စိတ်မနှံ့ဘဲ တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်ခဲ့တဲ့ မြန်မာဘုရင်တပါး

News

စိတ်မနှံ့ဘဲ တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်ခဲ့တဲ့ မြန်မာဘုရင်တပါး

ကုန်းဘောင်မင်းဆက် ၈ ဆက်မြောက်မင်းဖြစ်သူ သာယာဝတီမင်း (ခေါ်)ကုန်းဘောင် မင်း(ခေါ်)ရွှေဘိုမင်းမှာ

စိတ်နောက်သွားသောမင်းအဖြစ် ထင်ရှားသည်။ ငယ်အမည်မှာ မောင်ခင် ဖြစ်သည်။

နောင်တော်ဘကြီးတော်မင်းကိုပုန်ကန်ပြီး ထီးနန်းရယူခဲ့ခြင်းဖြစ်သည်။ ပုန်ကန်ရခြင်းမှာ နောင်တော်သည် စိတ်မကျန်းမမာဖြစ်နေသည်က တစ်ကြောင်း

နန်းတွင်းမှာ နန်းမတော်မယ်နုနှင့် သူမအကိုဖြစ်သူ မင်းသားကြီးမောင်အိုတို့က ခြယ်လှယ်ချင်သလို ခြယ်လှယ်နေကြသည်ကတစ်ကြောင်း ဖြစ်သောကြောင့် ဖြစ်သည်။

သာယာဝတီမင်း၏ပုန်ကန်မှုကို ဘကြီးတော်မှ သူ့ရဲ့တပ်များအားစေလွှတ်၍ နှိမ်နှင်းစေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

နောက်ဆုံးတွင် ဘကြီးတော်သည်ညီအရင်းဖြစ်သူ သာယာဝတီမင်းထံသို့ ထီးနန်းကိုလွှဲအပ်ပေးလိုက် ရပါတော့သည်။

နောင်တော်အား ခမည်းတော်ကဲ့သို့ စောင့်ရှောက်ကာ စိတ်ချမ်းသာစွာစံနေစေသည်။ နန်းမတော်မယ်နုတို့ကို

မကွပ်မျက်ပဲ အကျယ်ချုပ်နဲ့ နေစေခဲ့သလို တူတော်ညောင်ရမ်းမင်းသား (စြင်္ကာမင်းသား)ကိုလည်း

သားတော်ကြီးများနှင့်တန်းတူ မင်းသားကြီးအဆင့် ပေးအပ်ခဲ့သော်လည်း တစ်နှစ်ခန့်အကြာတွင် ပုန်ကန်ရန်ကြံစည်သည်ဟုဆိုကာ ရေချ၍ကွပ်မျက်ခဲ့လေသည်။

ထို့နောက်သုံးနှစ်ခန့်အကြာတွင် မယ်နုက ထောင်အတွင်းရှိ သူမအစ်ကိုဖြစ်သူရဲ့ အပေါင်းအပါများနှင့် ထီးနန်းအားလုယူရန် ရည်ရွယ်ချက်ဖြင့် ကြံစည်ပြီးဆက်သွယ်လာသဖြင့်

မယ်နုအား ရေချပြီး ကွပ်မျက်ခဲ့သလို မောင်အိုနှင့်အပေါင်းအပါများကိုတော့ ထောင်အတွင်းမှာပဲ ကွပ်မျက်ခဲ့ပါသည်။

ထိုသူများထဲတွင် အစကမြဝတီမင်းကြီးဦးစလည်း ပါဝင်ခဲ့ပြီး ဘုန်းတော်ဘွဲ့အရေးကောင်းခဲ့လို့သာ လွတ်မြောက်

ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်လည်း နေပြည်တော်ကို အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။

နန်းတက်စတွင် တိုင်းပြည်အားတည်ငြိမ်အောင် အုပ်ချုပ်နိုင်ခဲ့သူဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့နှင့်လည်း

ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်ခဲ့သည်။ သို့သော်နောက်ပိုင်းတွင် သူ၏စိတ်မှာ မူမမှန်လာတော့ပေ။

၁၈၄၄ ခုနှစ်မှစ၍ သွေးပျက်သလို ဖြစ်လာခဲ့သည်။ အိပ်၍မပျော် ၊ပွဲတော်တည်ပြီးလျှင် လက်ဆေးရန်မေ့လျော့လာသည်။

အစားအသောက်လည်း နည်းလာခဲ့လေသည် ။ အမြဲပြုံးယောင်ပြုနေတတ်ပြီး လှံတိုတစ်ချောင်းကိုကိုင်ဆွဲကာ အဆောင်တော်များကူးနေတတ်သည်။

လူတွေ့ခဲ့လျှင် “ဟဲ့ မောက်လုံးလား။ မောက်ပြားလား ဟု မေးတတ်လေသည်။ ရိုသေစွာဒူးတုပ်၍ အလိုက်သင့်ပြန်ဖြေပေးရသည်။ ထို့အတူ ပြေးပေါက်ကိုလည်း ကြို၍ရှာထားရသည်။

ဆေးဝါးမန္တရားများဆောင်ထားပြီး ရှိန်းဆာယာပိုမောက် ၍ ကိုယ်ပျောက်နေပြီဟု ကြွားဝါပြီးလည်း ပြောတတ်လာခဲ့သည်။

တောင်ရှည်ဝတ်လဲတော်ကို ခေါင်းမြီးခြုံကာ တိုင်နဲ့ကွယ်ပြီး ပုန်းခိုနေသော သာယာဝတီမင်းကို မိဖုရားမမြလေးမှ ”ကိုယ်ပျောက်နေ၍ မမြင်ရပါ”ဟု ညာပြီး ပြန်ပြောပေးရလေသည်။

မလုံတော့လည်း နေလုံအောင် မမိုးရကောင်းလားဟု အပြစ်တင်ကာ ထီးတော်မိုးတစ်ယောက်ကို ကိုယ်တိုင်ကွပ်မျက်ခဲ့ လေသည်။

နောက်ထီးတော်မိုးများမှာ မင်းတရားကြီး ကိုယ်ပျောက်နေသည် ဟုဆိုကာ ရှာဖွေနေသည့်ပုံစံပြုလုပ်၍

ပြရလေတော့သည်။ ထိုအခါမှ သာယာဝတီမင်းက ‘မြင်စေ’ ဟုဆိုကာ ထီးကို နေသားတကျ ပြန်ဆောင်းပေးခဲ့ရသည်။

တစ်ခါတွင်လည်း အိမ်သာသို့သွားနေခိုက် မိန်းမစိုးနှစ်ယောက်ကို ကိုယ်တိုင်ဓါးဖြင့်မွှန်းသည်။ အသက်ထွက် ဟန်ဆောင်သူတစ်ဦး လွတ်မြောက်သွားသည်။

မင်းတရားကြီး သွက်သွက်လည်သည့်တိုင်အောင် စိတ်နောက်နေပြီဖြစ်ကြောင်း ‘တောင်အင်းစား’ ဆိုသူက လွှတ်တော်ဝန်ကြီးများအား သတင်းပေးသည့်အခါမှ

လွှတ်တော်မတက်ဝံ့တော့သည့် ဝန်ကြီးများမှာ သားတော်ပုဂံမင်း၏လက်သို့ အုပ်ချုပ်ရေးအာဏာကို လွှဲပေးလိုက်ရတော့သည်။

ကိုးကား – မြန်မာ့သမိုင်းထဲက အထင်ကရဇာတ်ကောင်များ – မောင်ကြည်သန့် မြန်မာ့စွယ်စုံကျမ်း

Credit

==============

Unicode

စိတ်မနှံ့ဘဲ တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်ခဲ့တဲ့ မြန်မာဘုရင်တပါး

