NUG Pay ရဲ့ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) မြန်မာတစ်ကျပ်နဲ့ညီမျှ

News

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ NUG Pay မှာအသုံးပြုမယ့် ဒစ်ဂျစ်တယ် မြန်မာကျပ် Digital Myanmar Kyat (DMMK) တစ်ကျပ် ဟာ မြန်မာကျပ်ငွေ တစ်ကျပ်နဲ့ ညီမျှတယ်လို့ NUG Pay က ဇွန်လ ၂၀ ရက် ဒီနေ့ ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ DMMK ဟာ မြန်မာ့ပထမဆုံး Blockchain နည်းပညာသုံး ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပြီး ဈေး ကွက်ထဲက Cryptocurrency တွေလို အတက်အကျမရှိဘဲ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး (CBDC) အဖြစ် မြန်မာငွေတစ်ကျပ်နဲ့ တန်ဖိုးတူရှိနေမယ်လို့ ဆိုထားပါတယ်။

DMMK ကို NUG Pay မိုဘိုင်းပိုက်ဆံအိတ်နဲ့ အသုံးပြုနိုင်သလို လုံခြုံတဲ့ ငွေပေးချေမှု၊ ခေတ်မီဘဏ္ဍာရေး ဝန်ဆောင်မှုတွေ ရနိုင်မယ်လို့ ဖော်ပြထားပါတယ်။စစ်ကောင်စီရဲ့ ဘဏ္ဍာရေးယန္တရားအောက်ကနေ ကင်းလွ တ်တယ်လို့ ကြေညာထားတဲ့ NUG Pay၊ DMMK တို့ကိုတော့ ဘယ်နေ့မှာစပြီး သုံးစွဲလို့ရမလဲဆိုတာတော့ ဖော်ပြထားတာ မတွေ့ရသေးပါဘူး။

ဗဟိုဘဏ်ကတော့ ခွင့်ပြုချက်မရှိတဲ့ မိုဘိုင်း ငွေကြေးဝန်ဆောင်မှုတွေကို အရေးယူမယ်လို့ ပြီးခဲ့တဲ့ ဇွန် လ ၁၀ ရက်နေ့က သတိပေးစာထုတ်ပြန်ခဲ့သလို ဒါဟာ ဆန့်ကျင်ဘက်အဖွဲ့အစည်းက လုပ်ဆောင်နေတဲ့ NUG Pay ကို ရည်ညွှန်းတာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ငွေကြေးစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်း က RFA ကို ဖြေခဲ့ဖူးပါတယ်။

စစ်ကောင်စီက အရေးယူမယ်ဆိုပြီး ကြေညာထားတဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ပုဒ်မ- ၁၇၂ အရဆိုရင် ထောင် နှစ်နှစ်နဲ့ ငွေကျပ် သန်း ၁၀၀ အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။ဒါပေမဲ့လည်း NUG Pay နဲ့ပတ်သက်ပြီး ဒီလိုအရေးယူဖို့ ထင်သလောက်လွယ်ကူမှာမဟုတ်ဘူးလို့ ပြည် တွင်းပုဂ္ဂလိကဘဏ်တစ်ခုက အမည်မဖော်လိုတဲ့ အဆင့်မြင့် အရာရှိတစ်ယောက်က ပြောပါတယ်။

NUG Pay ရဲ့ စာတင်မယ့်ရက်ကို မကြေညာထားရသေးပေမဲ့ Android OS ဖုန်းတွေမှာ စတင်အသုံးပြု နိုင်မှာဖြစ်ပြီး အဲဒီနောက် IOS ဖုန်းတွေမှာလည်း အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ NUG Pay က ထုတ်ပြန်ထားပါတယ်။

Crd

ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိူင် ပါသည်

Leave a Reply

Your email address will not be published.