ဂျာမန်အမျိုးသမီး Karlotta Liebenstein ဟာ ကံမကောင်းစွာဖြင့် ကွယ်လွန်သွားကြောင်း သိရှိရပါတယ် ။ သူမမျက်လုံးမမှိတ်ခင်မှာ သူမရဲ့ ကံကြမ္မာ တစ်ခုလုံးကို Gunther IV ဖြစ်တဲ့ သူမရဲ့ ယုံကြည်ရတဲ့ အိမ်မွေးခွေးကိုအမွေးဆက်ခံရန် ဂေါပကကို ပြောထားခဲ့ပါတယ် ။ ထိုအချိန်မှာစပြီး ခွေးကလေး Gunther IVဟာ “The Gunther” မိသားစုရဲ့ မျိုးဆက်သစ်အဖြစ် ချမ်းသာတဲ့ဘဝကို ခံစားနိုင်ပြီး ကမ္ဘာပေါ်မှာ ဇိမ်အရှိဆုံး ခွေးမိသားစုဖြစ်လာခဲ့ပါတယ် ။ ဒေါင်ငွေ ဘီလီယံပေါင်းများစွာ အမွေဆက်ခံတဲ့ ခွေးမိသားစုမှာ မွေးဖွားလာရခြင်းမှာ ကံကောင်းစွာပင်၊ Gunther IV က လူသားများပင် မနာလိုဖြစ်နိုင်တဲ့ ဇိမ်ခံဘဝကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ခွေးကလေး Gunther IV ဟာ ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ 375 သန်း (VND 8.5 ထရီလီယံကျော်) ကို ပိုင်ဆိုင်ထားချိန်မှာ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးခွေးအဖြစ် ကျော်ကြားခဲ့ပါတယ် ။ သတင်းရဲ့ဖော်ပြချက်အရ Gunther IV က အမေရိကန်၊ ဖလော်ရီဒါပြည်နယ်မှာ လက်ရှိနေထိုင်နေတဲ့ ဂျာမန်သိုးထိန်းခွေးတစ်ကောင်ဖြစ်ပါတယ် ။
အဆိုပါ ပမာဏအပြင် Gunther IV က Bahamas ရှိ တိုက်ခန်းများနဲ့ တစ်ချိန်က စူပါစတား Madonna နေထိုင်ခဲ့တဲ့ ဇိမ်ခံတိုက်ခန်းများကဲ့သို့သော အိမ်ခြံမြေအများအပြားကိုလည်း ပိုင်ဆိုင်ထားပါတယ် ။
ဒါတင်မကသေးဘဲ Gunther IV က ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ အိမ်တစ်လုံးထဲမှာ အိမ်စောင့်များ၊ သူနာပြုများနဲ့ Gunther IV ရဲ့နေ့စဉ်အစားအစာများကို truffles နဲ့ caviar များသာ ပါဝင်တဲ့ ကမ္ဘာ့ထိပ်တန်းစားဖိုမှူးများမှ ပြင်ဆင်ပေးပါတယ် ။
ထို့အပြင် Gunther IV က ဇိမ်ခံစူပါကားများပေါ်မှာလည်း ခရီးထွက်ပြီး အားလပ်ချိန်တွေမှာ စွဲမက်ဖွယ်ကောင်းပြီး ဂန္တဝင်စတိုင်ဖြင့် တည်ဆောက်ထားတဲ့ ကိုယ်ပိုင်ရေကူးကန်မှာ ရေကူးနိုင်ပါတယ် ။
၎င်းတို့အားလုံးကို ဂေါပကကဘဲ အိမ်မွေးတိရစ္ဆာန်ကိုယ်စား အိမ်မွေးတိရစ္ဆာန်ကို စီမံခန့်ခွဲပေးတာပါ ။ အကယ်လို့ အိမ်မွေးတိရိစ္ဆာန်များ အသက်မရှိတော့ပါက အခြားတိရစ္ဆာန်များကို ပိုင်ဆိုင်မှုဆက်လက်ခံစားနိုင်စေရန် ဂေါပကမှ တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ် ။
သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ပြည့်သွားရင်တော့ ဒီပမာဏကို ပရဟိတအဖွဲ့တွေကို လှူဒါန်းသွားမှာဖြစ်ပါတယ် ။ Gunther IV ဆုံးသွားရင် ငွေများကို သူ့ရဲ့သားစဉ်မြေးဆက်များထံ လွှဲပြောင်းပေးမှာဖြစ်ဒါကြောင့် ဒီခွေးဟာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား ကံကောင်းတဲ့ ခွေးလေးပါ။
JRose (KB Chimmy One)
Reference : yan