ပိတ်ထားတဲ့တံခါးတွေကို တွန်းဖွင့်ဖို့ဆိုတာ
လူညီဖို့လိုတယ်။
တော်လှန်ရေးကို ခဏနေပြီးတော့မယ်ထင်နေတော့
တချို့အခက်အခဲတွေရဲ့ ရိုက်ခတ်မှူကို မခံနိုင်ကြဘူး။
ကျနော်တို့ ဒီပိတ်ထားတဲ့အခန်းထဲ ရှိနေတယ်ဆိုပေမယ့်
ကျနော်တို့ နှလုံးသားနဲ့ ဦးနှောက်တံခါးတွေကိုဖွင့်ထားတယ်။
အသက်ရှုကြပ်ပေမယ့်
အဆုတ်အားကောင်းအောင်လေ့ကျင့်ထားတယ်။
အမှောင်ထဲရှိနေပေမယ့်
အလင်းပြတဲ့တရားသံကိုနားစွင့်နေတယ်။
ဒီအခန်းထဲမှာ စိတ်တူကိုယ်တူတွေ နည်းသွားပေမယ့်
ကျန်ခဲ့တဲ့အားအင်တွေစုပြီး ဒီတံခါးကိုရအောင်ဖွင့်မယ်။
တကယ်တော့
လူများဖို့ထက် အားများဖို့လိုပါတယ်။
ဒီတံခါးတွေပွင့်မှပဲ ဒီပန်းချီကားကို sign ထိုးတော့မယ်။
Credit; ဒါရိုက်တာကိုပေါက်