ကုန်းဘောင်မင်းဆက် ၈ ဆက်မြောက်မင်းဖြစ်သူ သာယာဝတီမင်း (ခေါ်)ကုန်းဘောင် မင်း(ခေါ်)ရွှေဘို

မင်းမှာ စိတ်နောက်သွားသောမင်းအဖြစ် ထင်ရှားသည်။ ငယ်အမည်မှာ မောင်ခင် ဖြစ်သည်။

နောင်တော်ဘကြီးတော်မင်းကိုပုန်ကန်ပြီး ထီးနန်းရယူခဲ့ခြင်းဖြစ်သည်။ ပုန်ကန်ရခြင်းမှာ နောင်တော်သည် စိတ်မကျန်းမမာဖြစ်နေသည်က တစ်ကြောင်း

နန်းတွင်းမှာ နန်းမတော်မယ်နုနှင့် သူမအကိုဖြစ်သူ မင်းသားကြီးမောင်အိုတို့က ခြယ်လှယ်ချင်သလို ခြယ်လှယ်နေကြသည်ကတစ်ကြောင်း ဖြစ်သောကြောင့် ဖြစ်သည်။

သာယာဝတီမင်း၏ပုန်ကန်မှုကို ဘကြီးတော်မှ သူ့ရဲ့တပ်များအားစေလွှတ်၍ နှိမ်နှင်းစေခဲ့သော်လည်း မအေ ာင်မြင်ခဲ့ပေ။

နောက်ဆုံးတွင် ဘကြီးတော်သည်ညီအရင်းဖြစ်သူ သာယာဝတီမင်းထံသို့ ထီးနန်းကိုလွှဲအပ်ပေးလိုက် ရပါတေ ာ့သည်။

နောင်တော်အား ခမည်းတော်ကဲ့သို့ စောင့်ရှောက်ကာ စိတ်ချမ်းသာစွာစံနေစေသည်။ နန်းမတော်မယ်နုတို့ကို

မ ကွ ပ်မျက်ပဲ အကျယ်ချုပ်နဲ့ နေစေခဲ့သလို တူတော်ညောင်ရမ်းမင်းသား (စင်္ကြာမင်းသား)ကိုလည်း

သားတော်ကြီးများနှင့်တန်းတူ မင်းသားကြီးအဆင့် ပေးအပ်ခဲ့သော်လည်း တစ်နှစ်ခန့်အကြာတွင် ပုန်ကန်ရန်ကြံစ ည် သည်ဟုဆိုကာ ရေချ၍ကွပ်မျက်ခဲ့လေသည်။

ထို့နောက်သုံးနှစ်ခန့်အကြာတွင် မယ်နုက ထောင်အတွင်းရှိ သူမအစ်ကိုဖြစ်သူရဲ့ အပေါင်းအပါများနှင့် ထီးနန်းအား လုယူရန် ရည်ရွယ်ချက်ဖြင့် ကြံစည်ပြီးဆက်သွယ်လာသဖြင့်

မယ်နုအား ရေချပြီး ကွပ်မျက်ခဲ့သလို မောင်အိုနှင့်အပေါင်းအပါများကိုတော့ ထောင်အတွင်းမှာပဲ ကွပ်မျက်ခဲ့ပါသည်။

ထိုသူများထဲတွင် အစကမြဝတီမင်းကြီးဦးစလည်း ပါဝင်ခဲ့ပြီး ဘုန်းတော်ဘွဲ့အရေးကောင်းခဲ့လို့သာ လွတ်မြောက်ခဲ့ ခြင်း ဖြစ်သည်။ ထို့နောက်တွင်လည်း နေပြည်တော်ကို အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။

နန်းတက်စတွင် တိုင်းပြည်အားတည်ငြိမ်အောင် အုပ်ချုပ်နိုင်ခဲ့သူဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့နှင့်လည်း

