ကျွန်တော် ရွံရှာမိခဲ့တဲ့ အဖေ့ရဲ့ ဖိနပ်စုတ်လေး တစ်ရံ
အ ဆောင် စာ ကျက် ခန်း မှာ စာ ကျက်နေ တဲ့ ကျ နော် ဆ ရာ မ အ သံ ကြောင့် ဧည့် ခန်း ဘက် ကို ထွက် လာ ခဲ့ တယ်..
ဧည့် ခန်း ဖိ နပ် ချွတ် မှာ တော့ အ မြှီးပျက် ပြီး စုပ် ပြတ် နေ တဲ့ ဖိ နပ် တ ရံ ကျ နော် နှာ ခေါင်း ရှုံ့ လိုက် မိ တယ်၊
ဧည့်ခန်းထဲ ဝင်မိတော့ ကုလားထိုင်မှာ ထိုင်ပြီး ကွမ်းသွေးတွေရဲနေတဲ့ သွားတွေပေါ်အောင်ပြုံးနေတဲ့အဖေ
အဝတ် အစား ကလဲ ဖရို ဖရဲ သား အဖေသား အတွက် ငရုပ်သီးကြော်ရယ်မြေပဲကြော်ရယ် မုန့်ဖိုးရယ်လာပို့တာလေ။အဖေက
ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း မြေပဲကြော်ပုလင်း မုန့်ဖိုးငွေတချို့ထုပ်ပေးရင်း ကျနော်ကိုပြုံးကြည့်နေတယ်…
အဖေရယ် လူကြုံနဲ့ပေးလိုက်ရောပေါ့ လာရင်လဲအဝတ်အ စား သပ်သပ်ရပ်ရပ်နဲ့ လာပေါ့ . . .အခုဟာကစုပ်ပြက်နေ
တာဘဲ အဖေ့ဖိနပ်ကလဲ အမြှီးပျက်စုပ်ပြက် နေတာဘဲ အခြားသူငယ်ချင်းတွေ့ရင် သားသိက္ခာ ကျမှာပေါ့..အင်းပါသားရယ် မတ္တရာမှာ အသီးအနှံ ပို့ရင်း သားကိုမတွေ့တာကြာလို့ အဖေ တွေ့ချင်လို့
မန္တလေး ဆင်းလာတာပါကွယ် နောက်လာရင် အဖေ သပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ် အဖေပြန်မယ်နော်သား ကျန်းမာရေး ဂရုစိုက်အုံးခေါင်းငိုက် စိုက်နဲ့ပြန်သွားတဲ့ အဖေကို ကြည့်ရင်း စိတ်ထဲ တမျိုးဖြစ်မိ သွားသည်
ဒီနောက် ပိုင်း အဖေပေါ်မလာတော့ ပါ ကျနော်တို့နေတာ မတ္တရာ မြို့နယ် ကျောက်တံတာရွာမှ (၁၀)မိုင်လောက်ဝင်ရတဲ့ ရွာလေး
တရွာမှာအသီအနှံတွေ စိုက်စားတဲ့ မိသားစုလေးပေါ့..အမ နှစ်ယောက် ရှိပေမဲ့ ရွာ မူလတန်းကျောင်းလေး မှာ (၄) တန်းအထိ ပညာသင်ခဲ့ရတာအငယ်ဆုံးသား
ကျနော်ကတော့ အလယ် တန်းကို မတ္တရာ မှာထား (၉) တန်းအောင် (၁၀)တန်းရောက်တော့ အဖေက ပညာတက်စေချင်သည့်အတွက် အမေတားသည့်ကြားက မန္တလေးကဘော်ဒါတခုမှာာင်းအိပ်ကျောင်းစားပို့ကာ ကျောင်းထား
ပေးသည်၊ကျနော်တို့ (၁၀)တန်းစာမေးပွဲးနီးလာပြီအဖေကမန္တလေးမလာတော့ မကြီး တလည့် မလေး တလည့်သာလာသည်
အဖေကိုမေးတော့အဖေ စိုက်ခင်းတွေကိုစိတ်မချလို့မလာတာတဲ့အမတွေမျက်နှာမကောင်း ဘာလို့လဲ မေးတော့
ခရီးပန်းလို့တဲ့..(၁၀) တန်းတွေ စာမေးပွဲ ပြီးတော့ မကြီး လာကြိုတယ် ရွာအဝင်လမ်းမကြီးဘေး ပြေးလွားရင် အိမ်ဝင်းထဲ သို့ ရောက်တော့ အဖေ အမေ သားပြန်လာပြီလေ စာမေးပွဲလဲဖြေနိုင်တယ် လို့ပြောပြီးပြေးဝင်လာတော့ အမေက
