တရုတ်နိုင်ငံမှ အိမ်ထောင်သည်အမျိုးသားတစ်ဦးသည် မိသားစုအပေါ်အရမ်းကြင်နာတတ်သူဖြစ်ပြီး သမီးလေးတစ်ယောက်ရှိကာ ဇနီးဖြစ်သူမှာ နောက်ထပ် သားယောကျာ်းလေးအား ဆေးရုံတစ်ခုတွင် မွေးဖွားခဲ့သည်။
အမျိုးသားသည် အပြင်ကနေရပ်စောင့်နေရင်း အရမ်းစိတ်ပူနေခဲ့ရာ သားလေးအား အောင်မြင်စွာမွေးဖွားပြီးနောက် သူနာပြုဆရာမလေးမှ အခန်းတံခါးအား ဖွင့်လိုက်ချင်းမှာပဲ ခင်ပွန်းဖြစ်သူသည် ဝင်လို့ရမရ ခွင့်ပြုချက်တွေတောင်းမနေတော့ပဲ ပင်ပန်းနွမ်းနှယ်နေသော ဇနီးဖြစ်သူဆီ အပြေးလွှားသွားရောက်ခဲ့သည်။
ထိုစဥ် သူနာပြုဆရာမလေးမှ အမျိုးသားအား မွေးကင်းစ သားလေးကို ရှိတယ်လို့ပင်မထင်ပဲ ဇနီးဖြစ်သူကိုသာ ဂရုစိုက်နှစ်သိမ့်ပေးနေ၍ ကလေးထည့်ထားသောတွန်းလှည်းလေးကို ကိုင်ကာ အံ့အားသင့်နေခဲ့မိသည်။
Hlaing (Love Feeling)
Zawgyi
မွေးကင်းစ သားလေးကိုကြည့်ဖို့မေ့သွားပြီး ဇနီးဖြစ်သူဆီကိုသာ အရင်ဆုံးအပြေးလွှားသွားရင်း နှစ်သိမ့်ပေးနေသော ခင်ပွန်းသည်
Hlaing (Love Feeling)