ပြင် းပြ င်းထန်ထန် တုန့်ပြန်တတ်ခဲ့သည်။ သို့သော်နောက်ပိုင်းတွင် သူ၏စိတ်မှာ မူမမှန်လာတော့ပေ။

၁၈၄၄ ခုနှစ်မှစ၍ သွေးပျက်သလို ဖြစ်လာခဲ့သည်။ အိပ်၍မပျော် ၊ပွဲတော်တည်ပြီးလျှင် လက်ဆေးရန်မေ့လျော့လာသည်။

အစားအသောက်လည်း နည်းလာခဲ့လေသည် ။ အမြဲပြုံးယောင်ပြုနေတတ်ပြီး လှံတိုတစ်ချောင်းကိုကိုင်ဆွဲကာ အ ဆေ ာင်တော်များကူးနေတတ်သည်။

လူတွေ့ခဲ့လျှင် “ဟဲ့ မောက်လုံးလား။ မောက်ပြားလား ဟု မေးတတ်လေသည်။ ရိုသေစွာဒူးတုပ်၍ အလိုက်သင့်ပြ န် ဖြေပေးရသည်။ ထို့အတူ ပြေးပေါက်ကိုလည်း ကြို၍ရှာထားရသည်။

ဆေးဝါးမန္တရားများဆောင်ထားပြီး ရှိန်းဆာယာပိုမောက် ၍ ကိုယ်ပျောက်နေပြီဟု ကြွားဝါပြီးလည်း ပြောတတ်လာခဲ့သည်။

တောင်ရှည်ဝတ်လဲတော်ကို ခေါင်းမြီးခြုံကာ တိုင်နဲ့ကွယ်ပြီး ပုန်းခိုနေသော သာယာဝတီမင်းကို မိဖုရားမမြလေးမှ ”ကို ယ် ပျောက်နေ၍ မမြင်ရပါ”ဟု ညာပြီး ပြန်ပြောပေးရလေသည်။

မလုံတော့လည်း နေလုံအောင် မမိုးရကောင်းလားဟု အပြစ်တင်ကာ ထီးတော်မိုးတစ်ယောက်ကို ကိုယ်တိုင်ကွ ပ် မျက်ခဲ့ လေသည်။

နောက်ထီးတော်မိုးများမှာ မင်းတရားကြီး ကိုယ်ပျောက်နေသည် ဟုဆိုကာ ရှာဖွေနေသည့်ပုံစံပြုလုပ်၍ ပြရ

လေတော့သည်။ ထိုအခါမှ သာယာဝတီမင်းက ‘မြင်စေ’ ဟုဆိုကာ ထီးကို နေသားတကျ ပြန်ဆောင်းပေးခဲ့ရသည်။

တစ်ခါတွင်လည်း အိမ်သာသို့သွားနေခိုက် မိန်းမစိုးနှစ်ယောက်ကို ကိုယ်တိုင်ဓါးဖြင့်မွှန်းသည်။ အသက်ထွက် ဟန်ဆောင်သူတစ်ဦး လွတ်မြောက်သွားသည်။

မင်းတရားကြီး သွက်သွက်လည်သည့်တိုင်အောင် စိတ်နောက်နေပြီဖြစ်ကြောင်း ‘တောင်အင်းစား’ ဆိုသူက လွှ တ် တော်ဝန်ကြီးများအား သတင်းပေးသည့်အခါမှ

လွှတ်တော်မတက်ဝံ့တော့သည့် ဝန်ကြီးများမှာ သားတော်ပုဂံမင်း၏လက်သို့ အုပ်ချုပ်ရေးအာဏာကို လွှဲပေ းလိုက်ရတော့သည်။

ကိုး ကား – မြန်မာ့သမိုင်းထဲက အထင်ကရဇာတ်ကောင်များ – မောင်ကြည်သန့် မြန်မာ့စွယ်စုံကျမ်း

CREDIT

Leave a Reply

Your email address will not be published.