နိုင်ငံရေးအရ အာဏာဖီဆန်အံတုရေးဆိုင်ရာ ရုပ်ရှင်ဇာတ်ကားတို ပြိုင်ပွဲပြုလုပ်မယ်

News

ဇွန် ၂၁ ၊ ၂၀၂၂

နိုင်ငံရေးအရ အာဏာဖီဆန်အံတုရေးဆိုင်ရာ ဇာတ်လမ်းရုပ်ရှင်( Short Film) နဲ့ မှတ်တမ်းရုပ်ရှင် ( Documentary Film) တွေကို နိုင်ငံရေးအရ အာဏာဖီဆန်အံတုရေးဆိုင်ရာ ရုပ်ရှင်ဇာတ်ကားတို ပြိုင်ပွဲအဖြစ် ပြုလုပ်မှာဖြစ်ပြီးတော့ အဲဒီပြိုင် ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့်သူတွေကို ဖိတ်ခေါ်လိုက်ပါတယ်။

အဲဒီရုပ်ရှင်ဇာတ်ကားတိုပြိုင်ပွဲကို ဒီမိုကရက်တစ်လူငယ်ကောင်စီကနေ စီစဉ်ပြုလုပ်ပေးတာဖြစ်ပြီးတော့ ဇာတ်လမ်း ရုပ်ရှင်( Short Film) နဲ့ မှတ်တမ်းရုပ်ရှင် ( Documentary Film) ပြိုင်ပွဲကို အသက် ၃၅နှစ်အောက် ပြည်ထောင်စု မြန်မာနိုင်ငံသားတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ပြိုင်ပွဲအကြောင်းအရာမှာ “ နိုင်ငံရေးအရ အာဏာဖီဆန်အံတုမှုနဲ့ ပတ်သတ်တဲ့ ဘဝအခြေအနေ၊ စိတ်ဓါတ်ရေးရာ၊ ဖြတ်သန်းမှုအတွေ့အကြုံတွေနဲ့ ရသ၊သုတ ဇာတ်လမ်းတွေနဲ့ စပ်လျဉ်းပြီး တင်ပြတဲ့ ရုပ်ရှင်ဖြစ်ရမယ်လို့ ဖော်ပြထားပါ တယ်။

ဇာတ်လမ်းကြာမြင့်ချိန်က (၁)မိနစ်ကနေ (၅)မိနစ်အတွင်း ရှိရမှာဖြစ်ပြီးတော့ သတ်မှတ်ချက်နဲ့အညီ ရိုက်ကူးရန် အခက်အခဲရှိပါကလည်း ကြို တင် ဆွေးနွေးအကြောင်းကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ရုပ်သံအရည်အသွေး Full HD အဆင့်မှီရမည်ဖြစ်ပြီး ကင်မရာအမျိုးအစား သတ်မှတ်ချက်မရှိဘူးလို့လည်း ဖော်ပြထား ပါတယ်။
ယှဉ်ပြိုင်သော ဇာတ်လမ်းက မိမိကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်ရမယ်လို့ ဆိုထားသလို ဇာတ်လမ်းပါ အရုပ် တွေ၊ အသံတွေ၊ နောက်ခံတေးဂီတတွေနဲ့ ပတ်သတ်ပြီး ဖန်တီးသူတွေက တာဝန်ယူရမယ်လို့ ဖော်ပြထားပါတယ်။

သတိပေးချက်မှာတော့ အခြားရုပ်ရှင်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖူးတဲ့ (ဒါမှမဟုတ်) ဆုရရှိဖူးတဲ့ ဇာတ်ကားတွေ ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ ဆိုထားပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေပေးပို့ရာမှာ ယှဉ်ပြိုင်သူရဲ့ အမည်(အမည်လွှဲ)၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Telegram Account နဲ့ Email တွေကို ဖေါ်ပြပြီး ရုပ်ရှင်ဇာတ်ကားတိုရဲ့ Video File ကို Google Drive file Link နဲ့ ပေးပို့ရမှာဖြစ်တယ်လိုံ ဆိုထားပါတယ်။

ရိုက်ကူးထားတဲ့ ဇာတ်ကားတွေထဲကနေ ထူးခြားကောင်းမွန် တော်လှန်ရေးအတွက် ထိရောက်တဲ့ သတင်းစကားတွေနဲ့ စိတ်ဓါတ်ခွန်အား၊ ဗဟုသုတ ရရှိစေနိုင်တဲ့ ဇာတ်ကားတွေကို ရွေးချယ်ပြီး အကောင်းဆုံးရုပ်ရှင်ဇာ တ်လမ်းတိုဆု၊ဒုတိယ အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းတိုနဲ့ ပရိတ်သတ်အကြိုက်ဆုံး ဆု တို့ ပေးသွားမှာပါ။

ဒါအပြင် ဆန်ကာတင်ဇာတ်ကားတွေကို ပဒေသာပင်၊ Click & Donate အစရှိတဲ့ တော်လှန်ရေးမှာ အကျိူးရှိမယ့် နေရာ တွေကိုပေးပို့ပြသသွားမည်ဖြစ်ပြီး ဆုရရှိတဲ့ ဇာတ်ကားတွေကိုလည်း နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲဆီကို ပေးပို့ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။PVTV

Leave a Reply

Your email address will not be published.