၁၇-၆-၂၀၂၂ ခုနှစ် သောကြာနေ့မှာ ထွက်ခဲ့တဲ့ စကစရဲ့ သုံးလပြတ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကတော့ လူမှုကွန်ယက်တွေမှာ ပွဲဆူလျက် ရှိနေဆဲပါပဲ
ပေါချောင်အောင် တက္ကသိုလ်ဝင်စာမေးပွဲလို့ ပြည်သူအများစုက ခေါ်ကြတဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသူ ကျောင်းသားဦးရေ ၃ သိန်းကျော်ရှိတယ်လို့ စကစ က ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် လာရောက်ဖြေဆိုသူ နှစ်သိန်း ရှစ်သောင်းကျော်သာ ရှိကြောင်းကို စကစရဲ့ ဝါဒဖြန့်သတင်းစာမှာ အတိအလင်း ဖော်ပြထားပါတယ်။ ဧပြီ ၂ ရက်နေ့မှာ ဖော်ပြထားချက်အရ အဲဒီနေ့မှာ ပြုလုပ်တဲ့ စာမေးပွဲကို လူပေါင်း ၂၈၁၂၄၉ ဦး ဝင်ရောက် ဖြေဆိုတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် မနေ့က ထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းမှာတော့ ဝင်ရောက် ဖြေဆိုသူ ၂၈၁၇၅၁ ဖြစ်နေပါတယ်။ ကွာခြားချက်က ၅၀၂ ဦး ဖြစ်နေပါတယ်။ သင်္ချာဖြေတုန်းကထက် အောင်စာရင်းထွက်တဲ့အချိန်မှာ ၅၀၂ ဦး ပိုများနေတာပါ။ဖြစ်သင့်တာက သင်္ချာဖြေပြီးနောက်နေ့တွေမှာ
အကြောင်းအမျိုးမျိုးကြောင့် လာရောက်မဖြေဆိုနိုင်တဲ့ သူတွေ ရှိတဲ့အတွက် ဖြေဆိုသူ ဦးရေ ပိုမိုလျော့သွားရမှာ ဖြစ်ပါတယ်။ အဲဒီလို မလျော့သွားတဲ့အပြင် ပိုတောင် တိုးလာတဲ့အတွက် စကစရဲ့ ယခုနှစ် တက္ကသို လ်ဝင်တန်းအောင်စာရင်းဟာ ဘယ်လိုမှ ယုတ္တိမရှိဘဲ စာရင်းလိမ်တခု ဖြစ်သွားခဲ့ပါပြီ။
ယခုလို စုစုပေါင်း စာရင်းအနှစ်ချုပ်မှာတောင် ဒီလို ဖြစ်နေရင် ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျောင်းတကျောင်းချင်း စတဲ့ အောက်ခြေအဆင့်ဆင့် စာရင်းတွေမှာ ဘယ်လောက်တောင် လွဲနေမလဲဆိုတာ စဉ်းစားကြည့်နိင်ပါတယ်။
စာရင်းလွဲရုံသာမက မသမာမှု၊ အဂတိမှု၊ လာဘ်စားမှုတွေ အများအပြားလည်း ရှိနေနိုင်ပါတယ်။နဂိုကတ ည်းက သင်ရိုးညွှန်းတမ်း သုံးပုံတပုံပဲ သင်လို့ မေးခွန်းအပြည့် မထုတ်ခဲ့ရတဲ့အထဲ မေးခွန်း ကြိုပေါက်ခြင်း၊ အမှတ်လိုက်ခြင်း၊ ဂုဏ်ထူးလိုက်ခြင်း စတဲ့ အဂတိကိစ္စတွေ သေချာပေါက် ရှိကို ရှိနေနိုင်ပါတယ်။
အဲဒါကြောင့် စာသင်နှစ် အစကတည်းက အိုးနင်းခွ က်နင်းနဲ့ ကကျိုးကကြောင် ဖြစ်နေတဲ့ ၂၀၂၂ ခုနှစ် စကစ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရလဒ်တွေကို အဖက်မလုပ်ခြင်း၊ ဖျက်သိမ်းပစ်လိုက်ခြင်းသာ အကောင်းဆုံးပဲ ဖြစ်ပါတော့တယ်။
Crd
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိူင် ပါသည်
၁၇-၆-၂၀၂၂ ခုနှစ် သောကြာနေ့မှာ ထွက်ခဲ့တဲ့ စကစရဲ့ သုံးလပြတ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကတော့ လူမှုကွန်ယက်တွေမှာ ပွဲဆူလျက် ရှိနေဆဲပါပဲ။