မန္တလေးမြို့တွင် ဆိုင်ကယ်စီးသူများ လိုက်နာရမည့်စည်းကမ်းချက်များ ထပ်မံကြေညာ

News

ဆိုင်ကယ်စီးလျှင် မှတ်ပုံတင်ယူရမည့်အချက် အပါအဝင် အခြားစည်းကမ်းများကို စစ်ကောင်စီ ကြေညာ

မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ဆိုင်ကယ် စီးလျှင် မှတ်ပုံတင်မူရင်း၊ ကိုဗစ်ဆေးထိုးပြီးကြောင်းကဒ်နှင့် ယာဥ်မောင်းလိုင်စင်များယူဆောင်ရမည်ဟု စစ်ကောင်စီလက်အောက် ခံရပ်ကွက်ရုံးများက လိုက်လံကြေညာနေကြောင်းမြို့ခံများထံကသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များသည် တောထဲတွင်နေရသည့်အတွက် ကိုဗစ်ဆေးထိုးထားသည့် ကဒ်ပြားမရှိနိုင်၍ ကိုဗစ်ဆေးထိုးထားသည့် ထောက်ခံကဒ်ပြားစစ်ပါက မြို့ပြပြောက်ကျား အဖွဲ့များကိုဖမ်းနိုင် ကြောင်း စစ်အုပ် စုလော်ဘီ တယ်လီဂရမ် ချန်နယ်များတွင် ပြောဆိုမှုများရှိခဲ့ပြီးနောက် စစ်ကောင်စီက စစ်ဆေးမည်ဟုကြေညာခြင်းဖြစ်သည်။

“ဒီကောင်တွေ တကယ့်ငပေါတွေ၊လော်ဘီတွေရမ်းပြောတိုင်းအကုန်လိုက်လုပ်တာ။အခုကြည့်ဘယ်ဥပဒေလဲ။ ဘယ်ဥပဒေမှာမှတ်ပုံတင်ယူရမယ်ဆိုတာပါလို့လဲဗျာ “ဟု မန္တလေးမြို့ခံတစ်ဦးကမှတ်ချက်ပြုသည်။

အဆိုပါထုတ်ပြန်ချက်ကို ယမန်နေ့ ဇွန် လ၂၂ ရက်က ရပ်ကွက်အချို့တွင် ကားဖြင့်လိုက်လံကြေညာသွားကြောင်း မြို့ခံများထံကသိရသည်။

ထို့အပြင် ဆိုင်ကယ်ကိုနှစ်ယောက်ထပ်ပိုမစီးရန်နှင့် ကားမောင်းပါကခါးပတ်တပ်ရန်ပါကြေညာသွားသည်ဟုသိရသည်။ပြင်ဦးလွင်မြို့တွင်လည်းအဆိုပါ ထုတ်ပြန် ချက်ကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ် ရေးမှူးများကလိုက်လံကြေညာခဲ့ကြောင်းသိရသည်။credit

Leave a Reply

Your email address will not be published.