မိုးဗြဲ နှင့် ဖယ်ခုံ PDF တပ်များ တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနား (ရုပ်သံ)

News

ဇွန် ၂၀

ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့က မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် နဲ့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကို ပြုလုပ်ခဲ့ပြီး အခမ်းအနား ရုပ်သံမှတ်တမ်းကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်- စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ခေါင်းဆောင်တွေ၊ NUG အစိုးရ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီး တို့တက်ရောက်ခဲ့ပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဟာ ပြည်တွင်း၊ ပြည်ပက မိဘပြည်သူတွေရဲ့ အားပေးထောက်ခံ ဝန်းရံမှုကြောင့် တစ်နေ့တခြား ကျစ်လစ် တောင့်တင်းလာခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတွန်းလှန်ခဲ့သည့်ကာလဟာ အခုချိန်မှာ ၁ နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

မိဘပြည်သူတွေ အနေနဲ့ ဆက်လက်ပြီး အားတင်းထားဖို့ အထူးတိုက်တွန်းကြောင်း၊ တော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အစဉ်အမြဲ နှလုံးသွင်းပြီး မလျော့သောဇွဲ၊ လုံ့လတွေနဲ့ စစ်အာဏာရှင် စနစ်ကို ဆက်လက် တော်လှန်ရန် အင်မတန်အရေးကြီးကြောင်း၊ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဟာ ပြည်သူကို မျက်နှာမူပြီး တစ်နိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့အတူ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆထက်တိုးပြီး ခုခံ တွန်းလှန်သွားမယ်လို့ ပြောထားပါတယ်။

Video-Mobye People Defense Force

Leave a Reply

Your email address will not be published.