စစ်ကောင်စီလက်အောက်ကျောင်း ၅ လတက်ပြီး ဆယ်တန်းအောင်မြင်လာသည့်ကျောင်းသူများကို အမျိုးသမီးစစ်ဆရာဝန်ဗိုလ်လောင်း(DSMA) စတင်ခေါ်ယူ

News

စစ်ကောင်စီလက်အောက်ကျောင်း ၅ လတက်ပြီး ဆယ်တန်းအောင်မြင်လာသည့်ကျောင်းသူများကို အမျိုးသမီးစစ်ဆရာဝန်ဗိုလ်လောင်း(DSMA) စတင်ခေါ်ယူ

 

 

စစ်ကောင်စီလက်အောက်ကျောင်း ၅ လတက်ပြီး ဆယ်တန်းအောင်မြင်လာသည့်ကျောင်းသူများကို အမျိုးသမီးစစ်ဆရာဝန်ဗိုလ်လောင်း(DSMA) စHတင်ခေါ်ယူ

 

 

ဟိန်းစံ/ဧရာဝတီတိုင်းမ် ဇွန်လ ၂၃ ရက်စစ်ကောင်စီလက်အောက် ၂၀၂၁- ၂၂ တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်လာသည့်ကျောင်းသူများကို ဇွန်လ ၂၂ ရက် ယမန်နေ့မှစ၍ စစ်ဆေးတက္ကသိုလ် -DSMA (အမျိုးသမီး)အပတ်စဉ် ၁ အတွက် ဝင်ခွင့်များစတင်ခေါ်ယူလာကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရသည်။

 

 

၎င်းတို့စစ်ကောင်စီလက်အောက်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသူများကိုအဓိကထားခေါ်ယူခြင်းဖြစ်ကာ အသက်ကန့်သတ်ချက်အရ ၁၆ နှစ်အထက်၊ ၁၈ နှစ်အောက်ဟုကန့်သတ်ထားကြောင်း သိရသည်။

 

 

အဆိုပါ DSMA အမျိုးသမီးဗိုလ်လောင်းသင်တန်းကို ယခင်ကဖွင့်လှစ်ခြင်းမရှိခဲ့ဘဲ ယခုနှစ်မှစတင်ခေါ်ယူကာ အမှတ်စဉ် ၁ အဖြစ်ခေါ်ယူခြင်းကာ ၆ နှစ်ကြာတက်ရောက်ရမည် ဖြစ်ကြောင်းသိရသည်။

 

 

တာတွေရှိတယ်။ အပြင်ဆေးကျောင်းတွေမှာလည်းဝင်ခွင့်အမှတ်တွေကပြန်ပြင်ထားတာဆိုတော့ အဲ့ဒီအမှတ်လောက်မီတဲ့သူတွေဆိုအကုန်ခေါ်မယ်ထင်တယ်” ဟု မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်မိသားစုဝင်တဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

 

 

စစ်ကောင်စီတပ်သည် ယခင်က အပြင်ဆေးတက္ကသိုလ်များမှ သက်ဆိုင်ရာဆေးပညာဘွဲ့ရရှိထားသူများကိုသာ ခေါ်ယူ၍ ကာလတိုစစ်သင်တန်းပေးကာ အမျိုးသမီးစစ်ဆရာဝန်များခန့်အပ်ထားပြီး စစ်ဆေးတက္ကသိုလ် ( DSMA) ကို ဆယ်တန်းအောင်အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား အမျိုးသားဗိုလ်လောင်းများကိုသာခေါ်ယူခဲ့ခြင်းဖြစ်သည်။

 

 

” အခုက CDM ဆရာဝန်တွေအရမ်းများနေတော့ နယ် ဘက်ဆေးရုံတွေမှာစစ်ဆရာဝန်တွေပြောင်းပို့ထားရတဲ့အခြေအနေကို အစားထိုးနိုင်ဖို့ပြင်ဆင်လာတာရယ်။

 

 

စစ်ဆရာဝန် အမျိုးသမီး DSMA ကို သူတို့ (စစ်ကောင်စီ)က အင်အားလိုလို့ခေါ်ယူတာ” လို့ CDM တပ်မတော်သား ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်က ပြောသည်။

 

 

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်လက် အောက်က စစ်ဆေးတက္ကသိုလ် ကို ဝင်ရောက်လျှောက် ထားသူ ဗိုလ်လောင်းအမျိုးသားနည်းပါးလာသဖြင့် အမျိုးသမီးများကိုလှည့်၍ ခေါ်ယူခြင်းဖြစ်ကြောင်း တပ်မတော်သားဟောင်းတဦးက ပြောဆိုသည်။

 

 

ယခုနှစ် တက္ကသိုလ်ဝင်တန်းကို စစ်ကောင်စီက စာ သင်ချိန် ၅ လဖြင့် ကျင်းပခဲ့တာဖြစ်ပြီး အောင်မြင်လာသည့်ကျောင်းသားများ၏ အရည်အချင်းအပေါ် သံသယဖြစ်စရာရှိတယ်ဆိုပြီး ဝေဖန်မှုများလည်း မြင့်တက်နေခြင်းဖြစ်သည်။

 

 