`သား´လို့အော်ရင် ပြေးဖက် ငိုပါလေရော မကြီးနဲ့မလေးလည်း ဝိုင်းဖက်ငိုကြတယ်လေ၊အာ့ကြမှ အမေ အဖေရောဟင်…။
သား မင်းအဖေ ပိုးထိလို့ဆုံးတာ(၁)လလောက်ရှိပြီကွဲ့..`ဗျာ´ အဲ့တာ ဘာလို့ မပြောတာလဲ အမေ..နင့်အဖေ က မပြောရဘူးတဲ့ ငါ့သားစာမေးပွဲအတွက်စိတ်အနှောင့် အယှက် ဖြစ်မယ်တဲ့သား ဘော်ဒါကြေး
အတွက် မတ္တရာက သီးနှံပွဲရုံက ငွေတွေ ထုတ် ထားတာ ပြန်ဆပ်နေရတော့ မိသားစုစားဖို့ညဖက်နင့်အဖေ ငါးရှာရတယ်လေ . . .နင့်ပညာ
ရေးအတွက် သူ့မှာအဝတ်အစားတောင် မဝယ်နိုင်ဘူးအစုပ်နဲ့မိန်းမနဲ့သမီး အပျို (၂) ယောက် အတွက် ဦး စားပေးရသေးတယ်လေ။
ဟိုမှာ နင့်အဖေ စီးခဲ့တဲ့ ဖိနပ်လေး ကြည့်ပါဦးသားရယ် ညဖက်ငါးရှာရင်း ပိုးထိတာ သိတဲ့အချိန် နောက် ကျ သွားပြီးလေ အမေတို့အ သက်မှီရုံ
လေး နောက်ဆုံး အသက် ငွေ့ငွေ့မှာ မှာသွားသေးတယ်တကယ်လို့ သူ သေသွားရင် သားကို စာမေးပွဲ ပြီးမှ ပြောပါတဲ့ ပြီးတော့
သားကို ဘွဲ့ရအောင် ထားပါလို့ မှာသွားသေးတယ် သားရယ် ဟင့်ဟင့်ဟင့်.၊ကျနော်မျက်ရည်တွေကျရင်း နောင်တတွေနဲ့ခေါင်ရင်းမှာ ထောင်ထား
တဲ့ အဖေ့ ဖိနပ်စုပ်လေး ရင်မှာပိုက်ရင်း အားရပါးရအော်လိုက်မိပါတယ် အဖေမူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်ဗျာ။
ကောင်းလွန်း လို့ ဖတ်ရင်း မျက်ရည်လည်မိတယ်။ပရိတ်သက်ကြီးလဲသင်ခန်းစာယူနိုင် စေရန်ပြန်လည်မျှဝေပေးလိုက်ပါတယ်
Credit
===============
Unicode
ကျွန်တော် ရွံရှာမိခဲ့တဲ့ အဖေ့ရဲ့ ဖိနပ်စုတ်လေး တစ်ရံ
အ ဆောင် စာ ကျက် ခန်း မှာ စာ ကျက်နေ တဲ့ ကျ နော် ဆ ရာ မ အ သံ ကြောင့် ဧည့် ခန်း ဘက် ကို ထွက် လာ ခဲ့ တယ်..
ဧည့် ခန်း ဖိ နပ် ချွတ် မှာ တော့ အ မြှီးပျက် ပြီး စုပ် ပြတ် နေ တဲ့ ဖိ နပ် တ ရံ ကျ နော် နှာ ခေါင်း ရှုံ့ လိုက် မိ တယ်၊
ဧည့်ခန်းထဲ ဝင်မိတော့ ကုလားထိုင်မှာ ထိုင်ပြီး ကွမ်းသွေးတွေရဲနေတဲ့ သွားတွေပေါ်အောင်ပြုံးနေတဲ့အဖေ
အဝတ် အစား ကလဲ ဖရို ဖရဲ သား အဖေသား အတွက် ငရုပ်သီးကြော်ရယ်မြေပဲကြော်ရယ် မုန့်ဖိုးရယ်လာပို့တာလေ။အဖေက
ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း မြေပဲကြော်ပုလင်း မုန့်ဖိုးငွေတချို့ထုပ်ပေးရင်း ကျနော်ကိုပြုံးကြည့်နေတယ်…
အဖေရယ် လူကြုံနဲ့ပေးလိုက်ရောပေါ့ လာရင်လဲအဝတ်အ စား သပ်သပ်ရပ်ရပ်နဲ့ လာပေါ့ . . .အခုဟာကစုပ်ပြက်နေ
တာဘဲ အဖေ့ဖိနပ်ကလဲ အမြှီးပျက်စုပ်ပြက် နေတာဘဲ အခြားသူငယ်ချင်းတွေ့ရင် သားသိက္ခာ ကျမှာပေါ့..အင်းပါသားရယ် မတ္တရာမှာ အသီးအနှံ ပို့ရင်း သားကိုမတွေ့တာကြာလို့ အဖေ တွေ့ချင်လို့
