama

Leave a Reply

Your email address will not be published.