ဓာတ်ပုံ – စစ်ခေါင်းဆောင် မင်းအောင်လှိုင် မှော်ဘီမျိုးသမီးဗိုလ်သင်တန်းကျောင်းသို့သွားရောက်စဉ်။

 

 

စစ်ကောင်စီလက်အောက်ကျောင်း ၅ လတက်ပြီး ဆယ်တန်းအောင်မြင်လာသည့်ကျောင်းသူများကို အမျိုးသမီးစစ်ဆရာဝန်ဗိုလ်လောင်း(DSMA) စတင်ခေါ်ယူ

 

 

ဟိန်းစံ/ဧရာဝတီတိုင်းမ် ဇွန်လ ၂၃ ရက်စစ်ကောင်စီလက်အောက် ၂၀၂၁- ၂၂ တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်လာသည့်ကျောင်းသူများကို ဇွန်လ ၂၂ ရက် ယမန်နေ့မှစ၍ စစ်ဆေးတက္ကသိုလ် -DSMA (အမျိုးသမီး)အပတ်စဥ် ၁ အတွက် ဝင်ခွင့်များစတင်ခေါ်ယူလာကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရသည်။

 

 

၄င်းတို့စစ်ကောင်စီလက်အောက်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသူများကိုအဓိကထားခေါ်ယူခြင်းဖြစ်ကာ အသက်ကန့်သတ်ချက်အရ ၁၆ နှစ်အထက်၊ ၁၈ နှစ်အောက်ဟုကန့်သတ်ထားကြောင်း သိရသည်။

အဆိုပါ DSMA အမျိုးသမီးဗိုလ်လောင်းသင်တန်းကို ယခင်ကဖွင့်လှစ်ခြင်းမရှိခဲ့ဘဲ ယခုနှစ်မှစတင်ခေါ်ယူကာ အမှတ်စဥ် ၁ အဖြစ်ခေါ်ယူခြင်းကာ ၆ နှစ်ကြာတက်ရောက်ရမည် ဖြစ်ကြောင်းသိရသည်။

 

 

ဒီနှစ်အောင်တဲ့သူတွေကိုအဓိကထားခေါ်တာပေါ့။ လျှောက်ကြဖို့လည်း ပြောတာတွေရှိတယ်။ အပြင်ဆေးကျောင်းတွေမှာလည်းဝင်ခွင့်အမှတ်တွေကပြန်ပြင်ထားတာဆိုတော့ အဲ့

 

 

ဒီအမှတ်လောက်မီတဲ့သူတွေဆိုအကုန်ခေါ်မယ်ထင်တယ်” ဟု မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်မိသားစုဝင်တဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

 

 

စစ်ကောင်စီတပ်သည် ယခင်က အပြင်ဆေးတက္ကသိုလ်များမှ သက်ဆိုင်ရာဆေးပညာဘွဲ့ရရှိထားသူများကိုသာ ခေါ်ယူ၍ ကာလတိုစစ်သင်တန်းပေးကာ အမျိုးသမီးစစ်ဆရာဝန်များခန့်အပ်ထားပြီး စစ်ဆေးတက္ကသိုလ် ( DSMA) ကို ဆယ်တန်းအောင်အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား အမျိုးသားဗိုလ်လောင်းများကိုသာခေါ်ယူခဲ့ခြင်းဖြစ်သည်။

 

 

အခုက CDM ဆရာဝန်တွေအရမ်းများနေတော့ နယ် ဘက်ဆေးရုံတွေမှာစစ်ဆရာဝန်တွေပြောင်းပို့ထားရတဲ့အခြေအနေကို အစားထိုးနိုင်ဖို့ပြင်ဆင်လာတာရယ်။

 

 

စစ်ဆရာဝန် အမျိုးသမီး DSMA ကို သူတို့ (စစ်ကောင်စီ)က အင်အားလိုလို့ခေါ်ယူတာ” လို့ CDM တပ်မတော်သား ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်က ပြောသည်။

 

 

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်လက် အောက်က စစ်ဆေးတက္ကသိုလ် ကို ဝင်ရောက်လျှောက် ထားသူ ဗိုလ်လောင်းအမျိုးသားနည်းပါးလာသဖြင့် အမျိုးသမီးများကိုလှည့်၍ ခေါ်ယူခြင်းဖြစ်ကြောင်း တပ်မတော်သားဟောင်းတဦးက ပြောဆိုသည်။

 

 

ယခုနှစ် တက္ကသိုလ်ဝင်တန်းကို စစ်ကောင်စီက စာ သင်ချိန် ၅ လဖြင့် ကျင်းပခဲ့တာဖြစ်ပြီး အောင်မြင်လာသည့်ကျောင်းသားများ၏ အရည်အချင်းအပေါ် သံသယဖြစ်စရာရှိတယ်ဆိုပြီး ဝေဖန်မှုများလည်း မြင့်တက်နေခြင်းဖြစ်သည်။

 

 

ဓာတ်ပုံ – စစ်ခေါင်းဆောင် မင်းအောင်လှိုင် မှော်ဘီမျိုးသမီးဗိုလ်သင်တန်းကျောင်းသို့သွားရောက်စဥ်။

Crd.

Leave a Reply

Your email address will not be published.