မန္တလေး ဆင်းလာတာပါကွယ် နောက်လာရင် အဖေ သပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ် အဖေပြန်မယ်နော်သား ကျန်းမာရေး ဂရုစိုက်အုံးခေါင်းငိုက် စိုက်နဲ့ပြန်သွားတဲ့ အဖေကို ကြည့်ရင်း စိတ်ထဲ တမျိုးဖြစ်မိ သွားသည်
ဒီနောက် ပိုင်း အဖေပေါ်မလာတော့ ပါ ကျနော်တို့နေတာ မတ္တရာ မြို့နယ် ကျောက်တံတာရွာမှ (၁၀)မိုင်လောက်ဝင်ရတဲ့
ရွာလေး တရွာမှာအသီအနှံတွေ စိုက်စားတဲ့ မိသားစုလေးပေါ့..အမ နှစ်ယောက် ရှိပေမဲ့ ရွာ မူလတန်းကျောင်းလေး မှာ (၄) တန်းအထိ ပညာသင်ခဲ့ရတာအငယ်ဆုံးသား
ကျနော်ကတော့ အလယ် တန်းကို မတ္တရာ မှာထား (၉) တန်းအောင် (၁၀)တန်းရောက်တော့ အဖေက ပညာတက်စေချင်သည့်
အတွက် အမေတားသည့်ကြားက မန္တလေးကဘော်ဒါတခုမှာာင်းအိပ်ကျောင်းစားပို့ကာ ကျောင်းထား
ပေးသည်၊ကျနော်တို့ (၁၀)တန်းစာမေးပွဲးနီးလာပြီအဖေကမန္တလေးမလာတော့ မကြီး တလည့် မလေး တလည့်သာလာသည်
အဖေကိုမေးတော့အဖေ စိုက်ခင်းတွေကိုစိတ်မချလို့မလာတာတဲ့အမတွေမျက်နှာမကောင်း ဘာလို့လဲ မေးတော့
ခရီးပန်းလို့တဲ့..(၁၀) တန်းတွေ စာမေးပွဲ ပြီးတော့ မကြီး လာကြိုတယ် ရွာအဝင်လမ်းမကြီးဘေး ပြေးလွားရင် အိမ်ဝင်းထဲ
သို့ ရောက်တော့ အဖေ အမေ သားပြန်လာပြီလေ စာမေးပွဲလဲဖြေနိုင်တယ် လို့ပြောပြီးပြေးဝင်လာတော့ အမေက
`သား´လို့အော်ရင် ပြေးဖက် ငိုပါလေရော မကြီးနဲ့မလေးလည်း ဝိုင်းဖက်ငိုကြတယ်လေ၊အာ့ကြမှ အမေ အဖေရောဟင်…။
သား မင်းအဖေ ပိုးထိလို့ဆုံးတာ(၁)လလောက်ရှိပြီကွဲ့..`ဗျာ´ အဲ့တာ ဘာလို့ မပြောတာလဲ အမေ..နင့်အဖေ က မပြောရဘူးတဲ့ ငါ့သားစာမေးပွဲအတွက်စိတ်အနှောင့် အယှက် ဖြစ်မယ်တဲ့သား ဘော်ဒါကြေး
အတွက် မတ္တရာက သီးနှံပွဲရုံက ငွေတွေ ထုတ် ထားတာ ပြန်ဆပ်နေရတော့ မိသားစုစားဖို့ညဖက်နင့်အဖေ ငါးရှာရတယ်လေ . . .နင့်ပညာ
ရေးအတွက် သူ့မှာအဝတ်အစားတောင် မဝယ်နိုင်ဘူးအစုပ်နဲ့မိန်းမနဲ့သမီး အပျို (၂) ယောက် အတွက် ဦး စားပေးရသေးတယ်လေ။
ဟိုမှာ နင့်အဖေ စီးခဲ့တဲ့ ဖိနပ်လေး ကြည့်ပါဦးသားရယ် ညဖက်ငါးရှာရင်း ပိုးထိတာ သိတဲ့အချိန် နောက် ကျ သွားပြီးလေ အမေတို့အ သက်မှီရုံ
လေး နောက်ဆုံး အသက် ငွေ့ငွေ့မှာ မှာသွားသေးတယ်တကယ်လို့ သူ သေသွားရင် သားကို စာမေးပွဲ ပြီးမှ ပြောပါတဲ့ ပြီးတော့ သားကို
ဘွဲ့ရအောင် ထားပါလို့ မှာသွားသေးတယ် သားရယ် ဟင့်ဟင့်ဟင့်.၊ကျနော်မျက်ရည်တွေကျရင်း နောင်တတွေနဲ့ခေါင်ရင်းမှာ ထောင်ထား