အဝေးထိန်းစက်ဖြင့် အင်အားပြင်းမိုင်းများဖောက်ခွဲနိုင်မှုကို ဗိုလ်ဂဠုန်တပ်ရင်းထုတ်ဖော်ပြသ (ရုပ်/သံ)

News

အဝေးထိန်းစက်ဖြင့် အင်အားပြင်းမိုင်းများဖောက်ခွဲနိုင်မှုကို ဗိုလ်ဂဠုန်တပ်ရင်းထုတ်ဖော်ပြသ (ရုပ်/သံ)

ကိုကိုလေး/ဧရာဝတီတိုင်းမ်

စစ်ကိုင်း၊ ဇွန်လ ၂၁ ရက်

စစ်ကိုင်းတိုင်းအတွင်း လက်ရှိတိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်ဂဠုန် တပ်ရင်းမှ နည်းပညာသစ်ဖြင့် ငွေကြေးအခက်အခဲကြားကဝယ်ယူထားသည့် အဝေးထိန်းစက်ဖြင့် ဖောက်ခွဲတိုက်ခိုက်မှုအခြေအနေအား ပြည်သူများသိရှိရန် ထုတ်ဖော်ပြလိုက်ကြောင်း ဗိုလ်ဂဠုန်တပ်ရင်းမှ တာဝန်ရှိသူတဦးထံကပြောသည်။

“ဖိုင်ဘာမိုင်းတွေလုပ်နေတာက ပီးသလောက်ရှိနေပါပီ တိုက်ပွဲမှာသုံးစွဲဖို့က အဝေးထိန်းစက်လိုနေတာပါဗျ။အဓိက ဒီစက်ဝယ်ဖို့ငွေကြေးကလဲမရှိတော့ကျွန်တော်တို့အတွက်အရမ်းခက်ခဲ့နေရတယ်။ပြည်သူတွေရဲ့အလှူငွေလေးကလဲ ၁၅ သိန်းကျော်လောက်ပဲရတယ်။ဒီမိုင်းတွေက အဝေးထိန်းစက်ရှိရင်ကြိုက်တဲ့နေရာကထိုင်ခွဲယုံပဲ ရဲဘော်တွေလဲ အန္တရယ်ကင်းတယ်။နည်းပညာက ရနေပါပြီပစ္စည်းဝယ်ဖို့ငွေကြေးလိုနေတာပါ။နည်းပညာလဲပြန်မျှပေးမှာပါ။

ပြည်သူတွေလဲတော်လှန်ရေးအမြန်ပီးဖို့ တတ် နိုင်တဲ့ဘက်က ကူညီပေးဖို့ကိုလည်းတောင်းဆိုထားပါတယ် ” လို့ ဗိုလ်ဂဠုန် ယင်းမာပင် ပြည်သူကာ ကွယ်ရေးတပ်ရင်းမှ တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

ဗိုလ်ဂဠုန်တပ်ရင်းသည် ဧပြီလ ပထမပတ်တွင် အိန္ဒိယကျည်တထောင့်ထိုးလက်နက်များနှင့်လက်နက်ကြီးမျိုးစုံကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီး နောက် ယခုအခါ အဆင့်မြင့် အင်အားပြင်း မိုင်းများဖောက်ခွဲရန် အဝေးထိန်းစက်များထပ်မံဝယ်ယူရန် လိုအပ်နေကြောင်းဗိုလ်ဂဠုန် ယင်းမာပင် ပြည်သူကာကွယ်ရေးတပ်ရင်းမှ ရဲဘော်များကပြောသည်။

“အခုနည်းပညာအောင်မြင်ခဲ့တာပြီးခဲ့တဲ့နှစ် ၁ဝ လပိုင်းကတည်းကထုတ်လုပ်အောင်မြင်ခဲ့တာပေါ့။အခက်အခဲမျိုးစုံကြောင့် ပြည်သူတွေသိအောင်ထုတ်ဖော်ပြသနိုင်ခြင်းမရှိခဲ့တာပါ။ ကျွန်တော်တို့လဲဘယ်အဖွဲ့အစည်းမှ ကူညီတာမျိုးမရှိပါဘူး တစ်ခြားPDF ထပ်ဖွဲ့ဝင်တွေ အကူ အညီလိုလဲ အကူညီပေးမယ်။သင်ပေးဆိုလည်း သင်ပေးလို့ရပါတယ်ကျွန်တော်တို့အဖွဲ့ကို ဆက်သွယ်လို့ရပါတယ်”လို့ ၎င်း တပ်ဖွဲ့ဝင်တဦးက ဆက်လက်ပြောသည်။

ဗိုလ်ဂဠုန်တပ်ရင်းသည် လက်လုပ်လက်နက်ငယ် အိန္ဒိယကျည်တထောင့်ထိုးလက်နက်များ၊ မိုင်းများကိုယ်တိုင်ထုတ်လုပ်နေပြီး လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ် နှင့် ပျူစောထီးများကိုတိုက်ခိုက်ရင် ဆက်လက်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဒေသ ခံများကပြောသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က လက်လုပ်လက်နက်ငယ်များဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေပြီးမေလ ပထမပတ်ကစတင်ကာ တိုက်ပွဲများပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီတပ် ၏ မီးရှို့ သတ်ဖြတ်နေမှုကြောင့် ဒေသခံပြည်သူအများစု ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရှိရသည်။

ရုပ်သံ-BO GALON တပ်ရင်း ပေးပို့

crd

Leave a Reply

Your email address will not be published.